အကျဉ်းဦးစီး ဝန်ထမ်းတစ်ဦးထံမှ WY စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ - Kanbawza Tai News

Breaking

Boxed(True/False)

Thursday, November 21, 2019

အကျဉ်းဦးစီး ဝန်ထမ်းတစ်ဦးထံမှ WY စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ


ထမံသီ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့၊ ထီးခမ်းအကျဉ်းဦးစီးဌာန၊ စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးဝမ်ကျောင်းအတတ်သင်စခန်းတွင် နိုဝင်ဘာလ ၁၉ ရက် နေ့လယ်ပိုင်းက အကျဉ်းဦးစီး ဝန်ထမ်းတစ်ဦးထံမှ WY စာတမ်းပါစိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.
ရဲဘက်လုပ်အားရှင်များကို လုပ်ငန်းစေခိုင်းရန် တာဝန်ကျဝန်ထမ်းများအား အကျဉ်းထောင်အတွင်း ဝင်ရောက်ခွင့်ပြုစဉ် အကျဉ်းထောင်ဝန်ထမ်း တပ်သားခိုင်ဖြိုးဇော်ထံမှ WY စာတမ်းပါပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၃၅ ပြားအား ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။
.
ထိုသို့အကျဉ်းထောင်အတွင်း မူးယစ်ဆေးဝါးများအား ရောင်းချရန် လက်ဝယ်ထားရှိသူ ခိုင်ဖြိုးဇော် ကို ရပ်စောက်မြို့မရဲစခန်းမှ မယ(ပ) ၆၅/၂၀၁၉၊ မူး/စိတ်ပုဒ်မ-၁၉(က)ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)