တောင်ကြီး၌ ခါးပိုက်နှိုက် အမျိုးသမီး ၃ ဦး ဖမ်းမိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Sunday, November 10, 2019

တောင်ကြီး၌ ခါးပိုက်နှိုက် အမျိုးသမီး ၃ ဦး ဖမ်းမိ


ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ခါးပိုက်နှိုက် အမျိုးသမီး ၃ ဦးကို ယနေ့ (နိုဝင်ဘာလ ၁၀ ရက်) နံနက်ပိုင်းက ရဲတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးရမိခဲ့ခြင်း သိရသည်။
.
ခါးပိုက်နှိုက် မိတာ ၃ ယောက်ပါ၊ အမျိုးသမီးတွေချည်းပါပဲ။ သက်သေခံ ပစ္စည်းတွေနဲဲ့ ဖမ်းမိတာပါ၊ အမှုဖွင့် အရေးယူ ထားပါတယ်။ဟု ရဲအရာရှိ တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ရှမ်းပြည်နယ်ရဲတပ်ဖွဲ့၊ ပြည်နယ်ရဲအကူတပ်ဖွဲ့ခွဲ၊ မှုခင်းအကူအဖွဲ့နှင့် တောင်ကြီးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ရက်အတွင်း ခိုးဆိုးလုနှိုက်များ မဖြစ်စေရေး လှည့်ကင်း ဆောင်ရွက်နေစဉ် နံနက် ၁၁ နာရီခွဲခန့်၌ တောင်ကြီးမြို့မစျေးအတွင်း လှည့်ကင်း ဆောင်ရွက်စဉ်  ခါးပိုက်နှိုက် အမျိုးသမီး ၃ ဦးကို ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.

အဆိုပါ ခါးပိုက်နှိုက် အမျိုးသမီး ၃ ဦးမှာ ညောင်ရွှေမြို့နေ မမိုး၊ အောင်လံမြို့နယ်နေ မပြည့်ပြည့်အောင်နှင့် နွားထိုးကြီးမြို့နယ်နေ မိုးမိုး တို့ ဖြစ်ကြပြီး ၄င်းတို့အား သက်သေခံ ပစ္စည်းများနှင့် အတူ ရဲတပ်ဖွဲ့ဝင်များက တောင်ကြီးမြို့ မြို့မစျေး အနီး၌ ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
.

ယင်းကဲ့သို့ အများပြည်သူထံမှ ငွေကြေးနှင့် ပစ္စည်းများ ခါးပိုက် နှိုက်ယူနေသူ အမျိုးသမီးများကို တောင်ကြီးမြို့မ ရဲစခန်းတွင် အမှုဖွင့် အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats