ပင်လောင်းနှင့် ဖယ်ခုံမြို့နယ်ရှိ ဘိန်းခင်းများအား ဖျက်ဆီး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Tuesday, November 26, 2019

ပင်လောင်းနှင့် ဖယ်ခုံမြို့နယ်ရှိ ဘိန်းခင်းများအား ဖျက်ဆီး


ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြိုု့နယ်နှင့် တောင်ကြီးခရိုင်၊ ဖယ်ခုံမြို့နယ် အတွင်းရှိ ဘိန်းခင်းများအား နိုဝင်ဘာလ ၂၅ ရက်က ပူးပေါင်းအဖွဲ့ဖြင့် သွားရောက်ဖျက်ဆီးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
.
Photo - CCDAC
.
မူးယစ်ဆေးဝါးတးဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (၂၆) မှ တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ဌာနဆိုင်ရာများနှင့် ကျေးရွာနေ ပြည်သူများ ပါဝင်သောအဖွဲ့သည် နိုဝင်ဘာလ ၂၅ ရက်၊ နံနက်ပိုင်းက ပင်လောင်းမြိုု့နယ်၊ ပေါ့အင်ကျေးရွာ အုပ်စု၊ ပက္ကော်ကြီးကျေးရွာ၏ တောင်ဘက်တွင် စိုက်ပျိုးထားသည့် ဘိန်းခင်း ၁၅ ဧကခန့်အားလည်းကောင်း၊ ထီပေါင်း ကျေးရွာအုပ်စု၊ ပြင်သာကျေးရွာအရှေ့မြောက်ဘက်တွင် စိုက်ပျိုးထားသည့် ဘိန်းခင်း ၃၄ ဒသမ ၅ ဧကခန့်အားလည်း ကောင်း၊ ဖယ်ခုံမြိုု့နယ်၊ ရီလုံရီကန်ကျေးရွာအုပ်စု၊ လပင်နွဲ့ကျေးရွာ အနောက်တောင်ဘက်တွင် စိုက်ပျိုးထားသည့် ဘိန်းခင်း ၁၀ ဧကခန့်အားလည်းကောင်း ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
၂၀၁၉-၂၀၂၀ ခုနှစ် ဘိန်းစိုက်ရာသီ၌ ပင်လောင်းမြို့နယ်အတွင်း အောက်တိုဘာလ ၂၉ ရက်မှ နိုဝင်ဘာလ ၂၅ ရက်နေ့အထိ ဘိန်းခင်း ၃၆၄ ဧကနှင့် ဖယ်ခုံမြို့နယ်တွင် အောက်တိုဘာလ ၂၈ ရက်နေ့မှ နိုဝင်ဘာလ ၂၅ ရက်အထိ ဘိန်းခင်း ၁၄၉ ဧက တို့အား ဖျက်ဆီးခဲ့ပြီးဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats