တောင်ကြီးသား မျိုးဆက်သစ် တေးသံရှင် မြဲဉာဏ်နှင့် တွေ့ဆုံ မေးမြန်းခြင်း - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Saturday, November 2, 2019

တောင်ကြီးသား မျိုးဆက်သစ် တေးသံရှင် မြဲဉာဏ်နှင့် တွေ့ဆုံ မေးမြန်းခြင်း

' နောက်ထပ် ပုံစံ မတူတဲ့ Music တွေကို ချပြ သွားမှာပါ '
 .
စုလှိုင် တွေ့ဆုံမေးမြန်းသည်။
.
ဂီတပျိုးခင်းထဲက ဖူးပွင့်စ ဂီတအရိုင်းပန်း များစွာအနက် ရှမ်းပြည်နယ်ဖွား တောင်ကြီး သား မျိုးဆက်သစ် တေးသံရှင်တစ်ဦးမှာ မြဲ ဉာဏ် ဖြစ်ပါသည်။
.
တေးသံရှင် မြဲဉာဏ်သည် မကြာသေး သည့် ကာလအတွင်းက “ချစ်ခွင့် အမည်ရ တစ်ကိုယ်တော် တေးအယ်ဘမ် တစ်ချပ်ကို ထုတ်လုပ်ဖြန့်ချိထားပါသည်။ သို့ဖြစ်၍ တေး သံရှင် မြဲဉာဏ်နှင့် တွေ့ဆုံ၍ ၎င်း၏ ဂီတအ ပေါ် ရူးသွပ်စွဲလမ်းယုံကြည်မှုများ၊ ကြိုးစားအား ထုတ်မှုများ၊ လက်ရှိ မကြာသေးမီက ထွက်ရှိ ထားသော ချစ်ခွင့်အမည်ရ တေးအယ်လ်ဘမ် အကြောင်း၊ အနာဂတ် ရည်မှန်းချက်စသည် တို့ကို မေးမြန်းခဲ့ပါသည်။
.
ကမ္ဘောဇတိုင်း။     အရင်ဆုံး အစ်ကို့ရဲ့ နာမည် အရင်းနဲ့ လူမျိုးကို မိတ်ဆက်ပေးပါဦး။
မြဲဉာဏ်။ နာမည်အရင်းကတော့ ရန် ပိုင်ဦးပါ။ အနုပညာနာမည်ကတော့ မြဲဉာဏ် ပါ။ လူမျိုးကတော့ ဗမာပါပဲ။ နေတာကတော့ တောင်ကြီး၊ ကံကြီးရပ်ကွက်၊ ရှမ်းကွင်းထဲမှာ ပါ။
.
ကမ္ဘောဇတိုင်း။     ဘယ်လိုသီချင်း အမျိုးအ စားတွေကို ကြိုက်ပြီး ပိုဆိုဖြစ်ပါသလဲ။
မြဲဉာဏ်။ သီချင်းအမျိုးအစားကတော့ Rock ကို အခြေခံတဲ့ Slow Rock တွေ၊ Pop Rock တွေ ပိုကြိုက် ပါတယ်။ ဆိုရင်လည်း Slow Rock ထဲကပဲ ဆိုဖြစ်တာများပါတယ်။
.
ကမ္ဘောဇတိုင်း။     သီချင်းဆိုတာတွေ အပြင် တခြားကော ဘာတွေဝါသနာပါပါသလဲ။
မြဲဉာဏ်။ သရုပ်ဆောင်ပိုင်းကို ဝါသနာ ပါပါတယ်။ ၂၀၀၇/၂၀၀၈ လောက်တုန်းက သရုပ်ဆောင်ပိုင်း လုပ်ဖြစ်သေးတယ်။ ကျောင်း ပြီးတဲ့အခါမှာ တိုင်းရင်းသား ခွေတွေထဲမှာ ပါ တယ်။
.
ကမ္ဘောဇတိုင်း။     အနုပညာ လောကထဲကို ဘယ်အချိန်က စတင်ဝင်ရောက်ခဲ့တာပါလဲ။
မြဲဉာဏ်။ ကျောင်းတက် ကတည်းက ဆိုတော့ ၂၀၀၃-၂၀၀၄ လောက်ကတည်း က ပါ။ အဲဒီတုန်းက မော်ဒယ်ရှိုးတွေ လျှောက် တယ်။ ၂၀၀၅ လောက်မှာ တောင်ကြီးမြို့ပေါ် မှာပဲ သီချင်းခွေတစ်ခွေ ထုတ်ခဲ့ပါသေးတယ်။ သေချာ လုပ်ဖြစ်တာကတော့ အဲဒီ ၂၀၁၅ ခု နှစ်မှာပါ။
.
ကမ္ဘောဇတိုင်း။     အနုပညာအပြင်ပေါ့ အစ်ကို့ ရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်း ဘာတွေ လုပ်နေတယ်ဆိုတာ ပြောပြပေးပါဦး။
မြဲဉာဏ်။ အခုလက်ရှိကတော့ UPG ကုမ္ပဏီမှာ အလုပ်လုပ်နေပါတယ်။ အဲဒီမှာ ရ တဲ့ လစာနဲ့ပဲ အခု Single Album ကို ထုတ် ဖြစ်သွားတာပါ။
.


.
ကမ္ဘောဇတိုင်း။     အနုပညာ လောကထဲကို  ဝင် ရောက်လာတဲ့အချိန်မှာ ဘယ်လိုအခက် အခဲတွေ ရှိခဲ့ပါသလဲ။
မြဲဉာဏ်။ အခက်အခဲကတော့ ၂၀၀၆ တုန်း က ကျွန်တော်တို့ ခွေထွက်တုန်းကဆိုရင် ထီသည်ပဲ ဖြစ်ဖြစ်၊ ဆိုင်တွေမှာပဲဖြစ်ဖြစ်၊ အိမ် တွေမှာပဲ ဖြစ်ဖြစ် သီချင်းခွေတွေ ဝယ်ကြသေး တယ်။ အခုနောက်ပိုင်း ပြောင်းလဲလာတဲ့ ရေ စီးကြောင်းအရ ခွေတွေ မဝယ်ကြတော့ဘူး။ တကယ်ဝါသနာပါတဲ့ သူတွေလောက်ပဲ ခွေကို ဝယ်စုကြတယ်။ အများစုက Online ကပဲ နား ထောင်ကြတာ များတယ်။ အဲဒါကတော့ အ ခက်အခဲ တစ်ခုပေါ့။ နောက် အခက်အခဲက တော့ တောင်ကြီးကနေ ရန်ကုန်ကို ဆင်းရ တက်ရတဲ့ ကိစ္စပါ။ ရန်ကုန်မှာနေတဲ့ အချိန် တည်းခိုရေး၊ စားသောက်ရေးပါ။ ဒါက နယ်က သွားသူ မှန်သမျှ ဒီအခက်အခဲကတော့ အား လုံးရှိမှာပါပဲ။ ကျွန်တော်တို့ကတော့ အင်းစိန် ဘက်က ဆရာသန့် စတူဒီယိုနားမှာရှိတဲ့ ဟို တယ်ဖြစ်ဖြစ်၊ တည်းခိုခန်း ဖြစ်ဖြစ် အဆင် ပြေသလို နေရတယ်။ စားရင်လည်း အဆင်ပြေ သလို လမ်းဘေးမှာရှိတဲ့ ထမင်းဆိုင်တွေမှာပဲ ဝယ်စားဖြစ်တာ များပါတယ်။
.

ကမ္ဘောဇတိုင်း။     အနုပညာနဲ့ ပတ်သက်လို့ အစ်ကို့ရဲ့ ခံယူချက်နဲ့ ရည်မှန်းချက်လေးကို ပြောပြပေးပါဦး။
မြဲဉာဏ်။ ကျွန်တော်ကတော့ သီချင်း ဆိုတာပဲဖြစ်ဖြစ်၊ သရုပ်ဆောင်ပဲဖြစ်ဖြစ် အား သန်တယ်။ အဲဒါကတော့ ကျွန်တော့်ရဲ့ရည်မှန်း ချက်ပါပဲ။ ခံယူချက်ကတော့ သီချင်းတွေကို ဆက်ပြီး လုပ်သွားမယ်။
.
ကမ္ဘောဇတိုင်း။     အစ်ကို့အနေနဲ့ ပရဟိတ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီးတော့ ဘာတွေ လုပ်ဖို့ရှိပါသလဲ။
မြဲဉာဏ်။ ပရဟိတ အလုပ်တွေက တော့ လုပ်ဖြစ်တယ်။ YGW ကျောင်းမှာ လှူ ဒါန်းတာတွေ ရှိပါတယ်။
.
ကမ္ဘောဇတိုင်း။     လေးစားအားကျရတဲ့ အနု ပညာရှင်တွေက ဘယ်သူတွေဖြစ်မလဲ။
မြဲဉာဏ်။ အများကြီးပါပဲ။ ကိုလေးဖြူ တို့၊ ကိုအငဲတို့၊ ကိုမျိုးကြီးတို့ကို ကြိုက်ပါတယ်။ လေးစားအားကျ ပါတယ်။ တခြားရှမ်းပြည်နယ် က အဆိုတော်တွေကိုလည်း လေးစားအားကျ ပါတယ်။
.
ကမ္ဘောဇတိုင်း။     သီချင်းပြိုင်ပွဲတွေရော ဝင် ပြိုင်ဖူးပါသလား။
မြဲဉာဏ်။ မပြိုင်ဖူးပါဘူး။
.
ကမ္ဘောဇတိုင်း။     အစ်ကို့အနေနဲ့ တေးစီးရီး ဘယ်နှခွေလောက် ထွက်ပြီးပါပြီလဲ။
မြဲဉာဏ်။ ၂၀၁၂ လောက်က Group ခွေ တစ်ခွေ ထုတ်ခဲ့တယ်။ နောက် ၂၀၁၆ မှာ ၄ ယောက်တွဲ Group ခွေတစ်ခွေ ထုတ်ခဲ့တယ်။ အခု တတိယခွေကတော့ Single Album ပါ။
.
ကမ္ဘောဇတိုင်း။     အခု Single Album ဖြစ်တဲ့ ချစ်ခွင့်ဆိုတဲ့ တေးစီးရီးအကြောင်းလေး နည်း နည်းပြောပြပေးပါဦး။
မြဲဉာဏ်။ အစကတော့ အင်အားသစ် ဆိုပြီး ပေးထားတာပါ။ ရန်ကုန်မှာ ပြန် ဆင်းလုပ်တဲ့အခါ ချစ်ခွင့်ဆိုတဲ့ သီချင်းကို ပိုပြီး ကြိုက်သွားတာပေါ့။ သီချင်းလေးက စီး မျောဖို့ ကောင်းတယ်။ သီချင်းလေးကလည်း နူးနူးညံ့ညံ့ဖြစ်တော့ ချစ်ခွင့်ကို Album Title ပေးဖြစ်တာပါ။
.
ဒီချစ်ခွင့်ထဲမှာ ကျွန်တော်ကိုယ်တိုင်ရေး ထားတဲ့ သီချင်း ၅ ပုဒ်ပါ ပါတယ်။ နောက်ပြီး တော့ ကိုငယ်ဆူး သစ်၊ ကိုအောင်ငဲ၊ ကိုည အောင်၊ ကိုတူး၊ ဖိုးပြဲနဲ့ ကျွန်တော့်ညီ လီတာပါ။ တီး တာကတော့ Born Free Band ပါ။ 4/4 Studio မှာ အသံသွင်းဖြစ်ပါတယ်။ သီချင်း အားလုံး ၁၂ ပုဒ် ပါပါတယ်။
.
ကမ္ဘောဇတိုင်း။     အစ်ကို့အနေနဲ့ အခုထွက် ရှိခဲ့တဲ့ ချစ်ခွင့် Album ထဲက ဘယ်သီချင်းကို အားအရဆုံး ဖြစ်မလဲ။
မြဲဉာဏ်။ သီချင်းတွေ အားလုံးကို ကြိုက်ပါတယ်။ ဒီထဲမှာမှ လူဆိုတဲ့ သီချင်းက တော့ ပုံစံကွဲပါတယ်။ ကြိုက်လည်း ကြိုက်ပါ တယ်။
.
ကမ္ဘောဇတိုင်း။     အခု Single Album ချစ်ခွင့် နဲ့ ပတ်သက်ပြီး အမှတ်ရစရာတွေရှိရင် ပြော ပြပေးပါဦး။
မြဲဉာဏ်။ အမှတ်တရ ဖြစ်တာက တော့ Mastering လုပ်တဲ့အချိန် ကျွန်တော်က ကိုသန့်အနားမှာ မရှိပေးနိုင်တော့ ကိုသန့်က Message ကနေပဲ သီချင်းတွေပို့ပေးရတယ်။ ဒါကတော့ ကျွန်တော့်အတွက် တကယ်ကို အ မှတ်တရပါ။ ရန်ကုန်သွားတဲ့အချိန်မှာ သွား လာရေး ခက်ခဲတာလေးတွေကလည်း အမှတ် တရပါပဲ။
.
ကမ္ဘောဇတိုင်း။     နောက်ထပ်ရော စီးရီးထုတ် ဖို့ ရှိပါသလား။
မြဲဉာဏ်။ နောက်ထပ် Group ခွေ တစ် ခွေ လုပ်ထားပါတယ်။ သီချင်းတွေအားလုံး သွင်းပြီးသွားပြီ။ Mastering နဲ့ ထုတ်လုပ်ရေး အပိုင်းပဲ ကျန်ပါတယ်။
.
ကမ္ဘောဇတိုင်း။     အစ်ကို့အနေနဲ့ အခုကိုယ် လုပ်ကိုင်နေတဲ့ ဂီတအပေါ်မှာရော ကိုယ့်ကိုယ် ကို အားရကျေနပ်မှု ရှိပါသလား။
မြဲဉာဏ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ဒီ ထက်ပိုပြီး လုပ်နိုင်အောင် ရန်ကုန်သွားပြီးတော့ လုပ်ချင်ပါတယ်။ အခုတော့ ဒီမှာပဲ အလုပ် တစ်ဘက်နဲ့ဆိုတော့ သိပ်အားမရပါဘူး။
.
ကမ္ဘောဇတိုင်း။     အချစ်ရေး အခြေအနေလေး သိလို့ ရမလားရှင့်။
မြဲဉာဏ်။   ပြောဖို့က ခက်နေပါသေးတယ်။ ကိုယ်ကိုတိုင်လည်း ဒီအနုပညာကို ဝါသနာ ပါတယ်။ မိသားစုကိစ္စမှာပဲ ပိုအားသန်နေပါ သေးတယ်။
.
ကမ္ဘောဇတိုင်း။     အခုလျှောက်လှမ်းနေတဲ့ အ နုပညာလောကမှာ အနုပညာ အသိုင်းအဝိုင်း ကရော ကူညီပံ့ပိုးပေးတာမျိုး ရှိပါသလား။
မြဲဉာဏ်။ ရှိပါတယ်။ ရန်ကုန်သွားရင် ပဲဖြစ်ဖြစ်၊ တောင်ကြီးမှာပဲဖြစ်ဖြစ် အနုပညာ အသိုင်းအဝိုင်းက ပံ့ပိုးပေးပါတယ်။
.
ကမ္ဘောဇတိုင်း။     အစ်ကို့အနေနဲ့ အဆိုဘက် ကနေ သရုပ်ဆောင်ဘက်ကို ကူးပြောင်းဖို့ အ စီအစဉ်ကော ရှိပါသလား။
မြဲဉာဏ်။ ကျွန်တော်ကတော့ ပြောင်း ရင် ပြောင်းမယ်ဆိုတဲ့ အခြေအနေလေး ရှိ တယ်ပေါ့။
.
ကမ္ဘောဇတိုင်း။     အနုပညာနဲ့ ပတ်သက်ပြီး ဝေဖန်တိုက်ခိုက်လာရင် ဘယ်လိုတုံ့ပြန် ရင် ဆိုင်သွားဖို့ စိတ်ကူးထားပါသလဲ။
မြဲဉာဏ်။  အကောင်းဆုံးကတော့ ကိုယ့် ဘက်ကနေ တုံ့ပြန်မှု ဆိုတာထက် သူတို့ ဆီ ကနေ တုံ့ပြန်တာကို ကိုယ်က နားထောင် ရ မှာပေါ့။ ကိုယ့်ဘက်က အနည်းငယ် ချို့ယွင်း တာပဲဖြစ်ဖြစ်၊ လွဲချော်တာပဲဖြစ်ဖြစ် ကိုယ့်ဆီ ကို တိုက်ခိုက်လာတာဆိုရင်တော့ ခံနိုင်ရည်ရှိ အောင် ကြိုးစားသွားမှာပါ။
.
ကမ္ဘောဇတိုင်း။     မကြာမီ ရက်ပိုင်းအတွင်းမှာ တောင်ကြီး တန်ဆောင်တိုင်ပွဲတော် ကျင်း ပတော့မှာဆိုတော့ တောင်ကြီးသား တစ် ယောက် အနေနဲ့ ပွဲတော်အပေါ် အမြင်လေး ကို ပြောပြပေးပါဦး။
မြဲဉာဏ်။ တောင်ကြီးတန်ဆောင်တိုင် ပွဲတော်မီးပုံးပျံပြိုင်ပွဲက တဖြည်းဖြည်းနဲ့ ကမ္ဘာ ကလည်း သိလာတော့ ပွဲတော်လည်း ပိုစည် လာတယ်။ အဲဒီအတွက် ဂုဏ်ယူပါတယ်။ တောင်ကြီးသားဆိုတော့ တန်ဆောင်တိုင်ကို ကြိုက်တယ်လို့ပဲ ပြောချင်ပါတယ်။
.
ကမ္ဘောဇတိုင်း။     ကိုမြဲဉာဏ်ကို အားပေးနေ တဲ့ ဂီတချစ်သူတွေအတွက် ဘာများပြောကြား လိုပါသလဲ။
မြဲဉာဏ်။ ကျွန်တော့်အနေနဲ့ ကိုယ် တတ်နိုင်တဲ့ အခြေအနေအတိုင်း ဂီတပေါ်မှာ ပဲ ဆက်ပြီးလျှောက်လှမ်းသွားမှာပါ။ ဂီတညီ အစ်ကိုတွေ အားလုံးကလည်း ကိုယ်ပိုင်ဖန်တီး မှု အသစ်တွေ အများကြီး ထွက်ပေါ်လာတော့ ကျွန်တော်ကလည်း အဲဒီထဲက တစ်စိတ်တစ် ဒေသပေါ့။ သီချင်းတွေကို ပိုပြီးတော့ ကောင်း မွန်အောင်၊ ပုံစံမတူတဲ့ Music တွေ ထပ်ပြီး တော့ ချပြသွားမယ်လို့ ပြောချင်ပါတယ်။ သီ ချင်းတွေကို နားထောင်ပေးကြပါ။ ကျွန် တော့် သီချင်းမှမဟုတ်ဘူး။ တခြား အဆို တော်အသစ် တွေရဲ့ သီချင်းတွေကိုလည်း နားထောင်ပေးကြပါ။ ပြီးရင် မူရင်း ခွေလေး တွေလည်း အားပေးကြပါလို့ ပြောကြား လိုပါ တယ်။
.
ကမ္ဘောဇတိုင်း။     အစ်ကို့ အနေနဲ့ ဘာများ ဖြည့်စွက် ပြောချင်ပါသေးလဲ။
မြဲဉာဏ်။ ကျွန်တော့်ကို အားပေးတဲ့ ပရိသတ်အားလုံးကို ကျေးဇူးတင်ပါတယ်။ ကမ္ဘောဇတိုင်းလည်း ဒီထက်အောင် မြင်ပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်။
.
တေးသံရှင် မြဲဉာဏ်၏ ချစ်ခွင့်အမည်ရ တစ်ကိုယ်တော် တေးအယ်ဘမ်ကို အောက် တိုဘာလဆန်းပိုင်း အတွင်းက The Sun Music Production မှ တစ်နိုင်ငံလုံးသို့ ဖြန့်ချိခဲ့ပြီး တေးအယ်ဘမ်တွင် လူ၊ အချစ်နဲ့အတူ၊ ဒုက္ခ နေ့စွဲ၊ အားအင်သစ်၊ ချစ်ခွင့်၊ အတိတ်၊ ပန်း ချီကားခြယ်၊ ကြယ်တွေကြွေတိုင်း၊ လူထဲက လူ၊ မုန်းလိုက်တော့ ဘေဘီ၊ အပေါ်ယံ၊ ပေါင်း ဆက်မရ စသည့် တေးသီချင်းအသစ် ၁၂ ပုဒ် ပါဝင်ကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats