ပြည်ပသို့ ရှမ်းရှေ့မှ စပါးအား တင်ပို့ခွင့် ပြုမည့် အစား ဆန်ကိုသာ တင်ပို့ခွင့် ပေးသင့်ဟု ဆို - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Friday, November 8, 2019

ပြည်ပသို့ ရှမ်းရှေ့မှ စပါးအား တင်ပို့ခွင့် ပြုမည့် အစား ဆန်ကိုသာ တင်ပို့ခွင့် ပေးသင့်ဟု ဆို


စိုင်းသိင်္ခသူ
.
ရှမ်းပြည်နယ် အရှေ့ပိုင်းမှ စပါးကို ပြည်ပသို့ တင်ပို့ခွင့် ပြုမည့် အစား ဆန်ကိုသာ တင်ပို့ခွင့် ပြု သင့်ကြောင်း ကျိုင်းတုံမြို့နယ် ဆန် စပါးကုန်သည်များ အသင်း ဥက္ကဌ ဦးမုန်းကိုက ပြောဆိုခဲ့သည်။
.

.
၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ မှ စတင်ကာ ပြည်ပသို့ စပါးတန်ချိန် ၂ သိန်း တရားဝင်တင်ပို့ခွင့် ပြုခဲ့ခြင်း နှင့် ပတ်သက်၍ ဦးမုန်းကိုက ယင်း ကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
.
စပါးတင်ပို့မယ်ဆိုရင် ဒီကဆန် စက်တွေ အလုပ်မဖြစ်တော့ဘူး။ ပြီး တော့ တိရစ္ဆာန်အစာအရ မွေးမြူ ရေးသမားတွေ၊ မြန်မာမုန့်လုပ်ငန်း ရှင်တွေအားလုံး အကြပ်အတည်း တွေ့စေမှာဖြစ်လို့ အရင်လိုပဲ စပါးအ စား ဆန်ကိုသာ တင်ပို့ရောင်းချခွင့် ပေးစေချင်ပါတယ်” ဟု ဦးမုန်းကိုက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ပြည်ပသို့ စပါးတင်ပို့ပါက ဆန် စက်များတွင် ဆန်များမကြိတ်ခွဲတော့ သဖြင့် ဆန်စက်လုပ်ငန်းများ လျော့ နည်းသွားမည်ဖြစ်ပြီး ကြိတ်ခွဲမှုဘေး ထွက် ပစ္စည်းဖြစ်သည့် ဆန်ကွဲ၊ ဖွဲ နုများ ထွက်ရှိမှုမရှိတော့သဖြင့် မွေး မြူရေး လုပ်ငန်းရှင်များ၊ မြန်မာ့ရိုးရာ မုန့်နှင့် အစားအစာလုပ်ငန်းရှင်များ ကိုပါ ထိခိုက်စေမည်ဖြစ်သဖြင့် စပါး အစားဆန်ကိုသာ ပြည်ပတင်ပို့ခွင့် ပေးသင့်ကြောင်း ၎င်းကဆိုသည်။
.
ရှမ်းပြည်နယ်အရှေ့ပိုင်း ဒေသ တွင် စပါးစိုက်ဧက ၅၀၀၀၀ ကျော် ရှိပြီး တစ်ဧကလျှင် ပျှမ်းမျှ ၇၅ တင်းနှုန်း ထွက်ရှိကာ အထွက်ကောင်း လယ်များ အနေဖြင့် တင်း ၁၃၀ ကျော်ခန့်အထိ ထွက်ရှိပြီး မှော်ဘီ-၃၊ ရွှေရင်အေး၊ ဆင်းရွှေဝါ စပါးမျိုး များကို စိုက်ပျိုးကာ လက်ရှိတွင် စပါးတင်း ၁ဝဝ လျှင် ကျပ် ၇  သိန်း ကျော် ရောင်းချနေရကြောင်း သိရ သည်။
.
