မိုင်းယောင်းရှိ ရွှေစည်းခုံပုံတူ ဝိဇယာရာမစေတီတော်မြတ်ကြီး ရွှေထီးတော်တင်လှူပွဲ ကျင်းပမည် - Kanbawza Tai News

Breaking

Boxed(True/False)

Monday, November 25, 2019

မိုင်းယောင်းရှိ ရွှေစည်းခုံပုံတူ ဝိဇယာရာမစေတီတော်မြတ်ကြီး ရွှေထီးတော်တင်လှူပွဲ ကျင်းပမည်


စိုင်းအောင်ဇော်လင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ထေရဝါဒဗုဒ္ဓသာသနာပြု (ဗဟို) ကျောင်းအတွင်း တည်ထားကိုးကွယ်လျက်ရှိသော ရွှေစည်းခုံပုံတူ ဝိဇယာရာမစေတီတော်မြတ်ကြီး၏ ရွှေထီးတော်တင်လှူပွဲကို ဒီဇင်ဘာလ ၂၇ ရက်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
.
.
အဆိုပါ စေတီတော်ကြီးတွင် တင်လှူပူဇော်မည့် ရွှေထီးတော်၊ စိန်ဖူးတော်၊ ရွှေငှက်မြတ်နားတော်များအား နိုဝင်ဘာလ ၂၄ ရက်က မိုင်းယောင်းမြို့သို့ ပင့်ဆောင်ပူဇော်ခဲ့ကြကြောင်း သိရသည်။
.
ထိုသို့ ပင့်ဆောင်ပူဇော်လာစဉ် ဒေသခံတိုင်းရင်းသားပြည်သူများနှင့်အတူ မြို့မိမြို့ဖများ၊  ရွှေထီးတော်တင်လှူပွဲ ဖြစ်မြောက်ရေးကော်မတီနာယက နည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ကျော်ဇင်အေး၊ ဦးစီးကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းတို့က ကြိုဆို၍ ကြည်ညိုသဒ္ဒါပွားခဲ့ကြပြီး မြို့တွင်းသို့ လှည့်လည်ပူဇော်ခံခဲ့ကြောင်း သိရသည်။
.
ရွှေစည်းခုံပုံတူ ဝိဇယာရာမစေတီတော်မြတ်ကြီး၏ ရွှေထီးတော်တင်လှူပွဲကို ဖြစ်သော ဒီဇင်ဘာလ ၂၇ ရက်တွင် နိဗ္ဗာန်ဈေး၊ ဖျော်ဖြေရေး၊ စတုဒိသာများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)