မိုင်းဆတ်မြို့တွင်း ဝိန်းနေ-ဝိန်းကောင် ကားလမ်းအား အမြန်ဆုံး ပြုပြင်ပေးရန် ဒေသခံများ လိုလားနေ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Friday, November 8, 2019

မိုင်းဆတ်မြို့တွင်း ဝိန်းနေ-ဝိန်းကောင် ကားလမ်းအား အမြန်ဆုံး ပြုပြင်ပေးရန် ဒေသခံများ လိုလားနေ


မင်းဇော်မင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်း ဆတ်မြို့တွင်းရှိ ခရီးသွားပြည်သူ အများဆုံး အသုံးပြုသွားလာနေသည့် ဝိန်းနေ- ဝိန်းကောင် ကားလမ်းမှာ ဆိုးရွားစွာ ပျက်စီးနေသဖြင့် အမြန် ဆုံး ပြုပြင်ပေးရန် ဒေသခံများမှ လို လားလျက်ရှိကြောင်း သိရသည်။
.
.
အဆိုပါကားလမ်းမှာ မိုင်းဆတ်-မိုင်းခုတ်-ကျိုင်းတုံလမ်းမနှင့် မိုင်း ဆတ်-မိုင်းပျဉ်းလမ်းမတို့ကို ချိတ် ဆက်ထားသည့် လမ်းဖြစ်ပြီး မြို့နယ် စည်ပင်သာယာ နယ်နိမိတ်အတွင်း ကျရောက်နေသောလမ်း ဖြစ်သည် ဟု သိရသည်။
.
ဒီလမ်းက ကားတွေ အများဆုံး သွားနေကြတဲ့ လမ်းဖြစ်ပေမဲ့ စည် ပင်သာယာမှာ ငွေလုံလောက်မှု မရှိ လို့ ပြည်နယ်ကို တင်ပြထားတယ် လို့သိရတယ်။ ဒါပေမဲ့ အခုဘတ်ဂျက် မှာမပါဘူးလို့သိရတော့ ဒီထက်ပိုပြီး ပျက်စီး ရတော့မယ်။ ကားတွေလည်း မောင်းရခက်၊ ဆိုင်ကယ်တွေတောင် သွားရခက်ဖြစ်လာနေပြီ"ဟု အဆို ပါလမ်းတွင် သွားလာနေရသည့် ဒေ သခံ ဦးနန်တိက ပြောသည်။
.
အဆိုပါလမ်းမှာ ကျိုင်းတုံသို့ တိုက်ရိုက်ရောက်ရှိသည်ဖြစ်၍ ခရီး သွား များပြားသလို မိုင်းဖုန်းဆရာ တော်ဘုရား တရားကျင့်ရာ မိုင်း ကျက်ဂူသို့ သွားရောက်နိုင်သည့် လမ်းဖြစ်သည့်အတွက် ခရီးသွား အ များပြည်သူများနှင့် ရပ်ကွက်သူ/ ရပ် ကွက်သား၊ ဒေသခံများ အဆင်ပြေ စွာ သွားလာနိုင်ရေးအတွက် အမြန် ဆုံး ပြုပြင်ပေးစေလိုကြောင်း ဒေသ ခံများမှ ပြောဆိုလျက်ရှိသည်။
.
ယင်းလမ်းကို ပြင်ဆင်ပေးနိုင် ရေးအတွက် ၂၀၁၉ ခုနှစ်၊ ဖေဖော် ဝါရီလ ၆ ရက်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည် မိုင်းဆတ်မြို့သို့ လာရောက် စဉ် တင်ပြခဲ့သော်လည်း ပြည်နယ် အစိုးရ အထောက်အပံ့ ရရှိရေးအ တွက် တင်ပြထားသည်ဟုသာ သိခဲ့ \ရပြီး ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်တွင် ရန်ပုံငွေ ပါဝင်လာခြင်းမရှိ သဖြင့် ပြင်ဆင်နိုင်မှုမရှိကြောင်း သိ ရသည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မိုင်းဆတ်မြို့နယ် စည်ပင်သာယာ ရေးကော်မတီဥက္ကဌ ဦးစိုင်းကျော် အောင်က “တတ်စွမ်းသမျှတော့ ဆောင်ရွက်ပေးနေပါ တယ်။ ဒါပေမဲ့ ကုန်ကျစရိတ် များလွန်းတော့ မြို့ နယ်အနေနဲ့ မတတ်နိုင်တာဖြစ်လို့ ပြည်နယ်အထောက်အပံ့ ရရှိမှသာ ဒီလမ်းကောင်းနိုင်မှာပါ” ဟု ပြောဆို ခဲ့သည်။
.
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ ပြည်နယ်စည် ပင်သာယာရေး ကော် တီက ကတ္တရာနဲ့ စက်သုံး ဆီ ထောက်ပံ့ပေးပြီး စည်ပင်သာ ယာရေးကော်မတီ ဥက္ကဌနဲ့ အလှူရှင် တွေ စုပေါင်းပြီး လမ်းပေါက် ဖာခဲ့တာ ၅၆ သိန်း ကျော် ကုန်ကျခဲ့ပါတယ်။ လမ်းတွေ ဆက် ပျက်စီးနေတာကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်ကပြုလုပ်တဲ့ ပြည်နယ် စည်ပင် သာယာရေးကော်မတီ အစည်းအ ဝေးမှာလည်း ထောက်ပံ့ပေးဖို့တင်ပြ ခဲ့ပါတယ်။ မြို့နယ်စည်ပင် ရန်ပုံငွေ နဲ့ ဒီလမ်းပြင်ဖို့ မလုံလောက်တာ ဖြစ်လို့ ပြည်နယ်အထောက်အပံ့ မ ရရင်ပြင်ဖို့ ခက်ခဲနေပါတယ်” ဟု မိုင်းဆတ်မြို့နယ် စည်ပင်သာယာ ရေးဌာနမှ အမှုဆောင်အရာရှိ ဦး ကျော်နိုင်က ကမ္ဘောဇတိုင်းသို့  ပြော သည်။
.
အဆိုပါ လမ်းမှာ ၂၀၁၀-၁၁ ဘဏ္ဍာနှစ်က ကတ္တရာလမ်းအဖြစ် ဆောင်ရွက်ခဲ့ပြီး အရှည် ၃၂၀၀ ပေ ရှိကာ ပြန်ပြင်ရမည်ဆိုပါက ယခင် တွက်ချက်မှုအရ ကျပ်ငွေ သိန်း ၇၄၀ တင်ပြခဲ့သော်လည်း ယခု ၁၈ ပေ အကျယ် ပြုပြင်ရမည် ဆိုပါက ကျပ် သိန်း ၁၀၄၆ ခန့် ကုန်ကျနိုင် ကြောင်း သိရသည်။
.
ယင်း မိုင်းဆတ်မြို့၊ ဝိန်းနေ-ဝိန်းကောင်လမ်း ပြန်လည်ပြုပြင်ရေး အတွက် ရှမ်းပြည်နယ်အစိုး ရအဖွဲ့ ၏ ထောက်ပံ့မှုရရှိရန် ပြည်နယ်လွှတ် တော် ကိုယ်စားလှယ် ဦးဒါဝိဒ်မှ လွှတ်တော်တွင် မေးခွန်းမေးမြန်း တင်ပြ သွားရန် ရှိနေသည်ဟု သိရ သည်။
.

No comments:

Post a Comment

Journal Download

Photo of three cats