သံလွင်မြစ်ကို ဖြတ်၍ နေ့စဉ်ပေါင်းကူး ရောင်းချပေးနေသည့် ဈေးကားကြောင့် ဒေသခံများ အဆင်ပြေ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Saturday, November 30, 2019

သံလွင်မြစ်ကို ဖြတ်၍ နေ့စဉ်ပေါင်းကူး ရောင်းချပေးနေသည့် ဈေးကားကြောင့် ဒေသခံများ အဆင်ပြေ


ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ကာလိမြို့မှ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းပျဉ်းမြို့နယ် ဒေသအ တွင်းသို့ သံလွင်မြစ်ကို ဖြတ်၍ စား သောက်ကုန်နှင့် လူသုံးကုန်ပစ္စည်း များ နေ့စဉ်ရောင်းချ ပေးနေသည့် စျေးကားကြောင့် ဒေသခံတိုင်းရင်း သားများအတွက် အဆင်ပြေလျက် ရှိသည်ဟု သိရသည်။
.
.
ဒီစျေးကားက အားကိုးရပါ တယ်။ ပန်းသီး၊ လိမ္မော်သီးနဲ့ သံပုရာ သီးကစပြီး အသီးအရွက်၊ သားငါး စုံပါတယ်။ ကိုယ်မှာချင်ရင် အပ်ချည် နဲ့ အပ်ကစပြီး မှာလို့ရတယ်။ စျေး လည်းမဆိုးဘူး။ ဒေသခံတွေအတွက် အဆင်ပြေပါတယ်ဟု တာကော် တံတားရှိ စစ်ဆေးရေးဂိတ်တွင် တာ ဝန်ထမ်းဆောင်နေသည့် ဝန်ထမ်း တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြော သည်။
.
ယင်းစျေးကားသည် လွိုင်လင် ခရိုင်၊ ကာလိမြို့မှ တောင်ကြီး-ကျိုင်း တုံပြည်ထောင်စု လမ်းမဘေးတစ် လျှောက်ရှိ ဖလမ်း၊ တာကော်၊ ဆင် မောင်း စသည့်ကျေးရွာစဉ်များသို့ စား သောက်ကုန်ပစ္စည်းမျိုးစုံနှင့် အိမ် သုံးဆေးဝါးများ၊ အလှကုန်ပစ္စည်း များကို ဝယ်ယူလိုသူ မှာကြားမှုအတိုင်း သယ်ဆောင် ရောင်းချပေးလျက် ရှိသည်ဟု သိရသည်။
,
ကွန်ဟိန်းနဲ့ ကာလိဝန်းကျင် မှာထွက်တဲ့ လတ်ဆတ်တဲ့ ငါးအစို လည်း ရေခဲပုံးနဲ့ ပါတယ်။ အသီးအ ရွက်လည်း တောင်သူတွေဆီကနေ တိုက်ရိုက်ဖောက်သည် ယူတာဖြစ် လို့ လတ်ဆတ်ပါတယ်။ အသွားအ ပြန်ဆီဖိုးနဲ့ တစ်ခါတစ်လေ စက်ပြင် ရတာရှိပေမဲ့လည်း ကိုယ့်အတွက် တော့ အသင့်အတင့် ကျန်ပါတယ်ဟု Probox မော်တော်ယာဉ်ဖြင့် နေ့ စဉ် စျေးရောင်းချပေးနေသူ မနန်းရှဲန် က ပြောသည်။
.
ထို့အပြင် တစ်ခါတစ်ရံ အရောင်းအဝယ် ပါးချိန်၌ ကုန်ပစ္စည်း လက်ကျန် မရှိစေရေးအတွက် မိုင်း ပျဉ်းမြို့နယ် တောင်ခြေရှိ မိုင် ၃၀ ကျေးရွာအထိ ကိုယ်တိုင်သွားရောက် ရောင်းချပေးလျက်ရှိကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
,
အဆိုပါ စျေးကားကြောင့် ရှမ်း ပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်း မှ သံလွင်မြစ်ခြား၍ မိုင် ၈၀ ကျော် ခန့်ဝေးသည့် တောင်ပေါ်ဒေသနေ တိုင်းရင်းသားများနှင့် ဝန်ထမ်းများအ တွက် နေ့စဉ်စားသောက်ကုန်နှင့် လူ သုံးကုန်များ ကို အလွယ်တကူ ဝယ်ယူရရှိနိုင်သောကြောင့် အဆင်ပြေ လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats