စာပေဟောပြောပွဲ ပြုလုပ်ရာတွင် သက်ဆိုင်ရာ မြို့နယ်စာရေးဆရာအသင်း၏ ထောက်ခံချက် ယူရမည် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Saturday, November 9, 2019

စာပေဟောပြောပွဲ ပြုလုပ်ရာတွင် သက်ဆိုင်ရာ မြို့နယ်စာရေးဆရာအသင်း၏ ထောက်ခံချက် ယူရမည်

ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်း တုံခရိုင်အတွင်းရှိ မြို့နယ်များတွင် စာပေဟောပြောပွဲများ ပြုလုပ်လိုပါ က သက်ဆိုင်ရာ မြို့နယ်များမှ စာရေး ဆရာအသင်းများ၏ ထောက်ခံချက် ရယူဆောင်ရွက်သွားရန် လိုအပ် ကြောင်း သိရသည်။
.

.
ရှမ်းပြည်နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန၊ တောင်ကြီးမြို့မှ အောက်တိုဘာလ ၂၅ ရက်စွဲဖြင့် အ ကြောင်းကြားစာအရ မြို့နယ်များရှိ ရပ်ကွက်/ကျေးရွာ အုပ်စုများတွင် စာ ပေဟောပြောပွဲများ ပြုလုပ်နိုင်ရေးအ တွက် ဒေသအာဏာပိုင် များထံသို့ ခွင့်ပြုချက် တောင်းခံရာ၌ မြန်မာနိုင် ငံစာ ရေးဆရာအသင်း၏ ထောက်ခံ ချက် လိုအပ်ကြောင်းနှင့် အချို့မြို့ နယ်များတွင် မြန်မာနိုင်ငံ စာရေးဆ ရာအသင်းသည် ယင်းတို့၏ ထောက် ခံချက် မပါရှိပါက စာပေဟောပြောပွဲ များကို တားမြစ်မှုများ ပေါ်ပေါက် လျက်ရှိကြောင်း သိရသည်။
.
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန် ကြီးဌာန၊ ဝန်ကြီးရုံးသို့ ဦးထက်မြတ် ပါ ၅ ဦး၏ တင်ပြမှုအပေါ် ပြန်လည် စိစစ်၍ တင်ပြရန် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနမှ ရှမ်းပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ အကြောင်းကြားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
.
ကျွန်တော်တို့ ကျိုင်းတုံမြို့နယ် အနေနဲ့ကတော့ ရပ်ကွက်/ ကျေးရွာ တွေမှာ စာပေဟောပြောပွဲလုပ်ဖို့ ခွင့် ပြုချက် တောင်းခံလာခဲ့ရင် မြို့နယ် စာရေးဆရာအသင်းရဲ့ ထောက်ခံ ချက် လိုအပ်တယ်လို့ပဲ အကြောင်း ပြန်ကြားပါတယ်” ဟု ကျိုင်းတုံမြို့ နယ် အုပ်ချုပ်ရေးမှူး ဦးတင်မြင့် က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ကျိုင်းတုံမြို့နယ် စာရေးဆရာ အသင်းဥက္ကဌ ဦးဝင်းမျိုးက “လူမျိုးရေး၊ ဘာသာရေးနဲ့ တခြားအစွန်းမလွတ် တဲ့ ဟောပြောမှုတွေ ရှိနေလို့သာ အ ခုလို စည်းကမ်းချက်ကို ထုတ်ပြန် ပေးတာဖြစ်နိုင်ပါတယ်။ စာပေဟော ပြောပွဲ ကို စာပေနဲ့ မပတ်သက်တဲ့အ ရောင်အ သွေးတွေ စွန်းထင်အောင် တော့ မလုပ်သင့်ဘူးထင်ပါတယ်” ဟု ၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။
.
ရှမ်းပြည်နယ်အတွင်းရှိ ရပ် ကွက် / ကျေးရွာများတွင် စာပေဟော ပြောပွဲများ ပြုလုပ်ရန်အတွက် ဒေသ အာဏာပိုင်များထံသို့ ခွင့်ပြုချက် တောင်းခံရာ၌ ဒေသန္တရ စည်းကမ်း ချက်များ ထုတ်ပြန်ထားခြင်း ရှိ/မရှိ စိစစ် အကြောင်းပြန်ကြားပေးရန် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီး ဌာနမှ ရှမ်းပြည်နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနသို့ ညွှန်ကြားထား ပြီး ကျိုင်းတုံခရိုင် အထွေထွေအုပ် ချုပ်ရေး ဦးစီးဌာနအောက်ရှိ ကျိုင်းတုံ၊ မိုင်းပျဉ်း၊ မိုင်းခတ်၊ မိုင်းယန်း မြို့နယ် များတွင်မြို့နယ် စာရေးဆရာ အ သင်းအနေဖြင့် ကျိုင်းတုံတစ်မြို့နယ် အသင်းတစ်သင်းသာ ဖွဲ့စည်းထား နိုင်သေးကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats