လမ်းဘေးဝဲယာရှိ စီးပွားဖြစ် စိုက်ပျိုးထားသော ပန်းနှမ်းခင်းများအတွင်း ခရီးသွားများ ဓါတ်ပုံရိုက်ကူးနိုင်ရန် စီစဉ်လျက်ရှိ - Kanbawza Tai News

Breaking

Boxed(True/False)

Thursday, November 21, 2019

လမ်းဘေးဝဲယာရှိ စီးပွားဖြစ် စိုက်ပျိုးထားသော ပန်းနှမ်းခင်းများအတွင်း ခရီးသွားများ ဓါတ်ပုံရိုက်ကူးနိုင်ရန် စီစဉ်လျက်ရှိ


မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတ ယနှင့် ရွာငံမြို့နယ်များတွင် စီးပွားဖြစ် စိုက် ပျိုးထားသည့် လမ်းဘေးဝဲယာရှိ ပန်းနှမ်းခင်းများအတွင်းသို့ ခရီးသွား များ ဝင်ရောက်ခြင်း၊ ဓါတ်ပုံရိုက်ကူး ခြင်း ပြုလုပ်နိုင်ရန် စီစဉ်ဆောင် ရွက်လျက်ရှိသည်ဟု သိရသည်။
.
.
ဒေသခံတွေက ခရီးသွားတွေ များများ လာစေချင်တယ်။ ပန်းခင်း တွေနဲ့တွဲပြီး ဓါတ်ပုံရိုက်ခြင်း အားဖြင့် ဒေသကို အများပြည်သူ ပိုသိစေချင် တယ်။ ကျွန်တော်တို့က ဖော်ရွေလှိုက် လှဲစွာနဲ့ ဖိတ်ခေါ်ပါတယ်။ ပျက်စီးဆုံး ရှုံးတာတွေ ရှိကြပေမယ့် အသိတရား နဲ့ပဲ ဆက်ဆံစေချင်တယ်။ ပန်းနှမ်း ခင်းတွေကို မထိခိုက်အောင် လမ်း လေးတွေ လုပ်ပေးဖို့ စိုက်ခင်းရှင်တွေ နဲ့ ညှိနှိုင်းလုပ်ဆောင်နေပါတယ်” ဟု ရွာငံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းစိုးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
စိုက်ခင်းရှင်တွေကတော့ ခြံ ဘေးကနေ ဓါတ်ပုံရိုက်ကြဖို့ ပြော ကြပါတယ်။ တားမြစ်တာတော့ မရှိပါ ဘူး” ဟု ပင်းတယမြို့ရှိ ဓနုအမျိုး သားရေးရာအဖွဲ့ချုပ်မှ ရုံးတာဝန်ခံ ဦးဝင်းထိန်က ပြောသည်။
.
လတ်တလော ပန်းနှမ်းစိုက်ပျိုး ရာသီကာလသည် ခရီးသွား ပွင့်လင်း ရာသီနှင့် တိုက်ဆိုင်နေသဖြင့် ခရီး သွားဧည့်သည်များမှ ပန်းနှမ်းခင်း များအတွင်း ဝင်ရောက်ခြင်း၊ ဓါတ်ပုံ ရိုက်ကူးခြင်း၊ ပန်းနှမ်းများကို ခူးဆွတ် ခြင်းကြောင့် စိုက်ခင်းများ ပျက်စီးဆုံး ရှုံးလျက်ရှိသဖြင့် ဒေသခံတောင်သူ များ၏စိုက်ခင်းများ မပျက်စီးစေရေး အတွက် ခရီးသွား ပြည်သူများအား မေတ္တာရပ်ခံမှုများ ပြုလုပ်လျက်ရှိ ကြောင်း သိရသည်။
.
ဓါတ်ပုံရိုက်တာကတော့ သူ တို့အတွက် လှချင်လို့ ရိုက်တာတော့ ဟုတ်ပါတယ်။ ရှုခင်းတွေလည်း လှ တော့ရိုက်ချင်ကြမှာပါ။ ဒါပေမဲ့အ ပြင်ကနေပဲ ရိုက်စေချင်တယ်။ ဘာ ဖြစ်လို့လဲဆိုတော့ ပန်းနှမ်းပွင့်တွေ က ပျက်သွားပြီ ဆိုရင် တောင်သူတွေ အတွက် နစ်နာတယ်။ နှစ်ဦးနှစ်ဘက် လုံးအတွက် ကြည့်ပေးရမှာပေါ့ သူ တို့က လေ့လာရေး ခရီးလာတာပဲဆို ပြီး ခဏတဖြုတ် ဝင်ရိုက်သွားတာက နည်းနည်းဆိုပေမဲ့ အဖွဲ့ပေါင်း များ လာတဲ့အခါ တစ်ဧကစာလည်း ပျက် သွားနိုင်တာပဲလေ”ဟု ပင်းတယမြို့ နယ်အတွင်းမှ ပန်းနှမ်းစိုက်ခင်းပိုင် ရှင် တောင်သူတစ်ဦးက ပြောသည်။
.
ရွာငံ၊ ပင်းတယ၊ ကလော ဒေ သများတွင် ခရီးသွားများက ပန်းနှမ်း၊ မုန်ညှင်းစသည့် လမ်းဘေးစိုက်ခင်း များအတွင်း ဓါတ်ပုံဝင်ရိုက်ခြင်း၊ စိုက် ခင်းများအတွင်း ရေသန့်ဘူးခွံနှင့် စွန့်ပစ် အမှိုက်များ စည်းကမ်းမဲ့ စွန့် ပစ်ခြင်းများကြောင့် အပင်များ ပျက် စီးခြင်း၊ သီးနှံအထွက် လျော့ခြင်းများ ကို ၂၀၁၅ ခုနှစ်ကတည်းက ကြုံတွေ့ နေရခြင်း ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)