စာဖတ်ခြင်းဖြင့် အနာဂတ်နိုင်ငံတော်ကို တည်ဆောက်စို့ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Sunday, November 24, 2019

စာဖတ်ခြင်းဖြင့် အနာဂတ်နိုင်ငံတော်ကို တည်ဆောက်စို့

အောင်ဆန်းဝင်း
.
ရှမ်းပြည်နယ်စာဖတ်ရှိန်မြှင့်တင်ရေး ကွန် ရက်ရဲ့ လှုပ်ရှားမှုတွေမှာ တစ်ထောင့်တစ်နေ ရာက ပါဝင်ဖြစ်ပါတယ်။ စာဖတ်ရှိန်မြှင့်တင်ရေး ကွန်ရက်ဆိုတဲ့ခေါင်းစဉ်အတိုင်း လှုပ်ရှားမှုတွေ ကစာဖတ်ဖို့တိုက်တွန်းရတဲ့ အလုပ်ဆိုပါတော့။ ခေတ်ကာလက အွန်လိုင်းခေတ်၊ နည်းပညာမိုး ထိုးနေတဲ့အချိိိန်ခါ၊ ဖုန်းတစ်လုံးနဲ့ လုံးပါးပါးကြ တာ တစ်နေကုန်နောက်တစ်မိုးလင်းတဲ့အထိ။ လူတိုင်းလက်ထဲတယ်လီဖုန်းနဲ့ ပွတ်သဘင် ဆင်ယင်နေတဲ့အချိန် စာဖတ်ဖို့တိုက်တွန်းရ တာလွယ်ပါ့မလားလို့ မေးခွန်းထုတ်ကြတယ်။ အမှန်တိုင်းပြောရရင် လုံးဝမလွယ်ပါဘူး။ သူ့ ဖုန်း၊ သူ့ပိုက်ဆံ၊ သူ့လွတ်လပ်ခွင့်နဲ့သူပွတ်တာ ကိုယ်တွေသွားတားလို့မှမရတာ။ မလွယ်မှန်း သိတဲ့အလုပ်ကို အချိန်ကုန်ခံ အလုပ်ရှုပ်ခံပြီး ဘာလို့ လုပ်ကြတာလဲ ဆိုပြန်တယ်။ မျှော်မှန်းသလောက် အရာ မထင်ပေမယ့် လုပ်ဖို့လို အပ်လို့ လုပ်နေကြတာပါ။ 
.
.
 စာပေမြင့်မှ လူ မျိုးတင့်မှာပါ။ တင့်တယ်တဲ့လူမျိုး၊ အားကောင်း တဲ့နိုင်ငံ၊ လှပတဲ့တိုင်းပြည်အနာဂတ်ကို တည် ထောင်ဖို့အတွက်တော့ စာပေနဲ့ပတ်သက် ရင် နိုင်ငံသားအားလုံးမှာ တာဝန်ရှိနေတာ အမှန်ပါ။
.
စာဖတ်အား(အလွန်အမင်း) ကျဆင်းလာ တဲ့တိုင်းပြည် ဆုတ်ယုတ်ခြင်းဘက်ဦးတည် တယ်တဲ့။ ဒါဆိုရင်စာဖတ်အားကောင်းရင် တိုးတက်အောင်မြင်တယ်ပေါ့။ ရှမ်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံတစ်ဝန်း စာဖတ်အားကျဆင်းနေတာ အားလုံးအသိဖြစ်ပါတယ်။ ဘယ်အရာ ကသက်သေခံလဲ ဆိုတော့ ရပ်ကွက်တွင်း စာကြည့်တိုက်တွေနဲ့ စာအုပ်အငှားဆိုင်တွေပါ။ မျိုးသုဉ်းပျောက်ကွယ်သလောက် ဖြစ်နေပါ တယ်။ ရပ်ကွက်စာကြည့်တိုက်တွေနဲ့ပတ်သက် ပြီး သုံးသပ်ရရင်စာပေမြတ်နိုးသူတချို့ မားမား မတ်မတ်ရပ်တည်လုပ်ကိုင်နေတဲ့ ရပ်ကွက်တ ချို့ကလွဲပြီး ကျန်တဲ့ရပ်ကွက်အတော်များများ စာကြည့်တိုက်တွေအသက်ဝင်ခြင်း မရှိတော့ ပါဘူး။ အသက်ဝင်နေတဲ့စာကြည့်တိုက်တချို့ လည်း စာကြည့်တိုက်သာအသက်ဝင်ပြီး စာ ဖတ်သူမဲ့လို့ အသက်ပျောက်သလို ဖြစ်တာကို တွေ့နေရပါတယ်။
.
