ကမ္ဘောဇဖလား ဂေါက်သီးရိုက်ပြိုင်ပွဲကို တောင်ကြီးနှင့် အေးသာယာတွင် ကျင်းပမည် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Friday, November 8, 2019

ကမ္ဘောဇဖလား ဂေါက်သီးရိုက်ပြိုင်ပွဲကို တောင်ကြီးနှင့် အေးသာယာတွင် ကျင်းပမည်


စိုင်းအောင်မြတ် (တောင်ကြီး)
.
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (၆၂) ကြိမ်မြောက် ကမ္ဘောဇဖလား ဂေါက်သီးရိုက်ပြိုင်ပွဲကို ဒီဇင်ဘာလ ၁၉ ရက်မှ ၂၂ ရက် အထိ တောင်ကြီးဂေါက်ကွင်းနှင့် အေးသာယာ ဂေါက်ကွင်းတို့တွင် ကျင်းပပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။
.


.
အဆိုပါ ပြိုင်ပွဲသို့ အမျိုးသား အသင်း ၁၄ သင်း၊ အမျိုးသမီးအသင်း ၈ သင်း ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ပြီး အမျိုးသားပြိုင်ပွဲကို အေးသာယာဂေါက်ကွင်းတွင်လည်းကောင်း၊ သက်ကြီးနှင့် အမျိုးသမီးပြိုင်ပွဲကို တောင်ကြီးဂေါက်ကွင်းတွင်လည်း ကောင်း  ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
.
ပြိုင်ပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို နိုဝင်ဘာလ ၁ ရက်၊ မွန်းလွဲပိုင်းက ရှမ်းပြည်နယ်အစိုးရ အဖွဲ့ရုံး၊ အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး ရှမ်း ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့် စက် မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ ရှမ်းပြည် နယ်အားကစားနှင့် ကာယပညာ ဦး စီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော် ကျော်သိန်းနှင့် ပြိုင်ပွဲကျင်းပရေး ကော်မတီဝင်များ၊ ဆပ်ကော်မတီအ သီးသီးမှ တာဝန်ရှိသူများ တက် ရောက်ခဲ့ပြီး ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆွေးနွေးခဲ့ ကြကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats