ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ညောင်ရွှေနှင့် ကလောတို့တွင် အားကစားပြိုင်ပွဲများ ပြုလုပ်မည် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Thursday, November 28, 2019

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ညောင်ရွှေနှင့် ကလောတို့တွင် အားကစားပြိုင်ပွဲများ ပြုလုပ်မည်


စိုင်းရာဇာ
.
ရှမ်းပြည်နယ်အတွင်း ခရီးသွား လုပ်ငန်း Sports Tourism ကဏ္ဍဖွံ့ ဖြိုးတိုးတက်လာစေရန်အတွက် ရှမ်း ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ် ငန်းကော်မတီနှင့် ရှမ်းပြည်နယ် ဟို တယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီး ဌာနတို့ ပူပေါင်း၍ ညောင်ရွှေမြို့နယ် တွင် Inle By Cycle တောင်တက် လမ်းကြမ်း စက်ဘီးစီးနင်းပွဲကိုလည်း ကောင်း၊ ကလောမြို့နယ်တွင် မာရ သွန်ပြိုင်ပွဲ (Kalaw Trail Run)  ကို လည်းကောင်း ကျင်းပပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။
.
Photo - Inlebycycle
.
ညောင်ရွှေမြို့တွင် ပြုလုပ်မည့် တတိယအကြိမ် Inle By Cycle တောင်တက်လမ်းကြမ်း စက်ဘီးစီး နင်းပွဲကို ရှမ်းပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီနှင့် ရှမ်း ပြည်နယ်ဟိုတယ်နှင့် ခရီးသွားညွှန် ကြားမှု ဦးစီးဌာနတို့မှ ကြီးမှူး၍ Cyclist Nyaung Shwe အဖွဲ့ အ စည်းနှင့် ပူးပေါင်းကာ ဒီဇင်ဘာလ ၂၂ ရက်၊ နံနက်ပိုင်းတွင် ညောင်ရွှေ မြို့ရှိ ကျောက်တိုင်ကွင်း၌ စတင်တာ လွှတ် စက်ဘီးစီးနင်းသွားမည် ဖြစ် ကြောင်း သိရသည်။
.
ထိုအတူ ကလောမြို့တွင် ပြုလုပ်မည့် စတုတ္ထအကြိမ် ကလောမာ ရသွန်အပြေးပြိုင်ပွဲ (Kalaw Trail Run)ကို ဒီဇင်ဘာလ ၇ ရက်နှင့် ၈ ရက်တို့တွင် ၂ ရက်ကြာ ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။
.
ညောင်ရွှေမှာတော့ တတိယ အကြိမ်အနေနဲ့ Inle By Cycle စက်ဘီးစီးပွဲ လုပ်မယ်။ ကလောမှာ တော့ မာရသွန်အပြေးပြိုင်ပွဲကို ၄ ကြိမ်မြောက် လုပ်မယ်။ အဲဒီပြိုင်ပွဲ တွေကို ပြည်တွင်း/ပြည်ပက စိတ်ပါ ဝင်စားတဲ့သူတွေ အနေနဲ့ ပါဝင်ဆင် နွှဲနိုင်ပါတယ်ဟု ရှမ်းပြည်နယ် ဟို တယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီး ဌာနမှ လက်ထောက်ညွှန်ကြားရေး မှူး ဒေါ်နန်းမြင့်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ပြိုင်ပွဲများတွင် လှပသော တောင်ပေါ်လမ်းများ၏ ထူးခြား သော အတွေ့အကြုံများကိုခံစားရင်း ဆင်နွှဲနိုင်ရန်အတွက် Professional အားကစားသမားများ၊ ဝါသနာရှင် များနှင့် ပြည်တွင်း/ပြည်ပမှ စိတ်ပါ ဝင်စားသူများအားလုံး ပါဝင်နိုင်ရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။
.
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က ပြု လုပ်ခဲ့သည့် တတိယအကြိမ် Kalaw Trail Run 2018 ပြိုင်ပွဲတွင် ပြည် တွင်း/ ပြည်ပမှ အားကစားသမား ၃၅၀ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ညောင် ရွှေမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် Inle By Cycle စက်ဘီး စီးနင်းပွဲတွင် အားကစားသမား ၅၀၀ ဦး ပါဝင်ဆင် နွှဲခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats