လားရှိုး မြို့လယ်ဗလီရှေ့ လမ်းဆုံတွင် ယာဉ်မရပ်ရ ဆိုင်းဘုတ် စိုက်ထူထားသော်လည်း ယာဉ် ရပ်နားမှုများ ရှိနေ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Friday, November 8, 2019

လားရှိုး မြို့လယ်ဗလီရှေ့ လမ်းဆုံတွင် ယာဉ်မရပ်ရ ဆိုင်းဘုတ် စိုက်ထူထားသော်လည်း ယာဉ် ရပ်နားမှုများ ရှိနေ


ကောင်းမွန်
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လား ရှိုးမြို့၊ မြို့မစျေးအနီးရှိ မြို့လယ်ဗ လီလမ်းဆုံတွင် ယာဉ်မရပ်ရဆိုင်း ဘုတ် စိုက်ထူထားသော်လည်း လိုက် နာမှုမရှိဘဲ စည်းကမ်းမဲ့စွာ ယာဉ်ရပ် နားမှုများရှိနေပြီး ယာဉ်ကြောကြပ် တည်းမှုများ ဖြစ်ပေါ်နေကြောင်း ဒေ သခံများထံမှ သိရသည်။
.
.
လားရှိုးမြို့လယ် ဗလီလမ်းဆုံတွင် မြို့မစျေးအတွင်းသို့ လာရောက် သောယာဉ်များ အသွားအလာ များ ပြားပြီး ၃ ဘီးယာဉ်များနှင့် စျေးဆိုင် ခန်းများမှ ယာဉ်များ ရပ်နားထားခြင်း ကြောင့် မလိုလားအပ်သော ယာဉ် ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်နေရခြင်း ဖြစ်ကြောင်း သိရသည်။
.
၃ ဘီးသမားတွေနဲ့ ဆိုင်ခန်း သမားတွေက အဲဒီဆိုင်းဘုတ်အောက် တည့်တည့်မှာကို ရပ်ထားတယ်။ လမ်းက တစ်လမ်းသွားလည်း ဖြစ် သလို ကျဉ်းလည်းကျဉ်းတယ်။ ယာဉ် ထိန်းရဲတပ်ဖွဲ့အနေနဲ့ အဲဒီနေရာမှာ စည်းကမ်းတင်းကြပ် သင့်တယ်။ အဲ ဒီလို စည်းကမ်းမဲ့ယာဉ်ရပ်နားမှုတွေ ကြောင့် ယာဉ်ကြောပိတ်ဆို့တတ်ပါ တယ်” ဟု လားရှိုး ဒေသခံတစ်ဦးက ၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။
.
ယင်းကဲ့သို့ ယာဉ် မရပ်နားရ ဆိုင်းဘုတ် စိုက်ထူထားသည့်နေရာ အတွင်း စည်းကမ်းမဲ့ ယာဉ်ရပ်နား မှုနှင့် ပတ်သက်၍ လားရှိုးမြို့ရှိ အ မှတ် (၂၀) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူး ရုံးမှ ဒုရဲမှူးကျော်ခိုင်က “အဲဒီ ဆိုင်းဘုတ်က ကျွန်တော်တို့ ထောင်ထား တာတော့ မရှိပါဘူး။ အခုထောင်ထား တဲ့ဆိုင်းဘုတ်က သိပ်မကြာသေးတဲ့ သဘောရှိတယ်။ အဲဒီလို ဆိုင်းဘုတ် ထောင်မယ်ဆိုရင် သက်ဆိုင်ရာ အာ ဏာပိုင် အဖွဲ့အစည်းတွေက သ ဘောတူညီမှသာ ထောင်ခွင့် ရှိတာ ပါ။ အခုကိစ္စကို စိစစ်ဆောင်ရွက်သွား ပါမယ်”ဟု ကမ္ဘောဇတိုင်းသို့ ပြော သည်။
.
အဆိုပါ မြို့လယ်ဗလီလမ်းဆုံသည် ယာဉ်ကြောပိတ်ဆို့မှု မကြာခဏ ဖြစ်ပွားတတ်သည့်အတွက် တစ်လမ်းမောင်းစနစ် ကျင့်သုံးဆောင် ရွက်ထားပြီး ယခုကဲ့သို့ ယာဉ်မရပ် ရဆိုင်းဘုတ် စိုက်ထူခြင်းနှင့် စည်း ကမ်းမဲ့ ယာဉ်ရပ်နား ခြင်းတို့နှင့် ပတ် သက်၍ စုံစမ်းစစ်ဆေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats