နိုင်ငံ့အဖွဲ့အစည်းများတွင် မခိုးရမနေနိုင်သည့်ရောဂါ စွဲကပ်နေသည့်အတွက် ဒီမိုကရေစီကူးပြောင်းရာ၌ မရှင်သန်နိုင် ဟုဆို - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Tuesday, November 19, 2019

နိုင်ငံ့အဖွဲ့အစည်းများတွင် မခိုးရမနေနိုင်သည့်ရောဂါ စွဲကပ်နေသည့်အတွက် ဒီမိုကရေစီကူးပြောင်းရာ၌ မရှင်သန်နိုင် ဟုဆို


မင်းဇော်မင်း
.
နိုင်ငံ့အဖွဲ့အစည်းများတွင် မခိုးရမနေနိုင်သည့် ရောဂါများ စွဲကပ်နေသဖြင့် ကမ္ဘာတွင် သူခိုးနိုင်ငံဟု ကျော်ကြား နေပြီး ဒီမိုကရေစီ အကူးအပြောင်းတွင်လည်း ရှင်သန်နိုင်စရာအကြောင်းမရှိကြောင်း မြောက်ဦးမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးဦးလှစောက ပြောဆိုခဲ့သည်။
.

.
ပြည်သူ့လွှတ်တော် ငွေစာရင်းပူးပေါင်းကော်တီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (၁၅/၂၀၁၉) ကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးစဉ် ဦးဦးလှစောက ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
.
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောက ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ အစီရင်ခံစာမှာ ဒီမို ကရေစီအသွင်ပြောင်းကာလတွင် တိုင်းပြည်၏ ပကတိအရှိတရား၊ အမှန်တရားများကို တစ်စုံတစ်ရာ ထင်ဟပ်နိုင် သဖြင့် တန်ဖိုးရှိသည့် အစီရင်ခံစာဖြစ်ကြောင်း၊ သို့အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိသူများ၊ သက် ဆိုင်ရာဝန်ကြီးဌာန တာဝန်ရှိသူများအနေဖြင့် အစီရင်ခံစာကို လေးလေနက်နက်တန်ဖိုးထားရန် လိုအပ်ကြောင်း၊ ကုမ္ပဏီများအနေဖြင့်လည်း အလေးထား လုပ်ဆောင်ကြရန် လိုအပ်ကြောင်း၊ လွှတ်တော်မှ ပြည်သူအတွက် တောင်း ဆိုခဲ့သော်လည်း အောက်ခြေ အကောင်အထည်ဖော်သည့် ပြည်နယ်အဆင့်တွင် ကုမ္ပဏီ၊ QC ပြဿနာများ ရှုပ်ထွေးပါ ကြောင်း၊ တိုင်းပြည်၏ အသီးအပွင့်ကို ပြည်သူများ မခံစားရပါက ပြန်လည်သုံးသပ်ရမည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်က လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်မှ QC နှင့်ပတ်သက်၍ လွှတ်တော်တွင် အဆို တင်းသွင်းခဲ့ရာ လွှတ်တော်မှ အတည်ပြုခဲ့ပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် မည်သို့လုပ်ဆောင်နေ သည်ကို မသိရကြောင်း၊ သို့အတွက် QC ကို စနစ်တကျ လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ ဒီမိုကရေစီအကူးအပြောင်း တွင် ဖြစ်တတ်သည့် Kleptomania ခေါ် မခိုးရမနေနိုင်သည့်စိတ်ဖြင့် အင်ဒိနီးရှား၊ ဖိလစ်ပိုင်နိုင်ငံများတွင် ဖြစ်ပွားခဲ့ ဖူးကြောင်း၊ ဝန်ကြီးဌာနများအနေဖြင့် အလေးနက် လိုက်နာလုပ်ဆောင်သင့်ကြောင်း လွှတ်တော်တွင် ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
.
“ဒါကြီးက အရင်ကတည်းကရှိခဲ့တယ်။ အခုပိုဆိုးလာတယ်။ ပထမအကြိမ်တုန်းက နာယက ဦးခင်မောင်မြင့် ကလည်း ဇီးသီးဗန်းမှောက်တယ်လို့ ပြောခဲ့ဖူးတယ်။ အခုက မတော်တဆမှောက်တာမဟုတ်ဘူး။ တမင်ကို လုပ်မှောက် နေတာ။ သက်ဆိုင်ရာတွေကလည်း ဘာမှထိထိရောက်ရောက် အရေးမယူဘူး။ QC တွေဟာ သက်ဆိုင်ရာ တိုင်းဒေသ ကြီး/ ပြည်နယ်အစိုးရဝန်ကြီးတွေနဲ့ ပတ်သက်တာတွေ များနေတယ်။ ဆင်းရဲလို့မဟုတ်ဘဲ ပြည်သူ့ဘဏ္ဍာထဲက တမင် ခိုးနေကြတာကို မသိကျိုးကျွံလုပ်နေကြတာက တော်တော်လေးများနေတယ်။ အဲဒါကို ထောက်ပြတာပါ” ဟု ဦးဦး လှစောက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏  လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ အမှတ်စဉ် (၁၅/၂၀၁၉)ကို နိုဝင်ဘာ ၈ ရက်မှစကာ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်၂၁ ဦးက ဆွေးနွေးနေခြင်းဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats