ကျိုင်းတုံတွင် မော်တော်ယာဉ်တစ်စီးမှ ဆိုင်ကယ်အား ဝင်ရောက်တိုက်မိကာ ဆိုင်ကယ်မောင်းနှင်သူ တက္ကသိုလ် ကျောင်းသားတစ်ဦး သေဆုံး - Kanbawza Tai News

Breaking

Boxed(True/False)

Wednesday, November 13, 2019

ကျိုင်းတုံတွင် မော်တော်ယာဉ်တစ်စီးမှ ဆိုင်ကယ်အား ဝင်ရောက်တိုက်မိကာ ဆိုင်ကယ်မောင်းနှင်သူ တက္ကသိုလ် ကျောင်းသားတစ်ဦး သေဆုံး


ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၁ ရက်၊ လပြည့်နေ့ ညနေပိုင်းက မော်တော်ယာဉ် တစ်စီးမှ အရှိန်မထိန်းနိုင်ဘဲ တစ်ဘက်ယာဉ်ကြောရှိ ဆိုင်ကယ်အား ဝင်ရောက်တိုက်မိပြီး ဆိုင်ကယ်စီးနင်း မောင်းနှင် လာသူ တက္ကသိုလ်ကျောင်းသားတစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.
ကျိုင်းတုံမြို့၊ လေယာဉ်ကွင်းလမ်း၊ ရွေကြယ်စင်ဟိုတယ်ရှေ့ လမ်းမပေါ်တွင် နိုဝင်ဘာ ၁၁ ရက်၊ ညနေပိုင်းက ကျိုင်းတုံ မြို့တွင်းမှ မြို့ပြင်ဘက်သို့ ဦးစိုင်းဆမ် (၆၅ နှစ်) မောင်းနှင်လာသော Probox အမျိုးအစား အဖြူရောင် မော်တော်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ တစ်ဘက်ယာဉ်ကြောသို့ ဝင်ရောက်သွားးပြီး မြို့ပြင်မှ မြို့တွင်းသို့ ကျိုင်းတုံကွန်ပျူတာတက္ကသိုလ် ဒုတိယနှစ် ကျောင်းသား မောင်ဖြိုးဇော်လတ် (၂၁ နှစ်) မောင်းနှင်ပြီး စိုင်းလှိုင်ခေး လိုက်ပါစီးနင်းလာသည့် မော်တော်ဆိုင်ကယ် အား ဝင်ရောက်တိုက်မိရာ မောင်ဖြိုးဇော်လတ်မှာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး စိုင်းလှိုင်ခေးမှာ ကျိုင်းတုံ ပြည်သူ့ ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။
.
“ဆိုင်ကယ်စီးလာသူတွေက ဆိုင်ကယ်စီးဦးထုပ် မဆောင်းထားပါဘူး။ ကားသမားက လမ်းမှားတာကြောင့် အမှုဖွင့် အရေးယူထားပါတယ်” ဟု ကျိုင်းတုံမြို့၊ အမှတ် (၁၁၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုတိယရဲမှူး အောင်ကျော်ဇောက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
“ကားသမား မှားတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ တစ်ဘက်ယာဉ်ကြောကနေ လမ်းမှန်အတိုင်း မောင်းလာတယ်ဆိုတဲ့ ဆိုင်ကယ်ရဲ့ Speed က ဘယ်လောက်များသလဲဆိုရင် ကားရှေ့ပိုင်းတစ်ခြမ်းလုံး စုတ်ပြတ်သွားပြီး ဆိုင်ကယ်လည်း ရစရာမရှိတဲ့အထိ အရှိန်ပြင်းပါတယ်” ဟု အခင်းဖြစ်နေရာအနီးတွင် ရှိနေသည့် ဒေသခံတစ်ဦးက ၎င်း၏အမြင်ကို ပြောသည်။
.
အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်၍ ကျိုင်းတုံမြို့မရဲစခန်းမှ ယာဉ်မောင်း ဦးစိုင်းဆမ်အား ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၄ (က)/၃၃၇/၂၇၉ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
အလားတူ ယင်းနေ့နံနက်ပိုင်းကလည်း ကျိုင်းတုံမြို့၊ မိုင်းခတ်လမ်း၊ ကတ်တောင်ကျေးရွာအုပ်စု၊ ယန်းဟောက်ကျေးရွာ အနီးတွင် စိုင်းလုံ (ခ) အိုက်ရှန် (၁၆ နှစ်) စီးနင်းမောင်းနှင်လာသော ဆိုင်ကယ်သည် လမ်းဘေးယာဘက်ရှိ ဓါတ်တိုင်အား ဝင်ရောက်တိုက်မိကာ အခင်းဖြစ်နေရာတွင် သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)