ဝက်သက်ဂျိုက်သိုး ကာကွယ်ဆေး - Kanbawza Tai News

Breaking

Boxed(True/False)

Wednesday, November 27, 2019

ဝက်သက်ဂျိုက်သိုး ကာကွယ်ဆေး


ကောင်လေး (မြန်မာစာ)
.
မြန်မာနိုင်ငံရှိ မြို့နယ် ၉၆ မြို့နယ်တွင် အောက်တိုဘာလ ၂၅ ရက်မှ ၂၉ ရက်အတွင်း ပိုလီယိုကာကွယ်ဆေး အပိုဆောင်း တိုက်ကျွေးခြင်းနှင့် နိုင်ငံတစ်ဝန်းလုံးတွင် ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်းတို့ကို ပြုလုပ်ပေးခဲ့ပြီး ဖြစ်ပါသည်။ ထို့အပြင် ယခုကာလ နိုဝင်ဘာလ ၁၆ ရက်မှ ၂၈ ရက်အထိ ကျန်မြို့နယ် ၂၃၄ မြို့နယ်တွင် ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေးအပိုဆောင်းထိုးနှံခြင်းကို ကျန်းမာရေးဝန်ထမ်း များမှ ဆောင်ရွက်ပေးနေပါပြီ။ မိမိတို့ကလေးများကို ထိုးနှံပေး လိုက်သော ကာကွယ်ဆေးသည် မည်သို့မည်ပုံအရေးကြီး ကြောင်းကို အကျယ်တဝင့် ပြန်လည်မျှဝေလို်က်ပါသည်။ 
.
ဓါတ်ပုံ - ခွန်ရဲထွေး (ဆီဆိုင်)
.

မြန်မာနိုင်ငံရဲ့ သေဆုံးမှုနှုန်းတွင်လည်း ၅ နှစ်အောက် ကလေးငယ်များ သေဆုံးမှုလည်း အဓိက ပါဝင်နေပါသည်။ ထို ၅ နှစ်အောက် ကလေးသေဆုံးမှုကို အဓိက ရန်ရှာနေသော ရောဂါမှာ နမိုးနီးယားခေါ် ပြင်းထန်အဆုတ်ရောင်ရောဂါနှင့် ဝမ်းပျက် ဝမ်းလျှောရောဂါတို့ ဖြစ်ပါသည်။ ပြင်းထန်အဆုတ် ရောင်ရောဂါသည် နှစ်စဉ်နှစ်တိုင်းကမ္ဘာ့လူဦးရေ၏ ၇ ရာခိုင်နှုန်း လောက်ကူးစက်ခံနေရပြီး ၄ သန်းလောက်သေဆုံးနေသည်ဟု မှတ်သားခဲ့ဖူးပါသည်။ ဝက်သက်ရောဂါ၏ နောက်ဆက်တွဲဆိုး ကျိုးသည်လည်း အဆုတ်ရောင်ခြင်းပဲဖြစ်ပါသည်။ ဝက်သက် ရောဂါနှင့် အဆုတ်ရောင်ရောဂါဟာ ယှဉ်တွဲနေသောကြောင့် ၅ နှစ်အောက်သေဆုံးမှုနှုန်းကိုလည်း မြင့်တက်စေပါသည်။

.
 
ပထမဦးဆုံးအနေနှင့် အပိုဆောင်းကာကွယ်ဆေးဆိုတာ ဘာလဲ။ မွေးစကလေးမှ အသက်တစ်နှစ်ခွဲ အထိလည်းကောင်း၊ ကိုယ်ဝန်ဆောင်မိခင်များတွင် လည်းကောင်း၊ နိုင်ငံတော်က ရောဂါ ၁၁ မျိုးအတွက်ကာကွယ်ဆေးများကို ပုံမှန်ထိုးနှံတိုက် ကျွေးပေးလျက်ရှိပါသည်။ ယင်းသို့ ထိုးနှံတိုက်ကျွေးပေးခြင်းကို ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းဟု ခေါ်ပါသည်။ ကာ ကွယ်ဆေးဖြင့် ကာကွယ်၍ရသော ရောဂါများ ကပ်ရောဂါအသွင် ဖြစ်ပွားခြင်းကြောင့်လည်းကောင်း၊ လူထုအကြား ရောဂါခုခံအား ကျဆင်းခြင်းကြောင့်လည်းကောင်း၊ အခါအားလျော်စွာ ကာ ကွယ်ဆေးများကို အပိုဆောင်း၍ ထိုးနှံတိုက်ကျွေးပေးခြင်းကို အပိုဆောင်းကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း ဟုခေါ်ပါ သည်။
.
ဝက်သက်ရောဂါဖြစ်ပွားမှုအခြေအနေ
.
ဝက်သက်ရောဂါသည် ဝက်သက်ရောဂါ ဗိုင်းရပ်စ်ပိုး ကြောင့် ဖြစ်ပွားပြီး အလွန်ကူးစက်မြန်သော ရောဂါတစ်မျိုးဖြစ် သည်။ နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ တစ်ဦးနှင့်တစ်ဦး နီးကပ်စွာ ထိတွေ့ခြင်းဖြင့် ကူးစက်နိုင်ပါသည်။ ဝက်သက်ရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများအဖြစ် ပြင်းထန်အရည်ခမ်းခြောက် သော ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ပြင်းထန်အဆုတ်ရောင်ရောဂါ၊ ဦးနှောက်ရောင်ရောဂါများနှင့် ပြင်းထန်အာဟာရချို့တဲ့ရောဂါ များရရှိနိုင်၍ သေဆုံးနိုင်ပါသည်။ ဝက်သက်မပေါက်သေးသော  ရောဂါခုခံအားမရှိသောသူတိုင်း ဝက်သက်ရောဂါကူးစက်ဖြစ် ပွားနိုင်ပါသည်။ ဝက်သက်ကာကွယ်ဆေးမထိုးထားသော၊ ထိုး ပြီးသော်လည်း ခုခံအားမဖြစ်ပေါ်သော မည်သူမဆို ရောဂါကူး စက်ခံရနိုင်ပါသည်။ ဝက်သက်ကာကွယ်ဆေးမထိုးထားသော ကလေးငယ်များသည် ဝက်သက်ရောဂါနှင့် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများကြောင့် သေဆုံးနိုင်ပါသည်။ ပုံမှန်ကာ ကွယ်ဆေး ထိုးနှံပေးရာတွင် ဝက်သက်ကာကွယ်ဆေး မထိုးခဲ့ရ သော ကလေးများ စုပုံလာခြင်းကြောင့် ၃ နှစ််မှ ၄ နှစ် လျှင်တစ် ကြိမ် ဝက်သက်ရောဂါကပ်အသွင်ဖြစ်ပွားတတ်သည်။
.
၂၀၁၁ ခုနှစ်တွင် ဝက်သက်ရောဂါကပ်အသွင်ဖြစ်ပွားခြင်း ၃၄ ကြိမ် ဖြစ်ခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် ဆက်လက်ဖြစ်ပွားခဲ့ရာ ထိုနှစ်မတ်လတွင် တစ်နိုင်ငံလုံးအစုလိုက် ဝက်သက်ကာကွယ် ဆေးထိုးနှံခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ခြင်းကြောင့် ရောဂါကူး စက်မှုကို ထိန်းချုပ်နိုင်ခဲ့ပါသည်။ ၂၀၁၃ ခုနှစ်တွင် ၁၈ နှစ်မှ ၂၀ နှစ်ခန့် အသက်အုပ်စုများတွင် ဝက်သက်ရောဂါ ကပ်အသွင်ဖြစ် ပွားမှု ၁၅ ကြိမ်ဖြစ်ခဲ့ပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ အ ရှေ့တောင်အာရှဒေသအဖွဲ့ဝင်နိုင်ငံများဒေသအတွင်း ဝက် သက်ရောဂါ ကင်းစင်ရေးရည်မှန်းချက်ပန်းတိုင်ကို  ၂၀၂၃ ခုနှစ် တွင် ရရှိအောင်မြင်ရန်ဦးတည်ဆောင်ရွက်လျက်ရှိပါသည်။
.
သို့ရာတွင် ပုံမှန်ကာကွယ်ဆေးထိုးပေးခြင်း အစီအစဉ်နှင့် အစုလိုက်ဝက်သက်ရောဂါ ကာကွယ်ဆေးထိုးပေးခြင်း လုပ်ငန်း များတွင် ကာကွယ်ဆေးထိုးပေးရန်ကျန်ခဲ့သော ကလေးများ သည် အသက်ကြီးပိုင်းအုပ်စုများအဖြစ်ရောက်ရှိလာပြီး ဝက် သက်ရောဂါ ကာကွယ်မှုမရသေးသည့် အခြေအနေတွင် အ သက်ကြီးပိုင်းအုပ်စုများအဖြစ်သို့ ရောက်ရှိလာပြီး ကပ်အသွင် ဖြစ်နိုင်ပါသည်။ ထိုအသက်ကြီးပိုင်းအုပ်စုရှိ ကလေးနှင့် လူရွယ် များစွာကို ဝက်သက်ရောဂါမှ ကာကွယ်ပေးနိုင်ရန် အသက်အုပ် စု ကျယ်ပြန့်စွာ ကာကွယ်ဆေးထိုးပေးခြင်းဖြင့် ကာကွယ်ရန်လို အပ်ပါသည်။
.
ဝက်သက်ရောဂါဖြစ်ပွားသူများတွင် ဝက်သက်ကာကွယ် ဆေး ထိုးနှံမထားသည်ကို  တွေ့ရှိရပြီး ပုံမှန်ကာကွယ်ဆေးအ စီအစဉ်နှင့် အစုလိုက်ကာကွယ်ဆေးထိုး လုပ်ငန်းပြုလုပ်စဉ် ရောက်ရှိခဲ့သင့်သော အသက်အုပ်စုများတွင် ဖြစ်ပွားလျက်ရှိပါ သည်။ ယခုနှစ် ၂၀၁၉ ခုနှစ်တွင် ရောဂါကူးစက်မှုများထပ်မံမ ဖြစ်ပွားစေရန် နိုင်ငံတစ်ဝန်းအသက် ၉ လမှ ၅ နှစ် ၆ လအထိ ကလေးငယ်များအား ဝက်သက်ဂျိုက်သိုး ရောဂါကာကွယ်ဆေး များထိုးနှံပေးနေပါပြီ။
.
ဂျိုက်သိုးရောဂါဖြစ်ပွားမှုအခြေအနေ
.
ဂျိုက်သိုးရောဂါသည် ဗိုင်းရပ်ပိုးကြောင့်ဖြစ်သော ကူးစက် ရောဂါဖြစ်သည်။ ကလေးများတွင် မပြင်းထန်သော ရောဂါဖြစ် သည်။ အပိန့်ထွက်ခြင်း၊ သာမန်ဖျားခြင်း၊ ပျို့ခြင်း၊ မျက်စိနီခြင်း များတွေ့ရသည်။ မျက်နှာနှင့်လည်ပင်းတို့မှာ အပိန့်ထွက်ပြီး ကိုယ်ဘက်သို့ ပျံ့နှံ့သွားတတ်ပါသည်။ သို့ရာတွင်ကိုယ်ဝန် ဆောင်များ ရောဂါကူးစက်ပါက အချင်းမှတစ်ဆင့် သန္ဓေသား သို့ဝင်ရောက်နိုင်ပြီး ကိုယ်ဝန်ပျက်ခြင်း၊ ကလေးသေဆုံးခြင်းနှင့် မွေးရာပါဂျိုက်သိုးရောဂါ ခံစားရသော ကလေးအဖြစ် မွေးရာပါ နှလုံးရောဂါ၊ မျက်စိအတွင်းတိမ်၊ ဘေလုံးကြီးခြင်း၊ အရေပြား အောက်သွေး အနီစက်များထခြင်း၊ ဦးခေါင်းခွံသေးငယ်ခြင်း၊ နားမကြားဆွံ့အခြင်းများ ဖြစ်ပွားတတ်သည်။ မိသားစုအတွက် လူမှုရေး၊ စီးပွားရေးများစွာ ထိခိုက်စေပါသည်။
.
ဂျိုက်သိုးရောဂါ ကာကွယ်ဆေးတစ်ကြိမ်ထိုးနှံပြီးပါက ရောဂါကာကွယ်မှုကို ဆေးထိုးသည့် ကလေးများ၏ ၉၅ ရာခိုင်နှုန်းတွင် ရရှိပြီး တစ်သက်တာခုခံကာကွယ်မှုရနိုင်ပါသည်။ ဂျိုက် သိုးရောဂါ ကာကွယ်ဆေးကို ဝက်သက်ရောဂါကာကွယ်ဆေး နှင့် ပေါင်းစပ်သောကာကွယ်ဆေး အမျိုးအစားအဖြစ် ရရှိနိုင်ပါ သည်။ အရှိန်အဟုန်မြင့်ဆောင်ရွက်လျက်ရှိသော ဝက်သက် ရောဂါကင်းစင်ပပျောက်ရေး လုပ်ငန်းများ၏ အခြေခံအရင်းမြစ် များကို အသုံးပြု၍ ဂျိုက်သိုးရောဂါနှင့် မွေးရာပါဂျိုက်သိုးရောဂါ ကင်းစင်ပပျောက်ရေးလုပ်ငန်းများကို ဆက်လက်၍ ပူးတွဲ ဆောင်ရွက်သွားမည်ဖြစ်သည်။ ဝက်သက်ရောဂါပပျောက်ရေး နှင့်အတူ အသက် ၅ နှစ်အောက်ကလေးသေဆုံးမှုကို ထပ်မံ လျှော့ချနိုင်ရန် ၂၀၁၃ ခုနှစ်တွင် မွေးရာပါဂျိုက်သိုးရောဂါ ကင်း စင်ပပျောက်ရေး ရရှိစေရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိပါ သည်။
.
