ရှမ်းလွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကျင်းပမည် - Kanbawza Tai News

Breaking

Boxed(True/False)

Saturday, November 30, 2019

ရှမ်းလွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကျင်းပမည်


စိုင်းရာဇာ
.
ဒုတိယအကြိမ် ရှမ်းပြည်နယ် လွှတ်တော်၊ (၁၇) ကြိမ်မြောက် ပုံမှန် အစည်းအဝေးကို လာမည့် ဒီဇင် ဘာလ ၁၆ ရက်တွင် စတင်ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။
.
.
ဒီဇင်ဘာ ၁၆ ရက်နေ့ လုပ် မယ်။ အစည်းအဝေးကတော့ အ နည်းဆုံး ၄ ရက်လောက် လုပ်မယ်။ ဥပဒေ ၄ ခု တင်ပြမယ်။  လွှတ် တော်ရဲ့ အစီရင်ခံစာအတိုင်း လုပ် မယ်။ တရားသူကြီးချုပ်ရဲ့ အစီရင်ခံ စာတို့၊ အစိုးရအဖွဲ့ကလည်း လွှတ် တော်ကို တင်သွင်းမယ့် အစီရင် ခံစာတွေရှိရင် တင်သွင်းဖို့၊ ဥပဒေ ကြမ်း ကော်မတီတွေကလည်း  ဥပ ဒေ တင်သွင်းတာတို့ အဲဒီအတွက် ရည် ရွယ်ပြီး လုပ်တာပါ။ ကျန်တဲ့ အမေး အဖြေတွေ၊ အဆိုတွေကတော့ လွှတ်တော်ရဲ့ ထုံးစံအတိုင်းပဲ ဝန် ကြီး တွေက ဖြေပါမယ်ဟု ရှမ်း ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးစဝ်အောင်မြတ်က ကမ္ဘောဇတိုင်း သို့ပြောသည်။
.
ဒုတိယအကြိမ် ရှမ်းပြည်နယ် လွှတ်တော် (၁၆) ကြိမ်မြောက် ပုံ မှန်အစည်းအဝေးကို ပြီးခဲ့သည့် စက်တင်ဘာ လ ၁၇ ရက်မှ ၂၄ ရက်ထိ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ယင်း အစည်းအဝေးတွင်  ပြည်နယ်လွှတ် တော် ကိုယ်စားလှယ် ၂၈ ဦးမှ ကြယ်ပွင့်ပြ မေးခွန်း ၅၉ ခု အား မေးမြန်းခဲ့ခြင်းနှင့် အဆို ၂ ခုအား အ တည်ပြုမှတ်တမ်းတင်ခဲ့နိုင်ပြီး ဥပ ဒေ(မူကြမ်း) ၃ ခုအား အတည်ပြု ခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
.
ယင်းကဲ့သို့ လွှတ်တော်အစည်း အဝေး ကျင်းပမည့် အစီအစဉ်နှင့်  ပတ်သက်၍ ပင်းတယမြို့နယ် မဲ ဆန္ဒနယ် အမှတ် (၂)မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ (ခ) ဦးညီလေးချမ်းကလည်း မေး ခွန်းမေးဖို့တော့ ရှိပါတယ်။ လော လောဆယ် ပြောဖို့တော့ စောသေး ပါတယ်ဟု ကမ္ဘောဇတိုင်းသို့ပြော သည်။
.
ဒုတိယအကြိမ် ရှမ်းပြည်နယ် လွှတ်တော် သက်တမ်းအတွင်း ပုံမှန်အစည်းအဝေး ၁၆ ကြိမ်၊ အ ရေးပေါ် အစည်းအဝေး ၄ ကြိမ်နှင့် အထူးအစည်းအဝေး ၁ ကြိမ် စုစုပေါင်း လွှတ်တော် အစည်းအဝေး ၂၁ ကြိမ် ကျင်းပ ပြုလုပ်ခဲ့ပြီး ဖြစ် ကာ အဆို ၅၆ ခု ဆွေးနွေး နိုင်ခဲ့ ပြီး ကြယ်ပွင့်ပြမေးခွန်း ၈၈၂ ခု မေး မြန်းခြင်း၊ ဖြေကြားခြင်းများ ဆောင် ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
.
ဒုတိယအကြိမ် ရှမ်းပြည်နယ် လွှတ်တော်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ် စားလှယ် ၃၁ ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုက ရေစီအဖွဲ့ချုပ်မှ လွှတ်တော် ကိုယ် စားလှယ် ၂၇ ဦး၊ အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ်မှ လွှတ်တော် ကိုယ်စားလှယ် ၂၄ ဦး၊ တအာင်း (ပလောင်) အမျိုးသားပါတီမှ လွှတ် တော်ကိုယ်စားလှယ် ၇ ဦး၊ ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်မှ လွှတ်တော် ကိုယ်စားလှယ် ၆ ဦး၊ လားဟူအမျိုး သားဖွံ့ဖြိုးတိုးတက်ရေး ပါတီနှင့်   ဒီမိုကရက်တစ်ပါတီတို့မှ လွှတ်တော်ကိုယ်စားလှယ် ၂ ဦး စီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက် တစ်ပါတီ။ ကိုးကန့်ဒီမိုကရေစီ နှင့် ညီညွတ်ရေးပါတီ၊ အမျိုးသား စည်း လုံးညီညွတ်ရေးပါတီ၊ အာခါ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါ တီ၊ လီဆူအမျိုးသား ဖွံ့ဖြိုးတိုး တက် ရေးပါတီတို့မှ လွှတ်တော် ကိုယ် စားလှယ် ၁ ဦးစီ၊ တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ် ၁ ဦး၊ တပ်မတော်သား လွှတ်တော်ကိုယ် စားလှယ် ၃၆ ဦး၊ စုစုပေါင်း လွှတ် တော်ကိုယ်စားလှယ် ၁၄၀ ဦးဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)