ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်တွင် NRPC နှင့် KNU တို့ တွေ့ဆုံဆွေးနွေး - Kanbawza Tai News

Breaking

Boxed(True/False)

Saturday, November 23, 2019

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်တွင် NRPC နှင့် KNU တို့ တွေ့ဆုံဆွေးနွေး


မင်းဇော်မင်း
.
ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့ရှိ Kham Mon Lanna ဟိုတယ်တွင် နိုဝင်ဘာလ ၂၀ ရက်၊ နံနက်ပိုင်းက အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နှင့် KNU တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
.
.
အခု တရားဝင်ဆွေးနွေးပွဲတွေ ပြန်စနိုင်ဖို့ ညှိနေကြတာဖြစ်ပါတယ်။ ဒီတစ်ခေါက် ချင်းမိုင်လာတာ တွေ့ဆုံပွဲ ၃ ခုရှိပါ တယ်။ RCSSNCAs-EAO ၁၀ ဖွဲ့ ကိုယ်စားလှယ်၊ KNU တို့ဖြစ်ပါတယ်။ အားလုံးက JICM အစည်းအဝေးခေါ်ဖို့ သဘော တူတယ်။ ဆက်လက်ပြီး NCA ပြဋ္ဌာန်းချက်အတိုင်း အဆင့်ဆင့်သွားပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ၂၀၂၀ အတွင်းမှာ ကျင်းပဖို့ သဘောတူပါတယ်။ ရက်ကိုတော့ နှစ်ဘက်ညှိရပါမယ်။ JICM အစည်းအဝေး စတာဟာ တရားဝင် အစည်းအဝေးတွေ ပြန်စတယ်လို့လည်း ပြောလို့ရပါတယ်” ဟု NRPC အဖွဲ့ဝင် ဦးလှမောင်ရွှေက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အစိုးရကိုယ်စားလှယ်အဖွဲ့တွင် ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) ဦးခင်ဇော်ဦးဆောင်ပြီး ဦးလှမောင်ရွှေ၊ ဦးဇော်ဌေး၊ ဦးမိုးဇော်ဦး၊ ဦးကျော်လင်းဦးတို့ တက်ရောက်ခဲ့ပြီး KNU ကိုယ်စားလှယ်အဖွဲ့တွင် အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူး၊ ပဒိုစောတူးတူးလေး၊ ပဒိုစောဆဲလ်ဂေ၊ ပဒိုစောတာနီး၊ ပဒိုစောတာမူလာ၊ နော်မေဦးနှင့် ရုံးအဖွဲ့ အချို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
.
KNU အနေဖြင့် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၈ ရက်က နေပြည်တော် ၁၀+၁၀ အစည်းအဝေးပြီးသည့်နောက် နိုဝင်ဘာ ၁၁ ရက်တွင် ကြေညာချက်ထုတ်ပြန်ပြီး တရားဝင်ဆွေးနွေးပွဲများ ရပ်ဆိုင်းခဲ့ကာ ယခုအခါ တရားဝင်ဆွေးနွေးပွဲများ ပြန်လည်ပြုလုပ်နိုင်ရန် တွေ့ဆုံဆွေးနွေးကြခြင်းဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)