စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များအား လားရှိုးရှိ ဘဏ်များအား အသိပညာပေး - Kanbawza Tai News

Breaking

Boxed(True/False)

Thursday, November 21, 2019

စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များအား လားရှိုးရှိ ဘဏ်များအား အသိပညာပေး


စိုင်းသိင်္ခသူ
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ စားသုံးသူရေးရာဦးစီး ဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေး ခန်းမတွင် နိုဝင်ဘာ လ ၁၄ ရက်၊ မွန်းလွဲပိုင်းက လားရှိုး မြို့ပေါ်၌ ဖွင့်လှစ်ထားသည့် ဘဏ် များမှ တာဝန်ခံများအား စားသုံး သူ ကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်း ချက်များကို အသိပညာပေး ဟော ပြောခဲ့ကြောင်း သိရသည်။
.
.
အဓိက ကတော့ ရန်ကုန်၊ မန္တ လေးနဲ့ တခြားမြို့တွေမှာ ဖြစ်နေတဲ့ ဘဏ်လုပ်ငန်း ဝန်ဆောင်မှု အပိုင်း မှာ Customer တွေဘက်က အခက် အခဲတွေ၊ တိုင်ကြားချက်တွေကို  ဘဏ်လုပ်ငန်း ဝန်ဆောင်မှုအပိုင်းမှာ အသိပညာပေး ဆွေးနွေးဟောပြော ခဲ့တာ ဖြစ်ပါတယ်။ ဥပမာ ATM ကတ်နဲ့ တခြားဘဏ် တစ်ခုမှာ ငွေ ထုတ်တယ်၊ ငွေသား ဖြတ်သွား တယ်၊ ငွေက ထွက်မလာဘူး။ မေး ပြန်တော့လည်း ၄၅ ရက် စောင့်ပါ ဆိုတာမျိုးကို တခြားအဆင်ပြေတဲ့ နည်းလမ်းနဲ့ ဖြေရှင်းပေးနိုင်ဖို့ပါ” ဟု စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိ ယ  ပြည်နယ်ဦးစီးမှူးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးဇော်မင်းသန့်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထိုသို့ အသိပညာပေး ဆွေးနွေး ရာတွင် ဘဏ်တာဝန်ခံများအား စားသုံးသူ ကာကွယ်ရေး ဥပဒေပါ ဘဏ်များနှင့်  သက်ဆိုင်သည့် အ ချက်များ ဖြစ်သော ကြော်ငြာပါ အ ချက်များနှင့် အညီ ဝန်ဆောင်မှု မရ ရှိသည့်အတွက် တိုင်ကြားခြင်း၊ Visa Debit Card များမှ မှားယွင်းကာ  ငွေကြေး ဖြတ်တောက်သည့် အ တွက် တိုင်ကြားခြင်း၊ အမေရိကန် ဒေါ်လာ ထုတ်ယူရာတွင် ဗဟိုဘဏ် ၏ ညွှန်ကြားထားမှုမရှိဘဲ ဒေါ်လာ အကြွေများ ထည့်သွင်း ပေးအပ် သည့်အတွက် တိုင်ကြားခြင်း၊ အမေရိကန် ဒေါ်လာနှင့် မြန်မာ ကျပ်ငွေ လဲလှယ်ရာတွင် မှင်စွန်း ရာများ၊ ခေါက်ရာများ ပါရှိပါက လက်ခံ လဲလှယ်ပေးမှု မရှိသည့် အတွက် တိုင်ကြားခြင်း၊ အကောင့် တစ်ခုမှ အခြားသော အကောင့် တစ်ခုသို့ ငွေ လွှဲပြောင်း ပေးသော် လည်း စာရင်း မရောက်သည့်အ တွက် တိုင်ကြားခြင်း စသည့်အချက် များ အပေါ် အမြန်ဆုံး ဖြေရှင်း ပေး ရန် လိုကြောင်း အသိပေး ရှင်းလင်း ခဲ့သည်ဟု သိရသည်။
.
ထို့အပြင် လားရှိုးခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာ ရှိ ဦးသန်းစိုးကလည်း စီးပွားရေး လုပ် ငန်းရှင်များ လိုက်နာရန် တာဝန် ၁၁ ချက်၊ စားသုံးသူအခွင့်အရေး ၈ ချက်၊ စားသုံးသူများ လိုက်နာ ရ မည့် အချက် ၄ ချက်၊ စားသုံးသူရေး ရာဥပဒေ အခန်း ၂၃ ပါ ပြစ်မှု ၇ ချက်အပေါ် အရေးယူမှု ၆ ချက် တို့ ကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိ ရသည်။
.
လားရှိုးမြို့တွင် ပုဂ္ဂလိက ဘဏ် ခွဲ ၁၄ ခု၊ မြန်မာ့စီးပွားရေးဘဏ်ခွဲ ၁ ခု၊ စုစုပေါင်း ၁၅ ခု ရှိကြောင်း သိရ သည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)