ကျိုင်းတုံ အထက (၅) တပ်မတော်ကျောင်းတွင် ညအိပ်ပုန်းခိုနေသည့် တရုတ်နိုင်ငံသားကို ဖမ်းဆီးအရေးယူ - Kanbawza Tai News

Breaking

Boxed(True/False)

Friday, November 15, 2019

ကျိုင်းတုံ အထက (၅) တပ်မတော်ကျောင်းတွင် ညအိပ်ပုန်းခိုနေသည့် တရုတ်နိုင်ငံသားကို ဖမ်းဆီးအရေးယူ


ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၊ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၊ တပ်မတော်ကျောင်းတွင် ၃ ညအိပ် ဝင်ရောက်ပုန်းခိုနေသည့် တရုတ်နိုင်ငံသားတစ်ဦးအား နိုဝင်ဘာလ ၇ ရက်က အမှုဖွင့်အရေးယူ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
.
.
ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသားမှာ ယူနန်ပြည်နယ်၊ ရှင်းတိရှန်းမြို့နယ်၊ ကျန်မင်းကွန်ရွာနေ Mr. Liu Tao (၃၉ နှစ်) ဆိုသူဖြစ်ကြောင်း သိရသည်။
.
အဆိုပါ တရုတ်နိုင်ငံသားသည် အထူးဒေသ (၄) နယ်မြေအတွင်းရှိ ဆီလူးဒေသမှ မိုင်းယန်း၊ မိုင်းခတ်လမ်းကြောင်းကို ဖြတ်သန်း၍ ဝမ်တာပုံစုပေါင်းစစ်ဆေးရေးဂိတ်ကို ဖြတ်ကျော်ပြီး ကျိုင်းတုံမြို့သို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ကာ နိုဝင်ဘာလ ၄ ရက်မှ စတင်၍ ကျိုင်းတုံမြို့၊ အထက (၅) ကျောင်းတွင် ပုန်းခိုနေထိုင်လျက်ရှိပြီး ကျောင်းစောင့်မှ မသင်္ကာသဖြင့် သတင်းပေးတိုင်ကြားရာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
“ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ တရားမဝင် ဝင်ရောက်နေတဲ့ တရုတ်နိုင်ငံသားတွေနဲ့ ပတ်သက်ပြီး ဌာနဆိုင်ရာနဲ့ ပြည်သူ တွေက သတိထားစောင့်ကြည့်ပြီး မသင်္ကာစရာ ထူးခြားမှုတွေ့ခဲ့ရင် ကျွန်တော်တို့ ရဲတပ်ဖွဲ့ကို အချိန်မရွေး ဆက်သွယ် သတင်းပေးစေချင်ပါတယ်” ဟု ကျိုင်းတုံမြို့ရှိ ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမင်းအောင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အတူ ကျိုင်းတုံမြို့ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာရုံး (လဝက) ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးကလည်း “လူမှုရေး၊ စီးပွားရေး အကြောင်းအမျိုးမျိုးနဲ့ ဝင်ရောက်လာတဲ့ နိုင်ငံခြားသားတွေကို တရားမဝင် ဝင်ရောက်လာတာဆိုရင် လက်ခံလို့မရပါဘူး။ ရပ်ကျေး ဆယ်အိမ်မှူး၊ ရာအိမ်မှူးနဲ့ ပြည်သူတွေက ဝိုင်းဝန်း စောင့်ကြည့်ပေးစေချင်ပါတယ်” ဟု ပြောဆိုခဲ့သည်။
.
ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ကုန်းလမ်းခရီး စစ်ဆေးရေးဂိတ်များ၌ တာဝန်ကျနေသည့် ဌာနဆိုင်ရာဝန်ထမ်းအချို့နှင့် ပတ်သက်၍ ယင်းလမ်းများမှ ဖြတ်သန်းသွားလာနေသည့် ယာဉ်များနှင့် လူပုဂ္ဂိုလ်များအား ရှာဖွေစစ်ဆေး မေးမြန်းခြင်း မပြုဘဲ ငွေကြေးလက်ခံဆောင်ရွက်လျက်ရှိသည်ဟုလည်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)