ကျောက်မဲမြို့နယ်စည်ပင်သာယာရေးကော်မတီ၏ ငွေကျပ် ၁၀ သန်းနှင့်အထက် တင်ဒါလုပ်ငန်းများ ဆောင်ရွက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, November 30, 2019

ကျောက်မဲမြို့နယ်စည်ပင်သာယာရေးကော်မတီ၏ ငွေကျပ် ၁၀ သန်းနှင့်အထက် တင်ဒါလုပ်ငန်းများ ဆောင်ရွက်


ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် စည်ပင်သာယာရေးကော်မတီ၏ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် ငွေကျပ် ၁၀ သန်းနှင့် အထက် တင်ဒါလုပ်ငန်းများကို ဆောင်ရွက်နေလျက် ရှိကြောင်း သိရသည်။
.
.
အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် နိုင်ငံတော်သမ္မတရုံး၏  ၁/၂၀၁၇ ညွှန်ကြားချက်နှင့် အညီ တင်ဒါ ကော်မတီ၊ ကြမ်းခင်းစျေးတွက်ချက်ရေး ကော်မတီ၊ တင်ဒါလက်ခံရေးနှင့်  စိစစ်ရေးကော် မတီ၊ အရည်အသွေး စစ်ဆေးရေးနှင့် လက်ခံရေးကော်မတီများအား ဖွဲ့စည်း ဆောင်ရွက်ခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။
.
ယင်းကော်မတီများ ဖွဲ့စည်းသည့် အခမ်းအနားကို နိုဝင်ဘာလ ၂၇ ရက်တွင် ပြုလုပ်ခဲ့ပြီး အခမ်းအနားတွင် ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်မှ အဖွင့်အမှာစကား ပြောကြားခြင်း၊ တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီဥက္ကဌ၊ စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးတင်ဝင်းမှ လုပ်ငန်းခွင် အခြေအနေ၊ ဆောင်ရွက်စဉ် လိုက်နာရမည့် အချက်အလက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
.
ထို့နောက် အရည်အေသွေး စစ်ဆေးရေးနှင့် လက်ခံရေးကော်မတီ ဥက္ကဌ၊ ကျောက်မဲမြို့နယ် စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးစိုးနိုင်ဦးက Technic al Proposal, Price Proposal ဆိုင်ရာ ကိစ္စရပ်များ၊ စာချုပ် ချုပ်ဆိုခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် စည်းကမ်းချက်ပါ အချက်အလက်များအား သိရှိ လိုက်နာရန်အတွက် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
.
ထို့အတူ ကြမ်းခင်းစျေး တွက်ချက်ရေးကော်မတီ၊ တင်ဒါစိစစ်ရေးနှင့် လက်ခံရေးကော်မတီ တွဲဖက်အတွင်းရေးမှူး တာဝန်ခံအင်ဂျင်နီယာ၊ လက်ထောက်အင်ဂျင်နီယာ ဦးစန်းဝင်းက ပါရှိရမည့် အ ချက်အလက်များ အမှတ်ပေးစည်းမျဉ်းဆိုင်ရာ အချက်အလက်များအား အကျယ်တဝင့် ရှင်းလင်းဆွေး နွေးပြီးနောက် တင်ဒါအဆိုပြုထားသည့် စွမ်းလောင်ဟိန်းကုမ္ပဏီမှ သိရှိလိုသည်များအား မေးမြန်းမှုကို ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်း သိရသည်။
.
ကျောက်မဲမြို့နယ် စည်ပင်သာယာရေးကော်မတီ၏ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် ငွေကျပ် ၁၀ သန်း နှင့် အထက် လုပ်ငန်းများမှာ Lot (1) မူလ ၅၀ ဒသမ ၉၂ သန်း၊ အဆိုပြု ၅၀ ဒသမ ၈၂ သန်း၊ Lot (2) မူလ ၃၃ ဒသမ ၆၄ သန်း၊ အဆိုပြု ၃၃ ဒသမ ၅၈ သန်း၊ Lot (3) မူလ ၂၁ ဒသမ ၅၀ သန်း၊ အဆိုပြု ၂၁ ဒသမ ၄၅၇ သန်း ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats