ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၊ အမှတ် (၃)
ရပ်ကွက်၊ ရှီးလုံမြို့သစ်၊ ချယ်ရီလမ်းသွယ် (၂) နေ ဦးကျစိုး ဆိုသူ၏ နေအိမ်ခြံဝင်းအတွင်း
နိုဝင်ဘာလ ၂၆ ရက် ညပိုင်းက တရားမဝင်သစ်များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.
ဖမ်းဆီးရမိသည့် သစ်များမှာ မိုက်ကော် ၃ ဒသမ ၉၂၁၆ တန်၊
စကားစိမ်း ၀ ဒသမ ၅၆၅၀ တန်နှင့် သစ်ယား ၀ ဒသမ ၆၈၉၂ တန်၊ စုစုပေါင်း ၅ ဒသမ ၁၇၅၈
တန်ဖြစ်သည်ဟု သိရသည်။
အဆိုပါသစ်များနှင့် ပတ်သက်၍ ကျိုင်းတုံမြို့နယ်၊ မိုင်းငွေါင်းကျေးရွာအုပ်စုမှ
ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ ရန်ပုံငွေ ရရှိရေးအတွက် ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက
ထွက်ဆိုခဲ့ကြသည်ဟု သိရသည်။
.
“သူတို့ပြည်သူ့စစ်
တပ်ဖွဲ့ဝင်အင်အား ၁၀၀ ကျော်ရဲ့ ဝတ်စုံစရိတ်၊ သင်တန်းစရိတ် ရန်ပုံငွေအတွက် သစ်တွေပါဆိုပြီး
တပ်ဖွဲ့ဝင် ၁၅ ယောက်ကနေ ထွက်ဆိုပြောကြားထားပါတယ်” ဟု သိမ်းဆည်းရမိသော သစ်များနှင့်
ပတ်သက်၍ စစ်ဆေးရာတွင် ပါဝင်သူတစ်ဦးက ပြောသည်။
.
“တောထဲကသစ်တွေ
မြို့ထဲကို ဘယ်လိုရောက်လာသလဲဆိုတာ စဉ်းစားကြည့်ပေါ့ဗျာ။ ဘယ်အဖွဲ့အစည်းကပဲဖြစ်ဖြစ်
တရားမဝင်တဲ့သစ်ဆိုတော့ ဘယ်လိုမှ မဖြစ်သင့်ပါဘူး” ဟု ကျိုင်းတုံဒေသခံတစ်ဦးက
၎င်း၏အမြင်ကို ပြောသည်။
.
အဆိုပါ တရားမဝင်သစ်များ စစ်ဆေးတွေ့ရှိမှုနှင့် ပတ်သက်၍
ကျိုင်းတုံမြို့နယ်သစ်တောဦးစီးဌာနမှ ကျိုင်းတုံ မြို့မ ရဲစခန်းသို့ တိုင်ကြားစာပေးပို့၍
ဥပဒေအရ အမှုဖွင့်အရေးယူသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ကျိုင်းတုံ မြို့နယ်သစ်တောဦးစီးဌာနမှ
သိရသည်။
.
No comments:
Post a Comment