ငွေကျပ် သိန်း ၈ ထောင်ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့သူအား ကျိုင်းတုံခရိုင်တရားရုံးမှ လွှတ်မိန့်ချ - Kanbawza Tai News

Breaking

Boxed(True/False)

Friday, November 29, 2019

ငွေကျပ် သိန်း ၈ ထောင်ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့သူအား ကျိုင်းတုံခရိုင်တရားရုံးမှ လွှတ်မိန့်ချ


ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် တန်ဖိုး ငွေကျပ် သိန်း ၈ ထောင်ကျော် တန်ဖိုးရှိ ကက်တမင်း အဖြူရောင် ပုံဆောင်ခဲမူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး အမှုစွဲတင်ထားသူအား ကျိုင်းတုံခရိုင်တရားရုံးမှ တရားသူကြီး ဒေါ်နန်းမေယဉ်၏ လက်မှတ်ဖြင့် ကျိုင်းတုံအကျဉ်းထောင်မှ နိုဝင်ဘာလ ၁၈ ရက်တွင် ပြန်လည်လွှတ်ပေးခဲ့သည်ဟု သိရသည်။
.
 .
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ မေလ ၁၈ ရက်က ကျိုင်းတုံမြို့မှ တာချီလိတ်သို့ မောင်းနှင်လာသည့် PAJERO အမျိုးအစား မော်တော်ယာဉ်အား နောင်နွမ်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် စစ်ဆေးရာ ယာဉ်မောင်း ဦးဝင်းမြင့် (၆၀ နှစ်)၊ ဟောင်လိတ်အခြေခံပညာအထက်တန်းကျောင်း၊ တာချီလိတ်မြို့နေသူအား ကက်တမင်းအဖြူရောင်ပုံဆောင်ခဲ ၉၀၀ ဂရမ်စီပါ ၉၇ ထုပ်၊ အလေးချိန် ၈၇ ဒသမ ၃ ကလိုဂရမ်၊ ကာလတန်ဖိုး ၈၇၃ဝဝဝဝဝဝ ကျပ်အား နှင့်အတူ ဖမ်းဆီး ရမိခဲ့ခြင်းဖြစ်သည်။
.
အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူ ဦးဝင်းမြင့်အား ကျိုင်းတုံအကျဉ်းထောင်တွင် ချုပ်နှောင်ထားရာမှ နိုဝင်ဘာလ ၁၈ ရက်တွင် ကျိုင်းတုံခရိုင်တရားရုံး၏ အမိန့်ဖြင့် ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
.
“ဒီအမှုကို ကျိုင်းတုံခရိုင်တရားရုံးက တရားသူကြီး ဒေါ်နန်းမေယဉ်က စစ်ဆေးပြီး အခုလ ၁၈ ရက်မှာ လွှတ်မိန့် ချခဲ့တာ ဖြစ်ပါတယ်” ဟု ကျိုင်းတုံခရိုင်တရားရုံး၊ မီဒီယာသတင်းပြန်ကြားရေးအရာရှိ ဒုတိယခရိုင်တရားသူကြီး ဦးကောင်းမြတ်တိုးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
“ဒီလောက်များတဲ့ မူးယစ်ဆေးဝါးနဲ့ ဖမ်းမိထားသူကို တရားရုံးကနေ လွှတ်ပေးလိုက်တယ်ဆိုတာ အင်မတန်မှ အံ့ဩဖို့ ကောင်းနေပါတယ်။ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ်ကို ပြည်သူလူထုက ယုံကြည်ဖို့အတွက် မှန်ကန်မျှတတဲ့ ကိုယ်ကျင့်သီလတွေ ရှိဖို့လိုပါမယ်” ဟု ကျိုင်းတုံမြို့တွင် မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံထားရသူ၏ မိဘတစ်ဦးက အမြင်ကို ပြောဆိုခဲ့သည်။
.
ကျိုင်းတုံမြို့ရှိ ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမင်းအောင်က ဌာနဆိုင်ရာတွေ့ဆုံဆွေးနွေးပွဲတစ်ခုတွင် မူးယစ် ဆေးဝါး ဖမ်းဆီးရမိသည့် ဖြစ်စဉ်တွင် သတင်းလက်ဦးမှုရှိရန် အရေးကြီးပြီး ရဲတပ်ဖွဲ့ကို ပြည်သူအပါအဝင် ဌာနဆိုင်ရာ များ ပူးပေါင်းပါဝင်ကူညီမှသာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်း အောင်မြင်မည်ဖြစ်သည်ဟု ပြောဆိုထားသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)