လားရှိုးတွင် တရုတ်-မြန်မာ ကုန်စည်ပြပွဲ ကျင်းပမည် - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

COVID-19

Photo of three cats

Tuesday, November 19, 2019

လားရှိုးတွင် တရုတ်-မြန်မာ ကုန်စည်ပြပွဲ ကျင်းပမည်


ရှမ်းကြီး (LSO)
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် တရုတ်-မြန်မာ ကူးသန်းရောင်းဝယ်ရေး ကုန်စည်ပြပွဲအား ဆိုင်ခန်း ပေါင်း ၁၃၀ ကျော်ဖြင့် နိုဝင်ဘာလ ၂၁ ရက်မှ ၂၄ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
.
.
ယင်းပြပွဲအား မြန်မာ (လားရှိုး)၊ တရုတ် (လင်ချမ်း) တို့၏ ပူးပေါင်းမှုဖြင့် ကုန်သွယ်မှု ကူးသန်းရောင်းဝယ်ရေး အပြန်အလှန် အဆင်ပြေချောမွေ့စေရန် ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
.
စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက်ရယ်၊ ကုန်သွယ်မှုပမာဏ တိုးတက်စေဖို့အတွက်၊ နှစ်နိုင်ငံချစ်ကြည်ရေး တည်ဆောက်တဲ့အနေနဲ့ ကျင်းပတာဖြစ်ပါတယ်” ဟု ကုန်စည်ပြပွဲကျင်းပရေးဦးစီးကော်မတီ တွဲဘက်အတွင်းရေးမှူး ဦးဇော်မင်းသန်းက ပြောသည်။
.
ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံရှိ ပြည်တွင်းထုတ်ကုန်များ၊ ရှမ်းမြောက်ထုတ်ကုန်များအား ပြသသွားမည်ဖြစ်ပြီး တရုတ်နိုင်ငံဘက်မှ ၎င်းတို့ထုတ်ကုန်များလာရောက်ပြသခြင်းဖြင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ကုန်စည်ပြပွဲတွင် တရုတ် (လင်ချမ်း) ဘက်မှ ဆိုင်ခန်း ၈၀ နှင့် မြန်မာဘက်မှ ၅၁ ခန်း၊ စုစုပေါင်း ၁၃၁ ခန်း ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
.
ကုန်စည်ပြပွဲ ပြုလုပ်နိုင်ရေးအတွက် သတင်းမီဒီယာ တွေ့ဆုံရှင်းလင်းပွဲကို နိုဝင်ဘာလ ၁၄ ရက်၊ နံနက်ပိုင်းက လားရှိုးမြို့ရှိ ကုန်သည်စက်မှုအသင်းခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
“လားရှိုးနဲ့ လင်ချမ်းမြို့အကြား ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးနဲ့ လင်ချမ်း ဒေသခံ ကုန်သည်လုပ်ငန်းရှင်တွေ ရင်းနှီးချစ်ကြည်မှု ပိုမိုရရှိလာစေရေး၊ လားရှိုးနဲ့ ရှမ်းမြောက်ဒေသမှာ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်လာစေရေး၊ အလုပ်အကိုင်အခွင့် အလမ်း တိုးပွားလာစေရေး၊ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ဒေသခံတွေရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြုစေဖို့အတွက် ကျင်းပရခြင်း ဖြစ်ပါတယ်” ဟု လားရှိုးခရိုင်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့ထွန်းက ပြောသည်။
.
ယင်းကုန်စည်ပြပွဲအား လားရှိုးမြို့ရှိ မိုးလုံလေလုံအားကစားရုံတွင် ကျင်းပသွားမည်ဖြစ်ပြီး လာမည့်နှစ်တွင် တရုတ်နိုင်ငံ၊ လင်ချမ်းမြို့၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats