လားရှိုးမြို့တွင်းသို့ ရှော့ခ်တိုက်ဒုံးများဖြင့် ပစ်ခတ်ခံရပြီးနောက် လားရှိုးလေယာဉ်ကွင်း ပိတ်ထား - Kanbawza Tai News

Breaking

Boxed(True/False)

Saturday, November 16, 2019

လားရှိုးမြို့တွင်းသို့ ရှော့ခ်တိုက်ဒုံးများဖြင့် ပစ်ခတ်ခံရပြီးနောက် လားရှိုးလေယာဉ်ကွင်း ပိတ်ထား


မင်းဇော်မင်း၊ ရှမ်းကြီး (LSO)
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင်းသို့ ယနေ့ နိုဝင်ဘာလ ၁၆ ရက်၊ နံနက်ပိုင်းက ရှော့ခ်တိုင်ဒုံးများဖြင့် ပစ်ခတ် မှုကြောင့် အသက် ၅၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အိမ်စီးကားတစ်စီးနှင့် နေအိမ်များ အနည်းငယ် ပျက်စီးခဲ့ကာ လားရှိုးလေယာဉ်ကွင်းကို ပိတ်ထားရကြောင်း သိရသည်။
.
.
ဌာနလူကြီးက ကုန်စည်ပြပွဲကိစ္စ ဆောင်ရွက်ပြပြီး ပြန်မှာကို အခုလေယာဉ်ခရီးစဉ်တွေ ပိတ်ထားတော့ မပြန်နိုင်ဘူး ဖြစ်နေတယ်။ လေယာဉ်ခရီးစဉ်တွေရှိမှ ပြန်နိုင်တော့မယ်” ဟု အမည်မဖော်လိုသူ ဌာနဆိုင်ရာ အရာရှိတစ်ဦးက ပြောသည်။
.

ယင်းကဲ့သို့ ရှော့ခ်တိုက်ဒုံးများဖြင့် ပစ်ခတ်မှုကြောင့် လားရှိုးမြို့၊ ရပ်ကွက် (၉)၊ နယ်မြေ (၃)၊ ခေနင်းလမ်းဟောင်းရှိ ဦးမောင်ကြိုင်၏နေအိမ်တွင် ရှော့တိုက်ဒုံး တစ်လုံးကျရောက်ကာ ထိပ်ဖူးကွဲပြီး ကိုယ်ထည်မပေါက်ကွဲ၊ ခေးနင်း လမ်းသွယ် (၄) နေ ဒေါ်ဝေမဖြူ၏နေအိမ် မီးဖိုခန်းအတွင်း တစ်လုံးကျရောက်ကာ အနည်းငယ်ပျက်စီး၊ ခေးနင်းလမ်းသွယ် (၄) ကြက်စာစက်ရုံအတွင်း တစ်လုံးကျရောက်ပေါက်ကွဲကာ အုတ်တံတိုင်းနှင့် နေအိမ်မှန်များ ပျက်စီးပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရ၊ ခေနင်းလမ်းသွယ် (၅) နေ ဒေါ်ရွှေဥခြံဝင်းအတွင်းကျရောက်ကာ ထိပ်ဖူးကွဲ၊ အမှတ် (၁၂) ရပ်ကွက်၊ နယ်မြေ (၉)၊ လေယာဉ်အဆင်းလမ်း ယာဘက်ပြေးလမ်းအစပ် တစ်လုံးကျရောက်ပေါက်ကွဲကာ လမ်းအကျယ် ၃ ပေ၊ အနက် ၁ ပေခန့် ပျက်စီးခဲ့ကြောင်း သိရသည်။
.
“အဲဒီအချိန်မှာ ကျွန်တော်က ထမင်းချက်နေတာ၊ ဒုတိယအသံကြားတော့ အမျိုးသမီးနားက မီးခိုးထွက်သွားလို့ သွားကြည့်တော့ သူဒဏ်ရာရနေတာ တွေ့ရပါတယ်” ဟု ဒဏ်ရာရရှိခဲ့သည့် အမျိုးသမီး၏ ခင်ပွန်းဖြစ်သူက ပြောသည်။
.
“အသံကတော့ ငါးချက်လောက်ကြားရတာဘဲ။ တကယ်ကြောက်ဖို့ကောင်းပါတယ်။ မြို့ထဲကိုကျရင် မတွေးရဲစရာပါ။ ထိခိုက်တာအကြီးကြီးမဖြစ်လို့တော်သေးတာပေါ့။ ညတောင်မအိပ်ရဲတော့ပါဘူး။ ‘’ဟု အဆိုပါ ပစ်ခတ်မှုဖြစ်ရာ နေရာအနီး နေထိုင်သူ ဦးဇေယျာက ဆိုသည်။
.
ယင်းပစ်ခတ်ခဲ့သောနေရာသို့ စစ်ဆေးရာ သဲအိတ်အချို့၊ အသုံးပြုပြီးလက်နက်ကြီးကျည် ၇ ခု၊ လျှပ်စစ် ဘက်ထရီအိုးများအား တွေ့ရှိရပြီး သက်ဆိုင်ရာဌာနများမှ ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
.



.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)