စိုင်းရာဇာ
.
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည်
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျောက်တလုံးကြီးမြို့၊ ပိုပန္တကုန်းတော်၊ မဟာဗောဓိစေတီတော်မြတ်ကြီး
အထက်ပစ္စယံ ဌာပနာတော်သွင်းပူဇော်ခြင်း ဗုဒ္ဓဘိသေက ဘုရားအနေကဇာတင်နှင့် သံဃာတော်
၅၂၈ ပါး တို့အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ လာရောက်မည်ဖြစ်ကြောင်း သိရသည်။
.
.
“ဗုဒ္ဓဂါယာ
ပုံတူစေတီ ဌာပနာပိတ်မယ်။ သံဃာ ၅၂၈ ပါး ဆွမ်းဆန်စိမ်းအလှူ လုပ်မယ်။ နိုင်ငံတော်ရဲ့
အတိုင်ပင်ခံ ပုဂ္ဂိုလ် လာမှာပါ” ဟု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီမှ
ဦးခွန်အောင်ကျော်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
ယင်းအခမ်းအနား နံနက်ပိုင်းတွင် မဟာဗောဓိစေတီတော်မြတ်
အထက်ပစ္စယံ ဌာပနာတော်သွင်း ပူဇော်ခြင်း ဗုဒ္ဓါဘိသေက ဘုရားအနေကဇာတင်ခြင်း
ပြုလုပ်မည်ဖြစ်ပြီး မွန်းလွဲပိုင်းတွင် သံဃာတော် ၅၂၈ ပါးတို့အား ဆွမ်းဆန်တော်စိမ်း
လောင်းလှူ ပူဇော်ပွဲ ပြုလုပ်မည်ဖြစ်ကာ လှူဒါန်းပွဲကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) နာယက
ဦးအောင်ခမ်းထီက အလှူဒါယကာအဖြစ် ဦဆောင်လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။
.
နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၉
ခုနှစ်အတွင်း တောင်ကြီး၌ ကျင်းပပြုလုပ်ခဲ့သော ၇၂ နှစ်မြောက်
ရှမ်းပြည်နယ်နေ့အခမ်းအနားနှင့် ညောင်ရွှေမြို့နယ်၊ အင်းလေးဖောင်တော်ဦးဘုရားပွဲတော်သို့
လာရောက်ခဲ့ ပြီးနောက် ယခု နိုဝင်ဘာလ -- ရက်တွင် ထပ်မံလာရောက်မည်ဖြစ်ကြောင်း သိရသည်။
.
No comments:
Post a Comment