ကျိုင်းတုံမြန်မာ့စီးပွားရေးဘဏ်၌ ငွေလွှဲရာတွင် အပိုငွေကြေး ကောက်ခံမှုများ ရှိနေဟု ဆို - Kanbawza Tai News

Breaking

Boxed(True/False)

Saturday, November 23, 2019

ကျိုင်းတုံမြန်မာ့စီးပွားရေးဘဏ်၌ ငွေလွှဲရာတွင် အပိုငွေကြေး ကောက်ခံမှုများ ရှိနေဟု ဆို

ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်း တုံမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်၌ ငွေလွှဲပို့ရာတွင် ငွေလွှဲခအပြင် အပို ငွေကြေး ကောက်ခံမှုများ ရှိနေ သည်ဟု သိရသည်။
.
.
ကျိုင်းတုံမြို့ရှိ မြန်မာ့စီးပွားရေး ဘဏ်မှ တောင်ကြီးမြို့သို့ ငွေကျပ် သိန်း ၄၀၀ လွှဲပေးအပ်သူ တစ်ဦး အား ခရိုင် မန်နေဂျာ ဦးဝင်းထူးက ငွေလွှဲခ ကျသင့်ငွေ အပြင် လျှပ် စစ်မီးအတွက် ဓါတ်ဆီဖိုးဟု ဆို ကာ ငွေထပ်မံ တောင်းခံသဖြင့် ပေးအပ်ခဲ့ရသည်ဟု ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ကျွန်မတို့ရုံးက ဝန်ထမ်းလစာ နဲ့  ရုံးအသုံးစရိတ် တစ်လမှာ သိန်း ၃၀ လောက်ပဲ ရှိပါတယ်။ အဲဒါကို လစာ ထုတ်ရင် ဘယ်လောက်ပေးမှာလဲ မေးနေလို့ မပေးချင်ချင်၊ ပေးချင် ချင် တောင်းလို့ ပေးခဲ့ရတာမျိုး ရှိ ပါတယ်” ဟု ကျိုင်းတုံမြို့တွင် တာဝန် ထမ်းဆောင်နေသည့် ဝန်ထမ်း တစ် ဦးက ၎င်း၏အတွေ့အကြုံကို ပြော ဆိုခဲ့သည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မြန်မာ့စီးပွားရေးဘဏ်၊ ကျိုင်းတုံမှ ခရိုင်မန်နေဂျာဖြစ်သူ ဦးဝင်းထူးအား ကမ္ဘောဇတိုင်း မှ ဆက်သွယ်မေးမြန်း ရာတွင် “ကျွန်တော်တို့ ရုံးမှာ မီးစက်မောင်းနေရတာ ရှိပါတယ်။  အဆောင် အမိုး လုပ်ထားတာလည်း ရှိပါတယ်။ အဲဒီအတွက် ဘတ်ဂျက် မရှိပါဘူး။ ဒါကို အဆင်ပြေအောင် လုပ်ထားရတာ ဖြစ်ပါတယ်” ဟု ပြန် လည် ဖြေကြားခဲ့သည်။
.
ကျိုင်းတုံမြို့တွင် ပုဂ္ဂလိက ဘဏ်များ  ရှိနေသော်လည်း မြန် မာ့စီးပွားရေး ဘဏ်နှင့် အဓိက ချိတ်ဆက် ဆောင်ရွက်နေရသည့် အစိုး ရ ဌာနဆိုင်ရာလုပ်ငန်းများအနေဖြင့် မြန်မာ့စီးပွားရေးဘဏ်မှသာ ဆောင် ရွက်ရသဖြင့် ဘဏ်ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းရည် ကောင်းမွန် တိုး တက်ရန်နှင့် အဂတိဆိုင်ရာ ကိစ္စရပ် များ ကင်းရှင်းရန် လိုအပ်သည် ဟု ဒေသခံများမှ ဝေဖန်ပြောဆိုလျက် ရှိသည်။
.
မြန်မာ့ စီးပွားရေးဘဏ်အနေ ဖြင့် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ စတင်၍ မည်သည့်ဘဏ်ခွဲကို မဆို ငွေလွှဲခနှုန်းထားအား ကျပ် ၁၀၀ လျှင် ၅ ပြားနှုန်းဖြင့် ဝန်ဆောင်မှု ပေးနေလျက်ရှိပြီး  ပြည်တွင်း ငွေ လွှဲ ဝန်ဆောင်မှုစနစ်ကို မြန်ဆန်စွာ ဆောင်ရွက်နိုင်ရန်အတွက် Online မှ တစ်ဆင့် လွှဲပို့ပေးသည့် E-Remi- ttance System ကို ဘဏ်ခွဲပေါင်း ၁၁၁ ဘဏ်တွင် ဆောင်ရွက်ပေး လျက် ရှိကြောင်း သတင်းထုတ်ပြန် ထားသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)