ကျိုင်းလပ်ရှိ တည်းခိုခန်းတစ်ခု၌ လာရောက်တည်းခိုသူ ၂ ဦးထံမှ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ - Kanbawza Tai News

Breaking

Boxed(True/False)

Friday, November 29, 2019

ကျိုင်းလပ်ရှိ တည်းခိုခန်းတစ်ခု၌ လာရောက်တည်းခိုသူ ၂ ဦးထံမှ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ


မိုင်းမော (တြိဂံနယ်မြေ)
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ကျိုင်းလပ်မြို့ရှိ တည်းခိုခန်းတစ်ခုတွင် နိုဝင်ဘာလ ၂၆ ရက်၊ နံနက် အစောပိုင်းက လာရောက်တည်းခိုမည့်သူ ၂ ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၅၀၀၀ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.
ကျိုင်းလပ်မြို့၊ ဝမ်လုံရပ်ကွက် (၁) ရှိ တည်းခိုခန်းတစ်ခုသို့ နိုဝင်ဘာလ ၂၆ ရက်၊ နံနက် ၁ နာရီခန့်က လာရောက် တည်းခိုသည့် အမျိုးသား ၂ ဦးအား မသင်္ကာသဖြင့် တည်းခိုခန်းပိုင်ရှင်မှ ရဲတပ်ဖွဲ့ထံ ဖုန်းဆက်အကြောင်းကြားရာ အဆိုပါ တည်းခိုမည့်သူ ၂ ဦးမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း သိရသည်။
.
သို့ဖြစ်၍ ရဲတပ်ဖွဲ့ဝင်များမှ ၎င်းတို့ မောင်းနှင်လာသည့် ဆိုင်ကယ်အား စစ်ဆေးရာ ဆိုင်ကယ်ထိုင်ခုံအောက်တွင် WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၅၆၀၀ ပြား၊ ကာလတန်ဖိုး ငွေကျပ် ၁၅၆ သိန်းခန့်အား သိမ်းဆည်းရမိ ခဲ့ကြောင်း သိရသည်။
.
အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ပတ်သက်၍ ထွက်ပြေးတိမ်းရှောင်သွားသူ ကျဘားနှင့် ကျအိ တို့ ၂ ဦးအား ကျိုင်းလပ်နယ်မြေရဲစခန်းတွင် မယ(ပ)၃/ ၂၀၁၉၊ ၁၉(က)/၂၁ ဖြင့် အမှုဖွင့်ကာ တရားခံများ ဖမ်းဆီးရမိနိုင်ရေး အတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)