ရှမ်းပြည်နယ်အရှေ့ပိုင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း အမှုဆောင်ကော်မတီ ဖွဲ့စည်း - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Friday, November 8, 2019

ရှမ်းပြည်နယ်အရှေ့ပိုင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း အမှုဆောင်ကော်မတီ ဖွဲ့စည်း

ထက်တိုင်းကျော်
.
ကျိုင်းတုံမြို့ရှိ ပြည်နယ်ဒုတိယ အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်း မတွင် နိုဝင်ဘာလ ၁ ရက်က ရှမ်း ပြည်နယ်အရှေ့ပိုင်း ကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း အလုပ်အမှုဆောင် ကော်မ တီအား ရွေးချယ်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
.
.
အခမ်းအနားတွင် ရှမ်းပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင်က ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၏ စီး ပွားရေး လုပ်ငန်းများသည် ပြည်တွင်း ၌သာမကဘဲ အိမ်နီးချင်းနိုင်ငံများ နှင့်ပါ ချိတ်ဆက်ဆောင်ရွက်ရသည့် လုပ်ငန်းဖြစ်ပြီး ခိုင်မာအားကောင်း သည့် ကုန်သည်များနှင့် စက်မှုလက် မှုလုပ်ငန်းရှင်များ အသင်းကို ဖွဲ့စည်း နိုင်ခြင်းဖြင့် ဒေသရှိစီးပွားရေး လုပ် ငန်းရှင်များနှင့် အတူ အကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်မှုအတွက် ဖော်ဆောင် နိုင်စွမ်းရှိမည်ဖြစ်ကြောင်း အဖွင့်အ မှာစကား ပြောကြားခဲ့သည်။
.
အလုပ်အမှုဆောင် ရွေးချယ်ပွဲတွင် တက်ရောက်လာသော  ဟိုတယ် လုပ်ငန်းရှင် ဦးစိုးရွှေက အမှန်တကယ် စိတ်ဝင်စား၍ မိမိဒေသနှင့် ပြင်ပမှ စီးပွားရေးလုပ်ငန်းဆိုင်ရာ အ ချက်အလက်သတင်းများ စုဆောင်း ခြင်း၊ ဖြန့်ဝေခြင်းတို့ကို လုပ်ဆောင် နိုင်စွမ်းရှိပြီး ပြည်တွင်း/ပြည်ပ ဆွေး နွေးပွဲများတွင် တက်ရောက်ဆွေးနွေး နိုင်စွမ်းရှိသူများ ပါဝင်ဖွဲ့စည်းသင့် သည်ဟု အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။
.
ကုန်စည်ပို့ဆောင်ရေး လမ်းခရီးမှာ တရားဝင်စာရွက်စာတမ်း အပြည့်အစုံနဲ့ စိတ်ချလက်ချသွားလာလို့ရအောင်လည်း ဖြစ်ဖို့လိုပါတယ်။ လမ်းခရီး တစ်လျှောက်မှာ တရားမ ဝင် သယ်ယူပို့ဆောင်နေတာကို သက်ဆိုင်သူတွေက ဘယ်လိုစီစဉ် ပေးမှာလဲဆိုတာ စဉ်းစားပေးစေချင် ပါတယ်” ဟု လုပ်ငန်းရှင် တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ ရှိ နယ်စပ်ကုန်သွယ်ရေးတွင် အရေး ပါသော ကျိုင်းတုံ-မိုင်းလားလမ်း၊ ဝမ်တာပင်း ဂိတ်အား ၂၀၁၆ ခုနှစ်၊ နို ဝင်ဘာလမှ စတင်၍ ယနေ့တိုင် ပိတ်ထားဆဲဖြစ်ပြီး အထူးဒေသ (၄) နယ်မြေအတွင်း “ဝ” တပ်ဖွဲ့ဝင်များ ခြေကုတ်ရယူထားသောကြောင့် မြန် မာ့တပ်မတော်မှ လုံခြုံရေးဂိတ်အား ပိတ်ထားရခြင်းဖြစ်ကာ အထူးဒေသ (၄)နှင့် ဆက်သွယ်ထားသည့် နမ့် လွေချောင်းမှ မိုင်းယုတံတားနှင့် မဲ ခေါင်မြစ်ပေါ်ရှိ ကျိုင်းလတ်-လာအို တံတားတို့တွင်လည်း ကုန်စည် ကူးသန်းသွားလာနိုင်ခြင်း မရှိသေး ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats