ကျွန်ပညာရေးစနစ်ကို တိုက်ထုတ်ခဲ့သော နေ့ထူးနေ့မြတ် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Thursday, November 21, 2019

ကျွန်ပညာရေးစနစ်ကို တိုက်ထုတ်ခဲ့သော နေ့ထူးနေ့မြတ်


ကမ္ဘောဇတိုင်း
.

၁၃၈၁ ခုနှစ်၊ တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက် (၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်) သည် ၉၉ နှစ်မြောက် အမျိုးသားနေ့ ဖြစ်ပေသည်။
.
အမျိုးသားနေ့ဆိုသည်မှာ ကျောင်းသား၊ ကျောင်းသူများက စတင်ကာ ကိုလိုနီ လက် ထက် ကျွန်ပညာရေးစနစ်အား ကန့်ကွက်သပိတ်မှောက်ခဲ့ကြသော မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်နေ့ကို သတ်မှတ်ထားခြင်း ဖြစ်ပြီး လာမည့် ၂၀၂၀ ပြည့်နှစ်တွင် ရာပြည့် အမျိုးသားနေ့ အခမ်းအနားကို ကျင်းပနိုင်တော့ မည်လည်း ဖြစ်သည်။
.
အမျိုးသားနေ့ အဖြစ် မှတ်ကျောက် တင်စေခဲ့သည့် ကျောင်းသားများ၏ ကန့်ကွက်  သပိတ်မှောက်ခဲ့သော ကျေးဇူးကြောင့် အမျိုးသားကျောင်းများ ပေါ်ပေါက်လာခဲ့ရသကဲ့ သို့ ပညာသင်ကြားခွင့် ရခြင်း၏ အကျိုးကျေးဇူးကိုလည်း သိရှိခဲ့ကြရသည်။
.
အမျိုးသားပညာရေးတိုက်ပွဲသည် ကျွန်ပညာရေးအား အမြစ်မှမြေလှန်ချေမှုန်းခဲ့သည် သာမက မိမိနိုင်ငံ၏ အချုပ်အခြာအာဏာ ပြန်လည် ရယူနိုင်ရေးအတွက် ဇာတိသွေးဇာတိ မာန်များ ဖြည့်တင်းပေးသည့် ဖြစ်ရပ်ကြီး တစ်ခုပင် ဖြစ်ပေသည်။ အမျိုးသားပညာ ရေးတိုက်ပွဲသည် မြန်မာ့လွတ်လပ်ရေးရရှိရန် အစပျိုးအုတ်မြစ်ချမှတ်ပေးသည့် နေ့တစ်နေ့ ဖြစ်၍ အမျိုးသားအောင်ပွဲနေ့သည် ကမ္ဘာ တည်သရွေ့ မြန်မာနိုင်ငံသားတို့၏ ရင်ထဲနှလုံး သားထဲတွင် အမြဲသိုသိမ်းထားရမည့် နေ့တစ်နေ့ပင် ဖြစ်ပါသည်။
.
ယနေ့ခေတ်တွင် ဘွဲ့ရလည်း အပိုပါပဲဟူသော အကြောင်းမဲ့ ပြစ်တင်ဝေဖန်သူများ အနေဖြင့် ပညာသင်ယူရခြင်း မရှိသည်မှာ လူ့ဘဝတန်ဖိုး နိမ့်ကျမှု တစ်ရပ် ဖြစ်စေနိုင် သည်ကို သိရှိရန် လိုအပ်ပေသည်။
.
လက်ရှိ မြန်မာနိုင်ငံပညာရေးစနစ်သည် ပြီးပြည့်စုံသော စနစ် မဟုတ်သည်မှာ လက်ရှိ အရှိ တရားပင် ဖြစ်ပေသည်။ ယင်းကဲ့သို့သော ပညာရေး နိမ့်ကျမှု အခြေအနေများကို ယနေ့ခေတ်တွင် အဘက်ဘက်မှ ၀ိုင်းဝန်းမြှင့်တင်ရန်  နိုင်ငံတော်အစိုးရနှင့် သက် ဆိုင်ရာ တာဝန်ရှိသူ၊ တာဝန်သိသူများက ကြိုးပမ်းနေကြလျက်ရှိရာ ပြည်သူလူထု တစ်ရပ်လုံးမှလည်း စုပေါင်းအားဖြင့် တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြရန် လို အပ်ပါကြောင်းနှင့် ကျွန်ပညာရေးစနစ်ကို တွန်းလှန်ခဲ့သော နေ့ထူးနေ့မြတ် ဖြစ်သော အမျိုးသားနေ့အား ဂုဏ်ပြုကြိုဆိုလိုက်ရပါသည်။ 
.

No comments:

Post a Comment

Journal Download

Photo of three cats