မြန်မာနိုင်ငံရဲ့ သေဆုံးမှုနှုန်းတွင်လည်း ၅ နှစ်အောက် ကလေးငယ်များ သေဆုံးမှုလည်း အဓိက ပါဝင်နေပါသည်။ ထို ၅ နှစ်အောက် ကလေးသေဆုံးမှုကို အဓိက ရန်ရှာနေသော ရောဂါမှာ နမိုးနီးယားခေါ် ပြင်းထန်အဆုတ်ရောင်ရောဂါနှင့် ဝမ်းပျက် ဝမ်းလျှောရောဂါတို့ ဖြစ်ပါသည်။ ပြင်းထန်အဆုတ် ရောင်ရောဂါသည် နှစ်စဉ်နှစ်တိုင်းကမ္ဘာ့လူဦးရေ၏ ၇ ရာခိုင်နှုန်း လောက်ကူးစက်ခံနေရပြီး ၄ သန်းလောက်သေဆုံးနေသည်ဟု မှတ်သားခဲ့ဖူးပါသည်။ ဝက်သက်ရောဂါ၏ နောက်ဆက်တွဲဆိုး ကျိုးသည်လည်း အဆုတ်ရောင်ခြင်းပဲဖြစ်ပါသည်။ ဝက်သက် ရောဂါနှင့် အဆုတ်ရောင်ရောဂါဟာ ယှဉ်တွဲနေသောကြောင့် ၅ နှစ်အောက်သေဆုံးမှုနှုန်းကိုလည်း မြင့်တက်စေပါသည်။ ထို့ကြောင့် ကျန်းမာရေးဝန်ထမ်း များမှ ယခုထိုးပေးနေသော ဝက်သက်ဂျိုက်သိုးကာကွယ်ဆေးကို မိမိတို့ရဲ့ကလေးငယ်များကို ထိုးပေးလိုက်ခြင်းဖြင့် ၅ နှစ်အောက်သေဆုံးမှုနှုန်းကို လျော့ချ လိုက်နိုင်သလို မွေးရာပါရောဂါများကိုလည်း လျော့ချလိုက်နိုင်ပါသည်။ လူတိုင်း အတွက်ကျန်းမာရေသည်လည်း ဘုရားပေးတဲ့ ဆုလာဘ်တစ်ခုဖြစ်ပါသည်။ လူတိုင်းကျန်းမာရေးကောင်းမှသာ လျှင် ပညာရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးစသည်တို့ဖြင့့် ဆောင်ရွက်နိုင်သလို နိုင်ငံတော်၏ ကျန်းမာရေးဝန်ထုပ်ဝန်ပိုး ကို လျော့ချနိုင်မည် ဖြစ်ပါသည်။ တစ်ဖန်အနာဂတ်နိုင်ငံတော်ကို ပုခုံးပြောင်းတာဝန်ယူနိုင်မည့် ဖယောင်းလိုနုနယ်လွန်း လှတဲ့ မိ မိတို့ရင်သွေးငယ်များကို ကျန်းမာရေးဝန်ထမ်းများမှ ထိုးပေး သော အပိုဆောင်းကာကွယ်ဆေးကို လည်းကောင်း၊ မွေးစမှ တစ်နှစ်ခွဲအထိ ထိုးပေးနေသော ပုံမှန်ကာကွယ်ဆေးများကို လည်း မှန်မှန်ထိုးပေးသင့်ပါသည်။ သို့မှသာလျှင် နောင်တစ်ချိန် မှာ နိုင်ငံတော်အတွက် အားကိုးအားထားပြုရမည့် ကလေးငယ် များကို ကျန်းမာသော လူတော်လူမွန်တွေဖြစ်အောင် တစ်ဖက် တစ်လှမ်းက ကူညီပေးနေခြင်းဖြစ်ပါသည်။
.
ကုန်ကျစရိတ်
.
ယခုထိုးပေးလိုက်သော ဝက်သက်ဂျိုက်သိုးရောဂါကာ ကွယ်ဆေးသည် ကလေးတစ်ဦးအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဒေါ်လာခန့် ကုန်ကျမည်ဖြစ်ပါသည်။ မြန်မာငွေနဲ့ဆို ရင် ကလေးတစ်ဦးလျှင် မြန်မာငွေကျပ် ၂၅၀၀ နီးပါး ကုန်ကျ မည်ဖြစ်ပါသည်။ ယခုလို အစုလိုက်ကာကွယ်ဆေးကို ကလေး တိုင်း ထိုးနိုင်ဖို့ဆိုတာ စုစုပေါင်းကုန်ကျစရိတ် အမေရိကန်ဒေါ် လာ ၆၄၈၈၁၅၆ ကုန်ကျမည်ဖြစ်ပါသည်။ ထိုသို့ထိုးနိုင်ရန် ကုန် ကျစရိတ်များကို နိုင်ငံတော်နှင့် နိုင်ငံတော်အဖွဲ့အစည်းတို့မှ ထောက်ပံ့ငွေများဖြင့် အခမဲ့ထိုးပေးနေခြင်းဖြစ်ပါသည်။ ပြင်ပ ဆေးရုံများတွင် ဝက်သက် ဂျိုက်သိုး ပါးချိုင့်ရောင် ၃ မျိုးစပ်ပါ ကာကွယ်ဆေးထိုးနှံလျှင် ငွေကျပ် ၃၀၀၀၀ ခန့် ကုန်ကျနိုင်ပါ သည်။ မည်သို့ပင် ဆိုစေကာမူ ကာကွယ်ဆေးထိုးနှံပြီးပါကလည်း မိမိတို့ရင်သွေးငယ်များကို ထိုးပေးလိုက်သော ကာကွယ် ဆေးသည် တန်ဖိုးမဖြတ်နိုင်တဲ့ အရာတစ်ခုဖြစ်သောကြောင့် တန်ဖိုးထားစေချင်ပါသည်။ တကယ်လို့ မထိုးနှံသေးပါကလည်း ယခုထိုးပေးနေသည့် ကာကွယ်ဆေးများသည် အန္တရာယ်ကင်း ရှင်းထိရောက်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ အသိအ မှတ်ပြုထားသောဆေးဖြစ်ပါသည်။ ထို့ကြောင့် ဘေးပတ်ဝန်း ကျင်ရဲ့စကားများကို နားမယောင်ကြဘဲ မိမိတို့ကိုယ်တိုင် ဆုံး ဖြတ်ချက်များ မြန်မြန်ချမှတ်ပြီး မိမိတို့ရပ်ကွက်ကျေးရွာများ၏ ကာကွယ်ဆေးထိုး စုရပ်များသို့ မြန်မြန်ထိုးနှံပေးကြပါရန် သတိ ပေးအပ်ပါသည်။
.
နိဂုံးချုပ်ဖြင့်ဆိုရလျှင် မိမိတို့သားသမီးများအပေါ် မေတ္တာ ထား၊ စေတနာထားကာကွယ်ဆေးဖြင့် ရောဂါများတားဆီးနိုင် မည်ဖြစ်ပါသည်။ တစ်ဖန် ဝက်သက် ဂျိုက်သိုးကာကွယ်ဆေး ထိုးရန်အတွက် နိုင်ငံတော်အနေဖြင့်လည်း လူအား၊ ငွေအားဖြင့် စွမ်းစွမ်းတမံ ကြိုးစားအားထုတ် အကောင်အထည်ဖော် ဆောင် ရွက်နေကြပါသည်။ ထို့ကြောင့်မိမိတို့၏ ရင်သွေးငယ်များကို ဝက်သက်ဂျိုက်သိုးကာကွယ်ဆေးထိုးနှံပေးကြပါရန်၊ ထိုးနှံပြီး ပါကလည်း အခြားလူများကို လာရောက်ထိုးနှံ ပေးရန် လက် ဆင့်ကမ်း ပေးကြဖို့ လိုပါသည်။ သို့မှသာလျှင် ဝက်သက် ဂျိုက်သိုးရောဂါ ကင်းစင်ပပျောက်ပြီး ကျန်းမာပျော်ရွင်သော ဘဝတွေကို ရရှိပိုင်ဆိုင်နိုင်မှာ ဖြစ်ပါသတည်။  
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)