စာအုပ်အငှားဆိုင် လောကအကြောင်း တော့သိပ်ပြောစရာမရှိပါဘူး။ တောင်ကြီးတစ် မြို့လုံးလက်ချိုးရေရင်တောင် ၅ ဆိုင်မပြည့် တော့တဲ့ အနေအထားပါ။ ကျန်နေသေးတဲ့ဆိုင် တွေကလည်း စီးပွားရေးပြေလည်ဖြစ်ထွန်းလို့ ဆက်ဖွင့် ထားတာမဟုတ်ကြပါဘူး။ ဆိုင်ပိုင်ရှင် တွေရဲ့စာပေဝါသနာ အရင်းခံကြောင့် ဖွင့်ထား ကြတာဖြစ်ပါတယ်။ (ထမင်းငတ် မယ့် အလုပ်ကို သံယောဇဉ်ကြီးတယ်ပြောရမှာပေါ့) စာအုပ် ငှားရမ်းဖတ်ရှုသူ ၅ ယောက်လောက်ဆိုင်ထဲ ဝင်တဲ့ရက်က အောင်မြင်တဲ့နေ့တစ်နေ့၊ အဲ့ဒီ ၅ ယောက်မှာ တစ်ဝက်လောက်က ဘော်ဒါ ကဏ္ဍနဲ့ ဖရီးကစ် ကန်တာ။ ကျန်တဲ့ တစ်ဝက်က တစ်လဆုံး၊ တစ်လဆိုင်းနဲ့ စာအုပ်ငှားရမ်းခရ တာလည်းရှိတယ်။ နည်းပညာနောက် မီးကောင်ပေါက် လင်နောက်လိုက်သလို ကောက်ကောက်ပါအောင် လိုက်သွားကတည်းက စာအုပ်အငှားဆိုင်လုပ်ငန်း သေဆုံးသွားခဲ့ တာဖြစ်ပါတယ်။
.
ကျွန်တော်တို့ စာအုပ်တွေဖတ်ချင်စိတ် တော့ရှိပါတယ်။ ဒါပေမယ့်စာဖတ်ချိန်မရှိတာ ကခက်နေတယ်။ ဒီကျောင်းစာ သင်ပြီးတာနဲ့ ဟိုဘက်ကျောင်းအချိန်မီအောင်ပြေးရ ဟို ဘက်ကျောင်းပြီးတာနဲ့နောက်ထပ်သင်တန်း တွေကစောင့်နေ။ တစ်ချိန်နဲ့ တစ်ချိန်ကြားထဲ မှာ အချိန်ခဏရပြန်တော့ စာတွေနဲ့နပန်းလုံး ထားရတာနဲ့ စာအုပ်စာပေတွေမကြည့်နိုင် တော့ဘူး။ မနက်လင်းကတည်းကသင်လိုက်ရတဲ့စာ ညပိုင်းညနက်တဲ့အထိမပြတ်နိုင်ဘူး။ လောဘကြီးပြီး လုပ်နေ သင်နေတာ မဟုတ်ပါဘူး။ မိသားစုစားဝတ်နေရေးအတွက် ဒီလောက်မှမလုပ်ရင် မလောက်ငဘူးဗျ။ စာတွေနဲ့နီးနီးကပ် ကပ်တော့နေရပါတယ်။ ကိုယ်သင်တဲ့စာ လောက်ပဲနေ့စဉ်ဖတ်နေရတယ်။ ဖြစ်နိုင်ရင် တော့ပြင်ပစာပေ၊ နေ့စဉ်သတင်းစာ၊ ဂျာနယ် တွေဖတ်နိုင်ရင် အကောင်းဆုံးပေါ့ လို့လူငယ် ကျောင်းဆရာတစ်ယောက်ကပြောပါတယ်။
.
စာအုပ်စာပေမဖတ်ဖြစ်ပေမယ့် အလွယ် ကူဆုံးအသုံးပြုလို့ရနေတဲ့ တယ်လီဖုန်းထဲက အကြောင်းအရာတွေကိုတော့ နေ့စဉ်ဖတ်ဖြစ် တယ်လို့ ဆက်ပြောပါတယ်။ စာနဲ့အနီးကပ်ဆုံး နေတဲ့လူတောင် စာအုပ်စာပေမဖတ်နိုင်တဲ့ အနေ အထား။ ဘယ်လိုပြောရမလဲ။ ဘဲရီးဂွတ်လို့ တော့ပြောလို့မဖြစ်ဘူးလေ။ စာမဖတ်တဲ့တိုင်း ပြည်ဆုတ်ယုတ်တယ်လို့ ဆိုထားတာကို။ ဖတ်ချင်စိတ်ရှိပေမယ့် သူ့မိသားစုစားဝတ်နေရေး လောက်ငဖို့ အချိန်ပြည့်ရုန်းကန်နေရတယ် ဆို ပြန်တော့ ဇွတ်တိုက်တွန်းလို့လည်းမရ။ တယ် လီဖုန်းနဲ့ဘာတွေဖတ်ဖြစ်လည်း မေးကြည့် တယ်။ ဘာရယ်မဟုတ်ဘူး စိတ်အပန်းဖြေ ရောက်တတ်ရာရာပါပဲတဲ့။ တိုင်းပြည်စီးပွားရေး ထိုက်သင့်သလောက် တိုးတက်ခဲ့ရင် သတ်မှတ် ချိန်အတွင်း လုပ်ကိုင်လို့ရတဲ့ ကိုယ်ပိုင်လုပ်ခ လစာနဲ့ ပြည်သူတွေချောင်လည်ခဲ့ရင် စာဖတ် အားဒီလောက်ကျဆင်းမသွားဘူးလို့ အပြစ်ဖို့ ရမယ့်အတိုင်း ဖြစ်နေတယ်။
.
ပြည်သူတွေကြား တစ်စိုက်မတ်မတ်ကျ ဆင်းနေတဲ့ စာဖတ်ရှိန်ပြန်လည်မြှင့်တင်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ ရှမ်းပြည်နယ် စာဖတ်ရှိန်မြှင့် တင်ရေးကွန်ရက်ကို ၂၀၁၇ အောက်တိုဘာလ အတွင်းမှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ တောင် ကြီး၊ အေးသာယာနဲ့ ရှမ်းပြည်နယ်အတွင်းက စာပေပညာရှင်၊ ဝါသနာရှင်တွေနဲ့ စာပေချစ် မြတ်နိုးသူတွေ ပေါင်းစု ဖွဲ့စည်းခဲ့တာဖြစ်ပါ တယ်။ ကွန်ရက်ရဲ့အဓိကလှုပ်ရှားမှုကတော့ ကျောင်းစာကြည့်တိုက်တွေ ဖွံ့ဖြိုးတိုးတက် အောင် လုပ်ဆောင်ရင်း လူငယ်လူရွယ်တွေ စာဖတ်အား တိုးတက်လာအောင် စာပေဆိုင် ရာဆွေးနွေးဟောပြောပွဲတွေ ပြုလုပ်ခြင်းပါ။ စာဖတ်ရှိန် ပြန်လည်မြင့်တက်လာအောင် ကျောင်းသားကျောင်းသူ လူငယ်တွေကို ဦး တည်စည်းရုံးတာဖြစ်တဲ့အတွက် စာပေဆိုင်ရာ ဆွေးနွေးဟောပြောပွဲတွေကို အစိုးရစာသင် ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်းတွေ မှာ အဓိကလုပ်ကိုင်ဖြစ်ပါတယ်။
.
ကွန်ရက်သက်တမ်း ၂ နှစ်ကျော်စပြုလာ တဲ့ ကာလအတွင်းအောင်မြင်မှုတွေရှိသလို၊ စိန်ခေါ်မှုတွေလည်း အမြောက်အများရှိခဲ့ပါ တယ်။ အစိုးရစာသင်ကျောင်းတွေနဲ့ ကိုယ်ပိုင် အထက်တန်းကျောင်း စာကြည့်တိုက်တွေမှာ လိုအပ်တဲ့ စာအုပ်စာပေလှူဒါန်းရင်း စာဖတ် ခြင်းနဲ့ပတ်သက်တဲ့ စာပေဟောပြောပွဲတွေ ပြုလုပ်နိုင်ခဲ့တာ အောင်မြင်မှုလို့ ဆိုရမှာပါ။ နောက်ထပ် စာပေဆိုင်ရာ ဟောပြောပွဲတွေ ပြု  လုပ်နိုင်ဖို့လည်း ကွန်ရက်အနေနဲ့ ဆက်လက် ကြိုးစားနေဆဲ ဖြစ်ပါတယ်။ အဓိက အောင်မြင် တယ်လို့ ဆိုရမယ့်အချက်က စာနဲ့နီးနီးကပ်ကပ် ရှိနေတဲ့ ကျောင်းသားလူငယ်တွေ ပြင်ပစာပေ တွေဖတ်ရှုလေ့လာရင်း ကျောင်းစာနဲ့ တွဲဖက် နိုင်အောင် အသိပညာ ဗဟုသုတမျှဝေပေးနိုင် ခြင်းပါ။ အနာဂတ်နိုင်ငံတော်ကို အကောင်းဆုံး ဖြစ်အောင် ဆက်လက်အကောင်အထည်ဖော် မှာ ကျောင်းသားလူငယ်တွေမဟုတ်လား။
.
စိန်ခေါ်မှုအပိုင်းကတော့ ကွန်ရက်တစ်ခု ရပ်တည်ဖို့ခက်ခဲတာပါ။ တစ်ခြားခေါင်းစဉ်တွေ ထက် စာဖတ်ရှိန်မြှင့်တင်ရေး ဆိုတဲ့ ခေါင်းစဉ် က ပိုခက်ခဲတယ်လို့မြင်မိပါတယ်။ စာပေအ သိုင်းအဝိုင်းက တတ်နိုင်သလောက် ထောက်ပံ့မှု လုပ်ပေးနေလို့ ဒီလောက်နှစ်အပိုင်းအခြားထိ လဲမပြိုရုံ ရပ်တည်နေနိုင်တာဖြစ်ပါတယ်။ စာပေဆိုင်ရာ ဆွေးနွေး ဟောပြောပွဲ လုပ်နိုင် တာကလွဲလို့ လူထုကြားထဲလူလုံးထွက်ပြနိုင်တဲ့ ကွန်ရက်မဟုတ်တဲ့အတွက် စိတ်ပါလက် ပါ ရက်ရက်ရောရော ကူညီထောက်ပံ့နိုင်သူမရှိပါ ဘူး။ စာပေဆိုင်ရာနဲ့ပတ်သက်ရင် စာပေသမား တွေမှာသာ တာဝန်ရှိတယ်လို့ ယူဆတာတွေ လည်းမြင်တွေ့နေရပါတယ်။ စာပေမြင့်မှ လူ မျိုးတင့်မှာပါ။ တင့်တယ်တဲ့လူမျိုး၊ အားကောင်း တဲ့နိုင်ငံ၊ လှပတဲ့တိုင်းပြည်အနာဂတ်ကို တည် ထောင်ဖို့အတွက်တော့ စာပေနဲ့ပတ်သက် ရင် နိုင်ငံသားအားလုံးမှာ တာဝန်ရှိနေတာ အမှန်ပါ။
.
ငါတို့တွေစာဖတ်ခြင်းအလေ့အထနဲ့ ဘယ် လောက်အထိကင်းကွာနေလဲဆိုတာကို မီးပုံး ပျံသွားလွတ်တဲ့ညမှ သိလိုက်ရတယ်။ ကျန်တဲ့ အချိန်တွေ ကိုယ့်အလုပ်နဲ့ကိုယ် ဆိုင်ကယ် မောင်းလိုက် အလုပ်ဇောကပ်လိုက်နဲ့ စာဖတ်ဖို့ နေနေသာသာ လမ်းဘေးကဆိုင်းဘုတ်တွေတောင် မဖတ်နိုင်ဘူး။ မီးပုံးပျံသွားလွတ်တဲ့ည ကတော့ အောက်ဆွဲတင်တဲ့ ကားပေါ် တက်စီး လာရင်း လမ်းတစ်လျှောက်တွေ့သမျှဆိုင်း ဘုတ်တွေဖတ်ရတာ အရသာတစ်မျိုးပေါ့။ ဘာ ရယ်တော့မဟုတ်ပါဘူး။ စာမဖတ်တာကြာ တော့ ဆိုင်းဘုတ်တွေဖတ်ရတာကို အရသာ တွေ့နေတာ။ အလုပ်လုပ်လိုက် ဖုန်းပွတ်လိုက် နဲ့ အချိန်တွေကုန်မှန်းမသိကုန်လာတာ နှစ် တွေတော်တော်ကြာပြီ။ တယ်လီဖုန်းတွေစျေး ပေါကတည်းက စာအုပ်အငှားဆိုင်လည်းမ ရောက်ဖြစ်တော့ဘူး။ စာပြန်ဖတ်ဖို့ကြိုးစားရဦး မယ်လို့ နည်းပညာအရှုးကို လင်လုပ်မိနေတဲ့ မိတ်ဆွေတစ်ယောက်ကပြောပါတယ်။
.
အင်တာနက် နည်းပညာ ထောင်းလ မောင်း ထအောင် (ကောင်းတာ မကောင်းတာ အသာထား) အားကောင်းတဲ့အချိန် ပုံနှိပ် စာအုပ်စာပေ ဖတ်ရှုဖို့ တိုက်တွန်းရတဲ့ အ လုပ်က မလွယ်ပါဘူး။ လူကြီးသူမတွေကို တိုက်တွန်းရတာ ပို တောင်ခက်ခဲနေပါတယ်။ ဒါပေမယ့် မိတ်ဆွေကတော့ ပြောတယ်။ စာ ပေတွေနဲ့ ကင်းကွာသွားပြီး လမ်းဘေးက ဆိုင်းဘုတ်တွေ ဖတ်ရတာ တောင် စာပေ ရဲ့ အရသာကို ခံစားမိတယ်တဲ့။ စာတွေ ပြန်ဖတ်နိုင်အောင် ကြိုးစားဦးမယ်လို့လည်း ဆိုတယ်။ အနာဂတ်နိုင်ငံတော်ကို အ ကောင်းဆုံးဖြစ်အောင် ဆက်လက်တည် ဆောက်တဲ့နေရာမှာ အမှန်တကယ်တတ်သိ နားလည်တဲ့ပညာရှင်တွေ လိုအပ်ပါတယ်။ အမှန်တကယ် တတ်သိနားလည်တဲ့ပညာရှင် တွေဖြစ်ဖို့ စာတတ်ဖို့လိုအပ်ပါတယ်။ အမှန် တကယ်စာတတ်ဖို့ အမှန်တကယ် စာဖတ်ဖို့ လိုအပ်ကြောင်း မီးမှောင်းထိုးတင်ပြလိုက်ရ ကြောင်းပါ။
.

No comments:

Post a Comment

Journal Download

Photo of three cats