မိုင်းယောင်းတွင် လူငယ်တစ်ဦး ကြိုးဆွဲချသေဆုံး - Kanbawza Tai News

Breaking

Tuesday, November 19, 2019

မိုင်းယောင်းတွင် လူငယ်တစ်ဦး ကြိုးဆွဲချသေဆုံး


စိုင်းအောင်ဇော်လင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် နိုဝင်ဘာလ ၁၈ ရက်က လူငယ်တစ်ဦး ကြိုးဆွဲချ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
 
.
မိုင်းယောင်းမြို့၊ ဝမ်ကောင်းအုပ်စု၊ ဝမ်ကောင်းကျေးရွာနေ အိုက်မုန့်(၂၄ နှစ်)သည် ၎င်း၏နေအိမ် မီးဖိုဆောင် ထုတ်တန်းတွင် ပေ ၂၀ အရှည်ရှိ အစိမ်းရောင်နိုင်လွန်ကြိုးဖြင့် ကြိုးဆွဲချသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
သေဆုံးသူသည် လွန်ခဲ့သော ၄ လခန့်က လယ်ထွန်ရင်း ဝဲဘက်ဒူးခေါင်းဒဏ်ရာ ရရှိရာမှ အိမ်ပြင်သို့မထွက်ဘဲ နေအိမ်၌ တစ်ယောက်တည်းနေ၍ အလုပ် မလုပ်နိုင်သဖြင့် စိတ်ဖိစီးမှုများပြီး ကြိုးဆွဲချသေဆုံးခြင်းဖြစ်ကြောင်း သိရသည်။
.
သို့ဖြစ်၍ ၎င်းသေဆုံးမှုနှင့် ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် စစ်ဆေးနိုင်ရန် မိုင်းယောင်း မြို့မရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ်(၁/၂၀၁၉)ဖြင့် ဖွင့်လှစ်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats