ကျိုင်းတုံရှိ တည်ဆောက်ရေး လုပ်ငန်းများတွင် ချောင်းကျောက် သုံးစွဲမှု များပြားလာ - Kanbawza Tai News

Breaking

Boxed(True/False)

Saturday, November 30, 2019

ကျိုင်းတုံရှိ တည်ဆောက်ရေး လုပ်ငန်းများတွင် ချောင်းကျောက် သုံးစွဲမှု များပြားလာ


ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်း တုံမြို့ရှိအဆောက်အဦ တည် ဆောက်ရေးနှင့် အိမ်သုံးအလှဆင် ပစ္စည်း ထုတ်လုပ်ရောင်းချရေးလုပ်ငန်းများတွင် ချောင်းကျောက်သုံးစွဲ မှု များပြားလာသည့်အတွက် အရောင်းအဝယ် အားကောင်းလျက်ရှိ ကြောင်း သိရသည်။
.
.
ချောင်းကျောက်များအား အရွယ်အစားအလိုက် လမ်းခင်းခြင်း၊ မြေထိန်းနံရံတည်ဆောက်ခြင်း၊ ကွန် ကရစ် ခင်းခြင်း၊ ရေတွင်းခွေခြင်း၊ ခြံ စည်းရိုးတိုင်ပြုလုပ်ခြင်း၊ အလှဆင် ကွန်ကရစ်စားပွဲနှင့် ကုလားထိုင် ပြု လုပ်ခြင်း၊ ပန်အိုးပြုလုပ်ခြင်းတို့တွင် တွင်ကျယ်စွာ အသုံးပြုလျက်ရှိသော ကြောင့် ချောင်းကျောက် ကောက်ယူ ရောင်းချသည့် စျေးကွက် ခိုင်မာအား ကောင်းလျက် ရှိကြောင်း သိရသည်။
.
လယ်ယာအလုပ် နားတဲ့အချိန် မှာ မိသားစုလိုက် ကျောက်ကောက် တဲ့အလုပ်ရှိလို့ အဆင်ပြေပါ တယ်။ ၂ ရက်မှာ တစ်ကျင်းပဲကောက်ရလည်း အဆင်ပြေတာကြောင့် ဒီရွာကလူ တွေ ကျောက်ကောက်တာ များပါ တယ်  ဟု ကျိုင်းတုံမြို့နယ်၊ ပန်ကြူ ကျေးရွာနေ ကျောက်ကောက်သူ တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြော သည်။
.
ယင်းချောင်းများမှ ကျောက် ထုတ်လုပ်ရာတွင် ကျောက်ဆယ် သံ ဆန်ခါကို အသုံးပြု၍ အာလူးအ ရွယ်အစားရှိ ကျောက်၊ တစ်ကျပ်၊ ငါးမူး၊ တစ်မတ်ဆိုဒ် စသည်ဖြင့် လုပ် ငန်း လိုအပ်ချက်အတိုင်း ထုတ်လုပ် ကြခြင်းဖြစ်သည်။
.
ကျောက်ဆိုဒ်အကြီး အသေး ပေါ်မူတည်ပြီး စျေးနှုန်း ကွာပါတယ်။ အသေးဆုံး ငါးမူးဆိုဒ်ကျောက်က စျေးအကြီးဆုံးပါ။ တစ်ကျင်းကို ၅ဝဝဝဝ ကျပ်ရှိပါတယ်ဟု ကျိုင်း တုံမြို့၊ တောင်ကြီးလမ်းရှိ နမ့်ခင်ရေ ချောင်းတွင် ကျောက်ကောက်သူ ဦးအာဒိုက ပြောသည်။
.
အဆိုပါ ချောင်းကျောက်ထုတ် လုပ်ခြင်းလုပ်ငန်းအတွက် လူလုပ် အားကိုသာ အဓိကအားထား နေရ ဆဲဖြစ်ပြီး စက်ယန္တရားဖြင့် ချောင်း ကျောက်ထုတ်လုပ်နိုင်ခြင်း မရှိသေး ကြောင်း သိရသည်။
.
ကျိုင်းတုံမြို့နယ်တွင် စီးပွားဖြစ် ချောင်းကျောက် ထုတ်လုပ်ရန်အ တွက် နမ့်အော်ချောင်း၊ ပန်ကြူ ချောင်း၊ နမ့်ခင်ချောင်းနှင့် နမ့်လွေ ချောင်းတို့မှ ထုတ်ယူနေကြခြင်းဖြစ် ကြောင်းဒေသခံများထံမှ သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)