နမ့်ဆန်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်များအတွက် ရိက္ခာနှင့် စောင်များ လိုအပ်နေ - Kanbawza Tai News

Breaking

Boxed(True/False)

Thursday, November 28, 2019

နမ့်ဆန်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်များအတွက် ရိက္ခာနှင့် စောင်များ လိုအပ်နေ


စိုင်းသိင်္ခသူ
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်အတွင်းရှိ ကျောက် ဖြူ ကျေးရွာတွင် တိုက်ပွဲရှောင် လူဦး ရေ ၆၅၀ ကျော် ရောက်ရှိနေပြီ; ရိက္ခာ နှင့် စောင်များ လိုအပ်နေသည်ဟု ကျောက်မဲမြို့၊ ဇီဝိတဒါန လူမှုကူညီ ရေးအသင်းမှ သိရသည်။
.
.
ကျောက်ဖြူလေး ကျေးရွာကို ရောက်နေတဲ့ တိုက်ပွဲရှောင်တွေအ တွက် တတ်နိုင်သမျှ ကျွေးမွေးထား တယ်ဆိုပေမယ့် ရက်ကြာကြာ မ တတ်နိုင်ကြဘူး။ ဒီနေ့တော့ အိုမ်တ မောဝ်အဖွဲ့က စောင်နဲ့ ဖျာ၊ ခြင် ထောင်တွေ သွားပို့နိုင်ပေမယ့် ရိက္ခာ တွေ အထူးလိုအပ်နေပါတယ်။ အလှူ ရှင်တွေလည်း များများနဲ့မြန်မြန် လှူ ပေးဖို့ အကူအညီ တောင်းခံအပ်ပါ တယ်။ သူတို့လည်း ကျောက်မဲ အ ထိ ဆင်းမလာနိုင်တာဖြစ်လို့ သွား ရောက်ပံ့ပိုးရမှာ ဖြစ်ပါတယ်ဟု ဇီဝိတဒါန လူမှုကူညီရေးအသင်း ဥက္ကဋ္ဌဦးတင်မောင်သိန်းက ကမ္ဘောဇ တိုင်းသို့ ပြောသည်။
.
ကျောက်မဲမြို့နယ်အတွင်းရှိ ကွန်ကော်၊ တော့ဖယ်၊ အုံအွီးကျေးရွာ များမှ တိုက်ပွဲရှောင်ဦးရေ ၂၀၀ ကျော် သည်လည်း ကျောက်မဲမြို့အနီး ခုန် ငင်းကျေးရွာသို့ ရောက်ရှိပြီး မလာ ရောက်နိုင်သလို နားလေးရွာမှ မန် ခေါက်သို့ စစ်ရှောင်လာသည့် ၉၅ ဦး မှာလည်း ရိက္ခာနည်းပါးကာ အဆို ပါရွာတွင် သောင်တင်နေပြီးကျောက် မဲမြို့သို့ ဆက်လက်လာ ရောက်နိုင် စွမ်းမရှိသဖြင့် ရိက္ခာပို့ဆောင်ရေး ခက်ခဲနေကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
.
တိုက်ပွဲငြိမ်သွားတဲ့အချိန် ရွာ ကိုရောက်ပြီး ပါလာတဲ့ပစ္စည်းတွေ ပေးအပ်ခဲ့တဲ့အပြင် သူတို့စိတ်ပြေ လက်ပျောက်ဖြစ်အောင်လို့ သီချင်း ၅ ပုဒ်လောက် ဆိုခဲ့ကြပါသေးတယ်။ နောက်ထပ်သွားဖို့လည်း စီစဉ်နေပါ တယ်လို့အား ပေးခဲ့ပါတယ်ဟု အိုမ် တမောဝ်အသင်းမှ ကိုစမိုင်းက ပြော သည်။
.
ကျောက်ဖြူလေး ကျေးရွာနှင့် ကိုင်တိုင်ကျေးရွာဘက်တွင် နိုဝင်ဘာ  လ ၂၁ ရက်၊ နံနက်ပိုင်းကတိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် ကျောက်မဲအ ခြေစိုက်အိုမ်တမောဝ်လူမှုကူညီရေး အသင်းမှ အဆိုပါ ရွာများတွင် ရောက် ရှိနေသည့် တိုက်ပွဲရှောင်များအား UNHCR မှ လှူဒါန်းသည့် ပလတ်စ တစ်ဖျာ အချပ် ၁၀၀၊ စောင် ၁၀၀ နှင့် ခြင်ထောင် ၁၀၀၊ စုစုပေါင်းတန် ဖိုး ကျပ်သိန်း ၂၀ ခန့်နှင့် ဆန် ၂၆ အိတ်၊ ဆီ ၄ ပုံးတို့ကို သွားရောက်ပေးအပ် ခဲ့ကြောင်း သိရသည်။
.
ကျောက်ဖြူလေး ကျေးရွာသို့ ရောက်ရှိနေသည့် တိုက်ပွဲရှောင်များ မှာ အာပြောင်ကျေးရွာမှ အိမ်ထောင် စု ၉၆ စု၊ ကျား ၁၂၄ ဦး၊ မ ၁၇၂ ဦး၊ ကိုင်တိုင်ကျေးရွာမှ အိမ်ထောင်စု ၉၈ စု၊ ကျား ၁၁၇ ဦး၊ မ ၂၄၄ ဦး၊ စု စုပေါင်း အိမ်ထောင်စု ၁၆၄ စု၊ လူ ဦးရေ ကျား ၂၄၁ ဦး၊ မ ၄၁၆ ဦး၊ စု စုပေါင်း ၆၅၇ ဦး ဖြစ်ကြောင်း သိရ သည်။
.
အဆိုပါ နယ်မြေများတွင် TNLA နှင့် တပ်မတော်တို့ တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)