တောင်ကြီး-ကျောက်တလုံးကြီးသွားလမ်းတွင် ကားနှင့်ဆိုင်ကယ် တိုက်မိရာမှ ၂ ဦး သေဆုံး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Saturday, November 30, 2019

တောင်ကြီး-ကျောက်တလုံးကြီးသွားလမ်းတွင် ကားနှင့်ဆိုင်ကယ် တိုက်မိရာမှ ၂ ဦး သေဆုံး


စုလှိုင်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ထီဖောင်းကျေးရွာအုပ်စု၊ တောင်ကြီး-ကျောက်တလုံးကြီးသွား ကားလမ်းပေါ်တွင် နိုဝင်ဘာလ ၃၀ ရက်၊ ညနေပိုင်းက မော်တော်ယာဉ်နှင့် ဆိုင်ကယ် တိုက်မိရာမှ ဆိုင်ကယ်ပေါ်ပါ အမျိုးသမီးတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.
တောင်ကြီး-ကျောက်တလုံးကြီးသွားလမ်း၊ မိုင်တိုင်အမှတ် (၇/၄) နှင့် (၇/၅) တွင် နိုဝင်ဘာလ ၃၀ ရက်၊ ညနေ ၃ နာရီခွဲ ခန့်တွင် တောင်ကြီးဘက်မှ ကျောက်တလုံးကြီးဘက်သို့ ယာဉ်မောင်း ခွန်ရဲခွန် မောင်းနှင်ပြီး မောင်ကြွား၊ ဖက်ကွန်ကျေးရွာအုပ်စု၊ တောင်ကြီးမြို့နယ် နေသူ လိုက်ပါစီးနင်းလာသော ISUZU အမျိုးအစား Double Cub 4 Wheels မော်တော်ယာဉ်သည် ရှေ့ဘက်ဝဲဘီးပေါက်၍ အရှိန်မထိန်းနိုင်ဘဲ တစ်ဘက်ယာဉ်ကြောသို့ ရောက်ရှိသွားပြီး မျက်နှာချင်းဆိုင်မှ ဦးလုံးခေါင် မောင်းနှင်ပြီး ဇနီးဖြစ်သူ ဒေါ်နန်းနွံ၊ အသုံးတော်ကျေးရွာအုပ်စု၊ တောင်ကြီးမြို့နယ် နေသူ လိုက်ပါစီးနင်းလာသည့် Honda Dream 110 မော်တော်ဆိုင်ကယ်အား ဝင်ရောက်တိုက်မိခဲ့ပြီး မော်တော်ယာဉ်ပေါ်ပါ မောင်ကြွားတွင် ဝဲလက်ဖျံနာကျင်ဒဏ်ရာ၊ နှာခေါင်းပွန်းပဲ့ဒဏ်ရာ၊ ဝဲပါးပြင် ပွန်းပဲ့ဒဏ်ရာ၊ လည်းပင်းနာကျင်ဒဏ်ရာ များ ရရှိခဲ့ပြီး ဆိုင်ကယ်ပေါ်ပါ ဒေါ်နန်းနွံတွင် ယာမျက်လုံး ပေါက်ပြဲဒဏ်ရာ၊ ဦးခေါင်းယာဘက် ပေါက်ပြဲဒဏ်ရာတို့ ရရှိခဲ့ကာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကာ ဦးလုံးခေါင်တွင် ဝဲနဖူး ဖူးယောင်ဒဏ်ရာ၊ ဝဲတံတောင်ဆစ် ဖူးယောင် ဒဏ်ရာ၊ ဝဲခြေသလုံး ပေါက်ပြဲဒဏ်ရာ၊ ဝဲလက်ကောက်ဝတ်ကျိုး ဒဏ်ရာတို့ ရရှိခဲ့သဖြင့် တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ခဲ့ရာ ညနေ ၆ နာရီ ၁၅ မိနစ်ခန့်တွင် ရရှိဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။
.
သို့ဖြစ်၍ ယာဉ်မဆင်မခြင် မောင်းနှင်ခြင်းကြောင့် လူသေဆုံး/ဒဏ်ရာ ရရှိစေခဲ့သူ ယာဉ်မောင်း ခွန်ရဲခွန်အား တောင်ကြီးမြို့မရဲစခန်းတွင် ယာဉ် (ပ) ၃၀/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၉/၂၂၇/၃၀၄ (က) တို့ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats