လားရှိုးတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး လှုပ်ရှားမှုအဖြစ် ဆိုင်ကယ်အနှေးစီးပြိုင်ပွဲ ကျင်းပမည် - Kanbawza Tai News

Breaking

Boxed(True/False)

Thursday, November 28, 2019

လားရှိုးတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး လှုပ်ရှားမှုအဖြစ် ဆိုင်ကယ်အနှေးစီးပြိုင်ပွဲ ကျင်းပမည်


ရှမ်းကြီး (LSO)
.
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှုအဖြစ် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုး မြို့တွင် နိုဝင်ဘာလ ၃၀ ရက်၌ အမျိုးသား/အမျိုးသမီး ဆိုင်ကယ်အနှေးစီးပြိုင်ပွဲနှင့် အန္တရာယ်ဖြစ်စေနိုင်သည့် မောင်းနှင်ခြင်း သရုပ်ပြပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
.
.
ပြိုင်ပွဲအား UNICEF မှ ဦးစီးကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး အထိမ်းအမှတ်အဖြစ် ၁၆ ရက်တာ လှုပ်ရှားမှုကို ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
.
“တစ်နှစ်လုံးမှာ ၁၆ ရက်တာလှုပ်ရှားမှု ဆက်တိုက်လုပ်တာမျိုး မဟုတ်ဘဲနဲ့ အထိမ်းအမှတ်ပွဲတွေမှာ လုပ်ပေးတာ ဖြစ်ပါတယ်။ ဆိုင်ကယ်အနှေးစီးပြိုင်ပွဲရယ်၊ အန္တရာယ်ဖြစ်စေနိုင်တဲ့ မောင်းနှင်ခြင်းမျိုး သရုပ်ပြ ကျင်းပပေးတာ ဖြစ်ပါတယ်” ဟု UNICEF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
.
ပြိုင်ပွဲတွင် အမျိုးသား ၅၀ ဦး၊ အမျိုးသမီး ၅၀ ဦးသာ ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ပြိုင်ပွဲဝင်ရန်အတွက် ဆိုင်ကယ် လိုင်စင်နှင့် လူလိုင်စင် ပါရှိရန် လိုအပ်ကာ စည်းကမ်းတကျ မောင်းနှင်နိုင်မည့် အင်္ဂါရပ်နှင့် ပြည့်စုံသော ဆိုင်ကယ်၊ ဘီး ၂ ဘီးသာပါသော ဆိုင်ကယ်ဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် ဆိုင်ကယ်တစ်စီးလျှင် လူတစ်ဦးသာ မောင်းနှင်ရမည်ဖြစ်ပြီး ပြိုင်ပွဲဝင်နေစဉ်အတွင်း ခြေထောက် ထောက်မိခြင်း၊ ဆိုင်ကယ်လဲကျခြင်းများ ဖြစ်ပါက ပြိုင်ပွဲမှ ထွက်ရမည်ဖြစ်ကြောင်း သိရသည်။
.
ပြိုင်ပွဲဝင်နေစဉ်အတွင်း အရက်သေစာ သောက်စားခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း မပြုရန် တားမြစ်ထားပြီး ဆုအနေဖြင့် အမျိုးသား/အမျိုးသမီး ပထမဆု ကျပ် တစ်သိန်း၊ ဒုတိယဆု ကျပ် ၇ သောင်းနှင့် တတိယဆု ကျပ် ၄ သောင်း ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)