ကျိုင်းတုံဒေသတွင်မူ တပ်နှင့် အခြားဒေသ ဧည့်များမှာ ဒေသဆန် ကို မစားသုံးကြဘဲ ပြည်မဆန်များ ကိုသာ စားသုံးကြသဖြင့် ဒေသဆန် ပိုလျှံပြီး ယခင် အစိုးရလက်ထက် က ကျိုင်းတုံ၌ ဆန်စက်အလုံး ၃၀ ရှိခဲ့သော်လည်း ယခု အစိုးရသစ် လက်ထက် ဝမ်တာပင်းတံတား ပိတ် ပြီးနောက် ဆန်စက် ၁၀ လုံးခန့်သာ ကျန်ရှိတော့ကြောင်း သိရသည်။
.
ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် ကျိုင်းတုံ၊ မိုင်းလားမှ တဆင့် တရုတ် ပြည်သို့လည်းကောင်း၊ မဲခေါင်မြစ် ကြောင်းမှ တစ်ဆင့် လာအိုနိုင်ငံသို့ လည်းကောင်း ဆန်စပါးများ တင်ပို့ နေကြကြောင်း သိရသည်။
.
ပြည်ပသို့ စပါးတင်ပို့ရောင်းချ ရာတွင် ၂၀၂ဝ ခုနှစ်၊ ဇန်နဝါရီလကုန် အထိ စပါးတန်ချိန်၂ သိန်း တင်ပို့ရန် စီးပွားကူးသန်း ရောင်းဝယ်ရေးဝန် ကြီးဌာန၊ စျေးနှုန်းဆိုင်ရာ သုံးသပ် အကြံပြုတင်ပြရေး ကော်မတီက ဆုံးဖြတ်ထားခြင်းဖြစ်ပြီး ထိုသို့တင် ပို့ခွင့်ကို လယ်သမားဘဝ ဖွံ့ဖြိုးရေး အသင်းက အစိုးရထံတောင်းဆိုခဲ့ သည့်အတွက် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်အပါအဝင် လယ်ယာ ကဏ္ဍနှင့် သက်ဆိုင်သူများက ပြည် ပသို့ စပါးတင်ပို့ ရောင်းချခွင့်ပြုရေး အစိုးရသို့ တင်ပြခဲ့သဖြင့် စပါးကို ပြည်ပသို့ လွတ်လပ်စွာ ရောင်းချခွင့် ပြုခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ဥက္ကဌ ဦးရဲမင်းအောင်ထံ က သိရသည်။
.
စပါးတင်ပို့ခွင့်ကို ကျွန်တော်တို့ အသင်းချုပ် အနေနဲ့လည်း လွတ် လွတ်လပ်လပ် ရောင်းချခွင့် ပြုပေး ထားပါတယ်” ဟု ဦးရဲမင်းအောင်က ပြောသည်။
.
တရုတ်နိုင်ငံမှ အဝယ်လျော့၍ မူဆယ်စျေးကွက်သို့ ဆန်တင်ပို့မှု လျော့ကျပြီး ပြည်တွင်းဆန်တန်ချိန် ၅ သိန်း ကျော်လက်ကျန်ရှိနေကာ မိုးစပါး စတင်ထွက်ပေါ်ချိန်၌ စပါး စျေးကျဆင်းလာသဖြင့် အစိုးရမှ တင်း ၁ဝဝ လျှင် အခြေခံ စျေးနှုန်း ကျပ် ၅ သိန်း သတ်မှတ်ခဲ့သည်။
.
မြန်မာနိုင်ငံတွင် နှစ်စဉ် မိုးရာ သီတွင် စပါးစိုက်ဧက ၁၄ သန်းခွဲရှိ နေပြီး စပါးတန်ချိန် ၁၉ သန်းခွဲ ခန့် ထွက်ရှိရာ မြန်မာနိုင်ငံ၏ စပါး ထုတ် လုပ်မှု ၇၇ ရာခိုင်နှုန်းကို မိုးရာသီတွင် စိုက်ပျိုးထုတ်လုပ်ခြင်း ဖြစ်သည် ဟုသိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats