အင်းလေးကန် ထိန်းသိမ်းရေး အတွက် အင်းလေးကန် သံတမန်များ အစီအစဉ် စတင်ဆောင်ရွက် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Wednesday, November 6, 2019

အင်းလေးကန် ထိန်းသိမ်းရေး အတွက် အင်းလေးကန် သံတမန်များ အစီအစဉ် စတင်ဆောင်ရွက်


ခွန်သက်ထူး
.
ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်အတွင်းရှိ ကမ္ဘာ ကျော် အင်းလေးကန် ထိန်းသိမ်းရေး အတွက်ပညာ ပေးလှုံ့ဆော်မှုအစီအ စဉ်များကို ဆောင်ရွက်နိုင်ရန် အင်း လေးကန် သံတမန်စီမံကိန်း (Inle Lake Ambassadors) သင်တန်းကို အောက်တိုဘာလ ၁၈ ရက်မှ နိုဝင် ဘာလ ၆ ရက်အထိ ၃ ပတ်တာဖွင့် လှစ်ခဲ့ပြီး သင်တန်းအပြီးတွင် အင်း လေးကန် သံတမန်များ အစီအစဉ် ကို စတင် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။
.

.
အဆိုပါ အင်းလေးကန် သံတမန် စီမံကိန်း (Inle Lake Ambassdors) သင်တန်းကို Myanmar Institude for Integrated Development- MIID) မှ ကြီးမှူး၍ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အင်းလေးကန် သံတမန်များ အ စီအစဉ် ဖွင့်ပွဲအခမ်းအနားနှင့် သင် တန်းဆင်းလက်မှတ် ပေးအပ်ပွဲကို နိုဝင်ဘာလ ၆ ရက်၊ နံနက်ပိုင်းက ညောင်ရွှေမြို့၊ ဖောင်တော်ဆိုက် လမ်းရှိ Everjoy ခန်းမတွင် ကျင်းပ ရာ MIID မှ Executive Director Mr.Joern Kristensen က ၂၀၂၀ ပြည့်နှစ်၊ မတ်လတွင် ကျင်းပမည့် အင်းလေးကန်သံတမန်များ ညှိနှိုင်း ဆွေးနွေးပွဲတွင် သင်တန်းသားများ ၏ လေ့လာတွေ့ရှိချက်များနှင့် အ ကြံပြုချက်များကို ဆုံးဖြတ်ချက်ရယူ ရာတွင် အရေးပါသော အခန်း ကဏ္ဍ၌ ပါဝင်သည့် အစိုးရဌာန ဆိုင်ရာများသို့ တင်ပြ၍ ဒေသတွင်း ပညာပေး လှုံ့ဆော်မှု အစီအစဉ်များ ကို အောင်မြင်စွာ ဆောင်ရွက်သွား နိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့ သည်။
.
အင်းလေးကန် သံတမန်များအ စီအစဉ်သည် ကုလသမဂ္ဂဖွံ့ ဖြိုးတိုး တက်မှုအစီအစဉ် (UNDP)နှင့် နော် ဝေနိုင်ငံ အစိုးရမှ ပူးပေါင်းအကောင် ထည်ဖော် ဆောင်ရွက်လျက်ရှိသော အစီအစဉ် တစ်ခုဖြစ်ပြီး အစီအစဉ် တွင် ပါဝင်ရန် လူငယ် ၁၀ ဦးကို ရွေး ချယ်၍ အင်းလေးကန်နှင့် ပတ်သက် သော ရင်ဆိုင်နေရသည့် အခက်အ ခဲများကို သိရှိနားလည်နိုင်ရန် ထည့် သွင်း လေ့လာခဲ့ကြကြောင်း သိရ သည်။
.
ထိုသို့ရွေးချယ်ရာတွင် အင်း လေးကန် ထိန်းသိမ်းစောင့်ရှောက် ရေးအခန်း ကဏ္ဍအတွက် တက်ကြွ စွာ ပါဝင်ဆောင်ရွက်နိုင်ရန် စိတ်ပါ ဝင်သော လူငယ်များကို စုစည်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
.
ယင်းသင်တန်းအတွက် အသိ ပေးလျှောက်လွှာများကို ဩဂုတ်လ ၂၉ ရက်မှ စက်တင်ဘာလ ၁၃ ရက် အထိ လက်ခံဆောင်ရွက်ခဲ့ရာ လျှောက်လွှာ ပေါင်း ၁၁၀၀ လက်ခံရ ရှိခဲ့ကာ ယင်းလျှောက်လွှာရှင်များ အနက်မှ ၅၃ ဦး ကို ပဏာမရွေးချယ် ကာ ၂၃ ဦး ကို ပထမအဆင့် လူတွေ့ မေးမြန်းပြီးနောက် နောက်ဆုံး ၁၀ ဦး ကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
.
ရွေးချယ်ခံရသူများသည် သင် တန်းကာလအတွင်း စဉ်ဆက်မပြတ် အချက်အလက်များ စုဆောင်းကာ လူဦးရေ အချိုးအစားနှင့် ခရီးသွား လုပ်ငန်းဆိုင်ရာ စာရင်းအင်း၊ ရေနှင့် ထင်း သုံးစွဲမှု၊ ရေအတိမ်အနက် အ ဆင့်သတ်မှတ်ချက်၊ ရေအားလျှပ်စစ် အသုံးပြုမှု၊ အမှိုက် ဆယ်ယူခြင်း လှုပ်ရှားမှုများ၊ ပိုးသတ်ဆေး၊ ဟိုက် ဒရိုကာဗွန်နှင့် လေးလံသောသတ္တု များကြောင့် ညစ်ညမ်းမှုများ၊ ဇီဝမျိုးစုံ မျိုးကွဲများ စသည်တို့ကို လေ့လာ သင်ကြားခဲ့ပြီး သိပ္ပံနည်းကျ သတင်း သိုလှောင် စနစ် (Data Base)ကို တည်ဆောက်နိုင်ရန် အထောက်အ ပံ့ပေးခဲ့ကာဌာနဆိုင်ရာများ၊ ကျောင်း သား/သူများ၊ သုတေသီများအတွက် တိကျပြည့်စုံ မှန်ကန်သည့် သတင်း ရင်းမြစ်များကို ကောင်းမွန်စွာ စီမံ ခန့်ခွဲအသုံး ပြုနိုင်ရန် သင်ကြားလေ့ ကျင့်ပေးခဲ့ကြောင်း သိရသည်။
.
ငါးဖမ်းနည်းမှာ ငါးမျိုးစိတ် သ ဘောသဘာဝတွေကို ငါးပညာရှင်က ဟောပြော ပို့ချတယ်။ သစ်တောပြုန်း တီးမှု ဆိုရင်လည်း သစ်တောပညာ ရှင်က ဟောပြောတယ်။ နုန်းတင်တဲ့ ကိစ္စကအစ ရေထုညစ်ညမ်းမှုကို သိ နိုင်ဖို့ ဂြိုလ်တုကနေ အစက်ပွိုင့်တွေ သတ်မှတ်ပြီး အဲဒီနေရာတွေမှာ ရေ နမူနာ ယူပါတယ်။ ပြီးတော့ ဓါတ်ခွဲ စမ်းသပ်တာတွေ လုပ်တယ်။ အ မှိုက် ကင်းစင်ဖို့ကအစပေါ့။ ဒီလူ ငယ်တွေက တိကျတဲ့ Data Base တွေနဲ့ လုပ်ဆောင်ပြီး အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်ပြီး တာဝန်ရှိ သူ တွေကို ပံ့ပိုးကူညီဖို့ ရည်ရွယ်ပါ တယ်”ဟု Stregthening the Inle Lake Management Autyority- LMA Development & Conser-vation Project  မှ Mr Martin က ပြောသည်။
.
အဆိုပါ အင်းလေးကန် သံတ မန် အစီအစဉ် ပညာပေး လှုပ်ရှားမှု များကို လာမည့် ၂၀၂၀ ပြည့်နှစ်၊ မတ်လ အထိ ပြုလုပ်သွားမည်ဖြစ် ပြီး ယင်းကာလအတွင်း ဒေသတွင်း ပညာပေးလှုံ့ဆော်မှုများကို ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။
.
MIID အဖွဲ့အစည်းသည် နော် ဝေအစိုးရမှ ကုလသမဂ္ဂ UNDP အ စီအစဉ်ဖြင့် ၂၀၁၂ ခုနှစ်မှ စကာ အင်းလေးကန် ထိန်းသိမ်းရေး အ တွက် လုပ်ဆောင်နေပြီး ILMA စီမံ ကိန်းအတွက် အင်းလေးကန် ဆိုင်ရာ ကိစ္စရပ်များတွင် ပံ့ပိုးကူညီနေသော အဖွဲ့အစည်း ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats