ကျိုင်းတုံတွင် ဆိုင်ကယ် ကယ်ရီမောင်းနှင်သူတစ်ဦး ဆိုင်ကယ်တိမ်းမှောက်သေဆုံး - Kanbawza Tai News

Breaking

Boxed(True/False)

Friday, November 15, 2019

ကျိုင်းတုံတွင် ဆိုင်ကယ် ကယ်ရီမောင်းနှင်သူတစ်ဦး ဆိုင်ကယ်တိမ်းမှောက်သေဆုံး


ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၊ တောင်ကြီးလမ်း၊ လပြည့်ဝန်းစက်သုံးဆီအရောင်းဆိုင်အနီးတွင် နိုဝင်ဘာလ ၁၃ ရက်၊ ညပိုင်းက ကျိုင်းတုံမြို့တွင်းဘက်မှ မြို့ပြင်သို့ တစ်ဦးတည်း စီးနင်းမောင်နှင်လာသည့် ဆိုင်ကယ်ကယ်ရီ မောင်းနှင်သူတစ်ဦးသည် လမ်းပေါ်ရှိ ခွေးကို ရှောင်တိမ်းရာမှ လမ်းပေါ်သို့ လဲကျတိမ်းမှောက်ပြီး သေဆုံးမှု ဖြစ်ပွားခဲ့ ကြောင်း သိရသည်။
.
.
သေဆုံးသူမှာ ကျိုင်းတုံမြို့၊ အမှတ် (၄) ရပ်ကွက်၊ ပါမာန်ရပ်နေ ဆိုင်ကယ်ကယ်ရီမောင်းနှင်သူ အားချူ (၄၃ နှစ်) ဆိုသူဖြစ်ပြီး အခင်းဖြစ်ချိန်တွင် လမ်းပေါ်၌ လူနှင့်ယာဉ် အသွားအလာ ရှင်းနေချိန်ဖြစ်သော်လည်း ခွေးတစ်ကောင်အား ရှောင်တိမ်းမောင်းနှင်ရာမှ အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်သို့ လဲကျတိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ဆိုင်ကယ်မောင်းတဲ့သူက ဆိုင်ကယ်စီးဦးထုပ်ကို စနစ်တကျ မဆောင်းထားခဲ့လို့ အခုလိုဖြစ်ရတယ်လို့ သုံးသပ် ပါတယ်။ ဆိုင်ကယ်စီးရင် ဆိုင်ကယ်စီးဦးထုပ်ဆောင်းဖို့နဲ့ မေးသိုင်းကြိုး သေချာတပ်ဖို့ လိုအပ်ပါတယ်” ဟု ကျိုင်းတုံမြို့ ရှိ အမှတ် (၁၁၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုတိယရဲမှူး အောင်ကျော်ဇောက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အတူ ကျိုင်းတုံဒေသခံတစ်ဦးကလည်း “ဆိုင်ကယ် Taxi သမားတွေက ကိုယ်တိုင်က ကိုယ့်စီးပွားရေး၊ ထမင်းစားနေရတဲ့အလုပ်မှာ ဦးထုပ်မဆောင်းတာနဲ့ ဆိုင်ကယ်စီးတဲ့ ခရီးသည်ကလည်း ဦးထုပ်မဆောင်းတာကို ခဏခဏ တွေ့နေရပါတယ်။ စည်းကမ်းမဲ့နေကြတော့ မသေသင့်ဘဲ သေတာပေါ့” ဟု ၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။
.
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဆိုင်ကယ်အား မဆင်မခြင်မောင်းနှင်မှုကြောင့် မိမိကိုယ်တိုင် ဒဏ်ရာများ ရရှိကာ သေဆုံးစေသည့် ဆိုင်ကယ်မောင်းနှင်သူ အားချူအား ကျိုင်းတုံမြို့မရဲစခန်းမှ ယာဉ် (ပ) ၄၃/၂၀၁၉၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၄ (က)/ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)