တရားစွဲခံထားရသည့် လားရှိုးလဝက ဝန်ထမ်းများ၏ အမှုနှင့် ပတ်သက်၍ တရားလိုပြ သက်သေအား စစ်ဆေး - Kanbawza Tai News

Breaking

Boxed(True/False)

Friday, November 22, 2019

တရားစွဲခံထားရသည့် လားရှိုးလဝက ဝန်ထမ်းများ၏ အမှုနှင့် ပတ်သက်၍ တရားလိုပြ သက်သေအား စစ်ဆေး


စိုင်းရာဇာ
,
အဂတိလိုက်စားမှု တိုက်ဖျက် ရေးကော်မရှင်မှ ဇွန်လ ၁၂ ရက် တွင် လားရှိုးမြို့မရဲစခန်း၌ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆/၆၃ ဖြင့် တရားစွဲဆိုထား သည့်အမှုနှင့် ပတ်သက်၍ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မ ရှင်မှ ဝန်ထမ်းဖြစ်သူ တရားလိုပြ သက်သေအား ရှမ်းပြည်နယ် တရား လွှတ်တော်၌ နိုဝင်ဘာလ ၁၄/၁၅ ရက်၊ နံနက်ပိုင်းတွင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.
ရှမ်းပြည်နယ်တရားလွှတ်တော် ၌ စစ်ဆေးခဲ့သည့် တရားလိုပြသက် သေမှာ အဂတိလိုက်စားမှုတိုက်ဖျက် ရေး ကော်မရှင်မှ လက်ထောက်ညွှန် ကြားရေးမှူးအဖြစ် တာဝန်ထမ်း ဆောင်နေသော ဦးမိုးကျော်လွင်ဖြစ် ပြီး ၄င်းအား ရှမ်းပြည်နယ် တရား လွှတ်တော် တရားသူကြီး ဦးခင် မောင်ဌေးနှင့် ရှမ်းပြည်နယ် ဥပဒေရုံး မှ ဥပဒေအရာရှိ ဒေါ်တင်တင်လှ၊ တရားခံအကျိုးဆောင် တရားလွှတ် တော်ရှေ့နေတို့က တရားခွင်အတွင်း စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
.
တရားခွင်အတွင်း၌ ဦးမိုးကျော်လွင်က ဖြေကြားရာတွင် လဝကဝန် ထမ်းများအနေဖြင့် နိုင်ငံသားကတ်၊ အိမ်ထောင်စုဇယား၊ မွေးတိုးစာရင်း များ ပြုလုပ်ပေးရာတွင် ငွေကြေး တောင်းခံရယူမှုအား အရေးယူပေး ရန် တိုင်ကြားစာနှင့် ပတ်သက်၍ စုံ စမ်းစစ်ဆေးရေး အဖွဲ့တွင် အဖွဲ့ဝင် အဖြစ် ပါဝင်ခဲ့ပါကြောင်း၊ သက်သေ နှင့် စွပ်စွဲခံရသူ စုစုပေါင်း ၅၉ ဦး တို့ အား စစ်ဆေးခဲ့ပြီးနောက် တာဝန််ပေး ချက်အရ ဇွန်လ ၁၂ ရက်တွင် လား ရှိုးမြို့မရဲစခန်း၌ လက်ထောက် လဝ ကမှူး ဦးထက်ဝင့်အောင်နှင့် ဒေါ်မာ ရှောက်ဆန်းတို့အား အရေးယူပေး ရန် တိုင်ကြားခဲ့ကြောင်း ထွက်ဆိုခဲ့ ကြောင်း သိရသည်။
.
ထို့နောက် ရှမ်းပြည်နယ်တရား လွှတ်တော်တရားသူကြီး ဦးခင်မောင်ဌေးမှ တရားလိုပြသက်သေ ဦးမိုးကျော်လွင်အား စစ်ဆေးပြီးနောက် အမှုအား နိုဝင်ဘာလ ၂၈/၂၉ ရက် တွင် ဆက်လက်စစ်ဆေးသွားမည် ဟု ကြေညာခဲ့သည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)