တရုတ်နိုင်ငံသားမှ ထိုင်းနိုင်ငံသူကို ဖျားယောင်းသွေးဆောင်ကာ ငွေညှစ်မှုဖြစ်ပွား - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Saturday, November 16, 2019

တရုတ်နိုင်ငံသားမှ ထိုင်းနိုင်ငံသူကို ဖျားယောင်းသွေးဆောင်ကာ ငွေညှစ်မှုဖြစ်ပွား


မင်းဇော်မင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ (၄) မိုင်းလားတွင် တရုတ်နိုင်ငံသားမှ ထိုင်းနိုင်ငံသူကို ဖျားယောင်းသွေးဆောင် ခေါ်ယူကာ ငွေညှစ်တောင်းခံမှု ဖြစ်ပွားခဲ့ပြီး နိုဝင်ဘာလ ၁၅ ရက်တွင် အမျိုးသမီးကို ကယ်တင်နိုင်ခဲ့ကာ ထိုင်းနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း တာချီလိတ် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။
.
.
သံရုံးကနေ ကောင်းမလေးမိဘတွေ အကြောင်းကြားလာလို့ မိုင်းလားမှာ သွားရောက်ခေါ်ယူ ကယ်တင်နိုင်ခဲ့ပါတယ်။ တရုတ်နိုင်ငံသားက ကလေးမ မိဘတွေဆီကို ယွမ် ၃ သိန်းမပေးရင် သူတို့သမီးကို ပြည့်တန်ဆာရောင်းစားမယ်လို့ ဖုန်းဆက်လာလို့ မိဘတွေက သံရုံးကတစ်ဆင့် အကူအညီတောင်းလာတာပါ” ဟု တာချီလိတ်ခရိုင်လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရဲအုပ်လှဘုန်းက ပြောသည်။
.
ကျူးလွန်သည့် အမျိုးသားမှာမူ မိုင်းလားအထူးဒေသ (၄) နယ်မြေအတွင်း ရှိနေသဖြင့် ဖမ်းဆီးအရေးယူနိုင်ခြင်း မရှိသေးကြောင်း ၎င်းထံက သိရသည်။
.
ရန်ကုန်မြို့ရှိ ထိုင်းနိုင်ငံဆိုင်ရာသံရုံး၊ ရဲဆက်ဆံရေးအရာရှိရုံးမှ ထိုင်းနိုင်ငံသူ Ms. Supatcha NOKNOY အား ကယ်တင်ပေးရန် မေတ္တာရပ်ခံလာမှုနှင့်စပ်လျဉ်း၍ စိစစ်ချက်များအရ ၎င်းသည် လူကုန်ကူးခံရသူမဟုတ်ခြင်း၊ မြန်မာနိုင်ငံနယ်နိမိတ်အတွင်း ပြစ်မှုကျူးလွန်ခဲ့မှုမရှိခြင်းတို့ကြောင့် တာချီလိတ် BCATIP ရုံးမှတစ်ဆင့် ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ BCATIP ရုံးသို့ ပြန်လည်လွှဲပြောင်းပေးနိုင်ရန် ညွှန်ကြားချက်အရ Ms. Supatcha NOKNOY အား လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးတပ်ဖွဲ့စု (၁၈)တပ်ဖွဲ့စုမှူးနှင့် လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့စိတ် (၁) တာချီလိတ် တပ်ဖွဲ့စိတ်မှူး၊ တပ်ဖွဲ့ဝင်များ၊ လဝကမှူးအောင်မိုးကျော်တို့အဖွဲ့သည် ထိုင်းနိုင်ငံ၊ ချင်းရိုင်း၊ မယ်ဆိုင်မြို့ BCATIP ရုံးသို့ သွားရောက်လွှဲပြောင်းခဲ့ရာ  ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင် BACTIP ခေါင်းဆောင် Polic Col. CHATCHAI SAMNIANG(Position Superintendent Chaingrai Immigration) ဦးစီး အဖွဲ့ဝင်များက နိုဝင်ဘာလ ၁၅ ရက် ညနေ ပိုင်းတွင် လက်ခံဆောင်ရွက်ခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats