မိုင်းတုံဆေးရုံသို့ ဝှေးစေ့များ ထုတ်ခံထားရသည့် အမျိုးသားတစ်ဦး ရောက်ရှိလာ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Friday, November 15, 2019

မိုင်းတုံဆေးရုံသို့ ဝှေးစေ့များ ထုတ်ခံထားရသည့် အမျိုးသားတစ်ဦး ရောက်ရှိလာ

မင်းဇော်မင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ် ပြည်သူ့ဆေးရုံသို့ နိုဝင်ဘာလ ၁၃ ရက်၊ ညပိုင်းက ဝှေးစေ့များ ထုတ်ခံထားရပြီး လည်ပင်းပြတ်ရှဒဏ်ရာများ ရရှိထားသည့် အမျိုးသားတစ်ဦး ရောက်ရှိလာပြီး ဆေးကုသမှု ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
.
.
သူ့ကိုလာပို့တဲ့သူကလည်း လမ်းမှာတွေ့လို့ သယ်လာတာလို့ ပြောတယ်။ ပြီးတော့ မရှိတော့ဘူး။ တွေ့စက လည်ပင်းလှီးခံထားရတဲ့ ဒဏ်ရာပဲလို့ထင်တာ။ ခွဲခန်းထဲဝင်မှ ဝှေးစေ့တွေ ထုတ်ခံထားရတာ တွေ့ရတယ်။ သူကတော့ ဝါးရုံပင်ပေါ်ကျလို့ ဝါးကြောရှတယ်လို့ပဲ ပြောတယ်။ ရဲစခန်းကို အကြောင်းကြားထားပါတယ်” ဟု မိုင်းတုံမြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာသက်ခိုင်မင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်းလူနာမှာ မိုင်းတုံမြို့နယ်၊ ဖာချယ်ကျေးရွာနေ စိုင်းခေးလိန် (၄၃ နှစ်) ဆိုသူဖြစ်ပြီး နိုဝင်ဘာလ ၁၂ ရက်က ဖာချယ်ကျေးရွာ၊ မယ်လွဲကျွဲခြံလေးအိပ်စုတွင် မှိုရှာထွက်ရာမှ ဝါးရုံပေါ်သို့ ပြုတ်ကျကာ ထိခိုက်မိခြင်းဖြစ်သည်ဟု ၎င်းမှ ပြောကြားခဲ့ကြောင်း သိရသည်။
.
အဆိုပါကိစ္စနှင့်ပတ်သက်၍ မိုင်းတုံမြို့မရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ လူနာမှာ ခွဲစိတ်ဒဏ်ရာများကြောင့် စကား မပြောနိုင်သေးသဖြင့် ဖြစ်စဉ်ကို မေးမြန်းရယူကာ အမှုဖွင့်စုံစမ်းနိုင်ရေး ဆောင်ရွက်သွားရန်ရှိသည်ဟု ပြန်လည်ဖြေကြားခဲ့သည်။
.

No comments:

Post a Comment

Journal Download

Photo of three cats