ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ ဟဲဟိုးရှိ ဟင်းသီးဟင်းရွက်အခြောက်ခံစက်အား သွားရောက်လေ့လာ - Kanbawza Tai News

Breaking

Boxed(True/False)

Saturday, November 16, 2019

ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ ဟဲဟိုးရှိ ဟင်းသီးဟင်းရွက်အခြောက်ခံစက်အား သွားရောက်လေ့လာ


မင်းဇော်မင်း
.
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများသည် နိုဝင်ဘာလ ၁၅ ရက်၊ နံနက်ပိုင်းက ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ ဝါးရုံပင်ကျေးရွာရှိ Myanmar Belle ကုမ္ပဏီ၏ ဟင်းသီးဟင်းရွက်အခြောက်ခံစက်အား သွားရောက်လေ့လာခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
.
.
စက်ရုံအနေနဲ့ စမ်းသပ်စိုက်ခင်းတွေအတွက် မြေလိုအပ်ချက်ကို ငှားရမ်းပေးဖို့နဲ့ တောင်သူတွေကို စက်မှုလယ်ယာ အဆင့် စက်မှုပစ္စည်းတွေ သုံးစွဲနိုင်ရေး အကူအညီတောင်းခံခဲ့ပါတယ်။ ပြည်နယ်ဝန်ကြီးချုပ်က အတတ်နိုင်ဆုံး ကြိုးပမ်းပေးမယ်လို့ ပြောကြားခဲ့ပါတယ်” ဟု Myanmar Belle ကုမ္ပဏီမှ အမှုဆောင်ဒါရိုက်တာ ဒေါ်တင်ယောအောင် က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
၎င်းအနေဖြင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့အား စက်ရုံခန်းမဆောင်တွင် စက်ရုံနှင့် လုပ်ငန်းပိုင်း ဆောင်ရွက်နေမှုများ၊ ဈေးကွက်အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
.
ကုမ္ပဏီ၏ မန်နေးဂျင်းဒါရိုက်တာဖြစ်သူသည် လွန်ခဲ့သည့် ၁၀ နှစ်ခန့်က ခရီးသွားရင်း လမ်းဘေးတွင် စုပုံပစ်ထားသည့် ဟင်းသီးဟင်းရွက်များကို မြင်တွေ့ရာမှ ဂျပန်နိုင်ငံ၌ ဟင်းသီးဟင်းရွက် အခြောက်ခံသည့်လုပ်ငန်းကို လေ့လာခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် စက်ရုံတည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
စက်ရုံတည်ထောင်စ ၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ်များအတွင်း ကော်ဖီများကို အခြောက်ခံကာ ဂျပန်နိုင်ငံသို့ တင်ပို့ခဲ့ရာ စိုက်ခင်းသုံးမြေဩဇာဓါတ်ကြွင်း များပြားသဖြင့် လက်မခံသောကြောင့် ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရပြီးနောက် မြေဩဇာ၊ ဓါတုဆေးများကို အချိန်အဆ၊ ကြိမ်ရေ ပြုပြင်သုံးစွဲခဲ့သဖြင့် ယခုအခါ ဂျပန်နှင့် ကိုရီးယားနိုင်ငံများသို့ တစ်နှစ်လျှင် တန်ချိန် ၃၀၀ မှ ၄၀၀ အထိ စာချုပ်အမှာစာများအတိုင်း တင်ပို့နိုင်ပြီဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် စက်ရုံတွင် တောင်သူများ၏ တောင်းဆိုချက်အရ မုံလာရွက်ခြောက်၊ မုံလာဥနီ၊ ဥဖြူတို့ကို အမှုန့်ခြောက် ပြုလုပ်ကာ တင်ပို့နိုင်ရေးအတွက် ဆောင်ရွက်ရန်ရှိသော်လည်း စမ်းသပ်စိုက်ခင်းများလိုအပ်နေသဖြင့် မြေယာငှားရမ်း ရရှိနိုင်ရေးနှင့် စက်မှုလယ်ယာအဖြစ် တိုးမြှင့်နိုင်ရေးအတွက် စက်ကိရိယာများ လိုအပ်လျက်ရှိကြောင်း သိရသည်။
.
တောင်သူများအား ရာသီအလိုက်အကျိုးဖြစ်ထွန်းစေမည့် သီးနှံများကို စိုက်ပျိုးစေခြင်းဖြင့် တောင်သူများ၏ ဝင်ငွေ တိုးကာ ဘဝမြင့်မားစေရေးအတွက် နိုင်ငံကိုယ်စားပြုထွက်ကုန်အဖြစ် အကျိုးအမြတ်နည်းပါးစွာဖြင့် လုပ်ဆောင်လျက် ရှိကြောင်း ၎င်းက ဆိုသည်။
.
Myanmar Belle ဟင်းသီးဟင်းရွက်အခြောက်ခံစက်ရုံအနေဖြင့် Air Dry နည်းပညာဖြင့် အခြောက်ခံနည်းပညာကို အသုံးပြုလျက်ရှိပြီး နောင်အနာဂတ်တွင် စက်ရုံ ၄ ရုံအထိ တိုးချဲ့လုပ်ဆောင်နိုင်ရန် လုပ်ဆောင်လျက်ရှိကာ တောင်သူ များအား GAP စနစ်ဖြင့် စိုက်ပျိုးရန် အသိပညာနှင့် အရင်းအနှီးများ ပံ့ပိုးကူညီ ပေးလျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)