ဟိုပုံးတန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲအား ကွင်းဟောင်းဖြစ်သော ကျွဲနွားပွဲဈေးကွင်းတွင်သာ ပြုလုပ်သွားမည် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Saturday, November 9, 2019

ဟိုပုံးတန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲအား ကွင်းဟောင်းဖြစ်သော ကျွဲနွားပွဲဈေးကွင်းတွင်သာ ပြုလုပ်သွားမည်


ခွန်သက်ထူး
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် နှစ်စဉ် ကျင်းပမြဲ ဖြစ်သော သီရိမင်္ဂလာရွှေချမ်းသာမွေ တော်ဘုရားကြီး ဆီမီးပူဇော်ပွဲနှင့် တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲ ကို နိုဝင်ဘာလ ၁၅ ရက်မှ ၁၉ ရက် အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မီးပုံးပျံပြိုင်ပွဲကို ယခင် ကျင်းပမြဲ ကွင်းဟောင်းဖြစ်သော ဟိုးပုံးကျွဲနွား ပွဲစျေးကွင်း အတွင်း၌သာ ကျင်းပပြု လုပ်သွားမည်ဖြစ်ကြောင်း သိရ သည်။
.
.
"မီးပုံးပျံကွင်းကတော့ အစက လျာထားတာ ၃ ကွင်းပေါ့။ အခုက တော့ အရင်လုပ်နေကျ ကွင်းမှာပဲ ပြန်လုပ်မယ်။ ပြိုင်ပွဲဝင်မယ့် မီးပုံးပျံ အရေအတွက်ကတော့ ၇ လုံးရှိပြီ။ မီးပုံးပျံကွင်းမှာလည်း ဆလိုက်မီးတွေ ထပ်တိုး ပေးဖို့ မီးပုံးပျံအဖွဲ့တွေက တောင်းဆိုထားတာရှိပါတယ်” ဟု သီရိမင်္ဂလာရွှေချမ်းသာမွေတော် ဘုရားကြီး ဂေါပကအဖွဲ့မှ ဦးကျော်ရှိန်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အပြင် ယခုနှစ် ဟိုပုံးတန် ဆောင်တိုင်ပွဲတော် ကာလအတွင်း လောင်းကစား လုပ်ငန်းများကို လုံးဝ ခွင့်ပြုသွားမည်မဟုတ်ဘဲ တွေ့ရှိပါ က သတင်းပေးနိုင်ကြောင်းနှင့် ထိ ရောက်စွာ အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားခဲ့သည်။
.
ကျွန်တော်တို့ကလည်း မီးပုံး ပျံသာလုပ်ရတာ၊ ဆုရရင် တောင် အရင်းပြန်မရပါဘူး။ ဒါပေမဲ့လည်း ကိုယ့်မြို့ ကိုယ့်ရွာရဲ့ ရိုးရာဓလေ့ပွဲ တော်လေး မပျက်စီးသွားအောင် လုပ်တာပါ။ မီးပုံးပျံလုပ်တယ်ဆိုတာ ငွေရှိတိုင်း လုပ်လို့မရပါဘူး။ ပညာ ရှင်လိုတယ်။ တာဝန်ခံမယ့်သူ၊ ဘဏ္ဍာရေး၊ ဘေးအန္တရာယ် ကင်း ရှင်းရေး အစစအရာရာ ကြိုတင်ပြင် ဆင်ရပါတယ်”ဟု ဟိုပုံးတန်ဆောင် တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲတွင် ဝင် ရောက် ယှဉ်ပြိုင် လွှတ်တင်မည့် ပြိုင် ပွဲဝင် မီးပုံးပျံ အဖွဲ့တစ်ခုမှ တာဝန်ရှိသူက ၎င်း၏အမြင်ကို ပြောဆို ခဲ့သည်။
.
ယခုနှစ် ဟိုပုံးတန်ဆောင်တိုင်ပွဲ တော် မီးပုံးပျံပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် မီးပုံးပျံအရေအတွက် သည် ယခင်နှစ်နှင့် နှိုင်းစာပါကထက် ဝက်ခန့် လျော့နည်းသွားပြီး ယခင် နှစ်တွင် မီးပုံးပျံ ၁၃ လုံး ပါဝင် ယှဉ် ပြိုင်ခဲ့သော်လည်း ယခုနှစ်တွင် ပြိုင် ပွဲဝင်မီးပုံးပျံအရေအတွက် ၇ လုံးသာ ရှိကြောင်း သိရသည်။
.
ပြိုင်ပွဲဝင်မီးပုံးပျံတွေ လျော့ သွားရတဲ့အကြောင်းက ဒိုင်တွေ မှန် မှန်ကန်ကန်မလုပ်ဘူးလို့ ယူဆတဲ့ အတွက် ဝင်မပြိုင်ချင်တော့တာပါ။ ဆုရချင်လို့ မီးပုံးပျံပြိုင်တာ မဟုတ် ပါဘူး။ ကိုယ့်မြို့ကိုယ့်ရွာဓလေ့ မ ပျက်စီးအောင်၊ သီရိမင်္ဂလာ ရွေချမ်း သာ မွေတော်ဘုရားကြီးကိုလည်း ပူ ဇော်တဲ့အနေနဲ့ လွှတ်တင်တာပါ” ဟု ဟိုပုံးဒေသခံတစ်ဦးက ပြောသည်။
.
ဟိုပုံးမြို့သည် တောင်ကြီးမြို့နှင့် အနီးဆုံးတွင် တည်ရှိပြီး တောင်ကြီး တန်ဆောင်တိုင်ပွဲတော်စတင် ကျင်း ပခဲ့သည့်အချိန်ကာလမှ စတင်၍ ဟိုပုံးမြို့ တန်ဆောင်တိုင်ပွဲတော် ကို နှစ်စဉ်မပြတ် ကျင်းပခဲ့ခြင်း ဖြစ်ကာ ဟိုပုံးတန်ဆောင်တိုင် ပွဲ တော် မီးပုံးပျံပြိုင်ပွဲသည် တောင် ကြီး တန်ဆောင်တိုင် မီးပုံးပျံပြိုင် ပွ ဲပြီးပါက ဒုတိယမြောက် အစည် ကားဆုံးသော ပွဲတော်တစ်ခု ဖြစ် ကြောင်း သိရသည်။
.
ဟိုပုံးမြို့၊သီရိမင်္ဂလာ ရွှေချမ်း သာမွေတော်ဘုရားကြီး ဗုဒ္ဓကူဇနိ ယ မီးထွန်းပူဇော်ပွဲကို နှစ်စဉ်တန် ဆောင်မုန်းလဆုတ် ၆ ရက်နှင့်တ ပေါင်းလဆုတ် ၆ ရက်တို့တွင် ကျင်း ပလေ့ရှိ ကြောင်းသိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats