အောင်ပန်းတွင် စတုတ္ထအကြိမ်မြောက် မီးပုံးပျံပြိုင်ပွဲ ကျင်းပမည် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Saturday, November 9, 2019

အောင်ပန်းတွင် စတုတ္ထအကြိမ်မြောက် မီးပုံးပျံပြိုင်ပွဲ ကျင်းပမည်


စုလှိုင်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ က လောမြို့နယ်၊ အောင်ပန်းမြို့တွင် (၅၄) ကြိမ်မြောက် မဟာကထိန်ပွဲတော် အထိမ်းအမှတ်အဖြစ် စတုတ္ထ အကြိမ်မြောက် မီးပုံးပျံ ပြိုင်ပွဲကို အောက်တိုဘာလ ၁၂ ရက်၊ တန် ဆောင်မုန်း လပြည့်ကျော် တစ်ရက် မှ စတင်၍ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
.
.
"မီးပုံးပျံ အလုံးအရေအတွက်က တော့ လောလောဆယ် အတိအကျ မထွက်သေးဘူး။ ၁၀ လုံးပဲ စာရင်း ဝင်သေးတယ်။ ဆုကြေးငွေကတော့ ပထမဆု ၁၀ သိန်း၊ ဒုတိယဆု ၇ သိန်း၊ တတိယဆု ၄ သိန်း ချီးမြှင့် ပေးသွားမှာ ဖြစ်ပါတယ်” ဟု အောင် ပန်းမီးပုံးပျံပြိုင်ပွဲကျင်းပရေး ကော်မ တီမှ ဦးထွန်းနိုင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်းကဲ့သို့ မီးပုံးပျံပြိုင်ပွဲ ကျင်း ပရာတွင် ပါဝင်ယှဉ်ပြိုင်မည့် ပြိုင်ပွဲ ဝင်မီးပုံးပျံများ ကြိုတင်ပြင်ဆင်နေမှု အား အောက်တိုဘာလကုန် ပတ် အတွင်းက ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန်းထိုက်၊ အောင်  ပန်းမြို့၊ ဘုံကထိန်ပွဲတော် ကျင်းပရေး ကော်မတီဥက္ကဌ ဦးမျိုးဝင်း၊ မြို့အုပ် ချုပ်ရေးမှူး ဦးမြင့်ဇော်နှင့် သက် ဆိုင်ရာတာဝန်ရှိသူများမှ ကွင်းဆင်း စစ်ဆေး ကြည့်ရှုခဲ့ကြောင်းသိရ သည်။
.
ထို့အတူ နိုဝင်ဘာလ ၂ ရက် က မီးပုံးပျံပြိုင်ပွဲကျင်းပရာတွင် ဘေး အန္တရာယ် ကင်းရှင်းစေရေးနှင့် စနစ် တကျ လွှတ်တင်နိုင်ရေးအတွက် ကော်မတီတာဝန်ရှိသူများနှင့် မီးပုံး ပျံအဖွဲ့များ တွေ့ဆုံဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
.
အောင်ပန်းမြို့တွင် မဟာဘုံက ထိန်ပွဲတော်နှင့်အတူ မီးပုံးပျံပြိုင်ပွဲကို ၂၀၁၆ ခုနှစ်မှ စတင်ကျင်းပခဲ့ရာ ယခုနှစ်တွင် စတုတ္ထအကြိမ်မြောက် ရှိ ခဲ့ပြီဖြစ်ကာ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် က ပြိုင်ပွဲဝင်မီးပုံးပျံ ၁၂ လုံး ပါဝင် ယှဉ်ပြိုင် လွှတ်တင်ခဲ့ကြပြီး ပြိုင်ပွဲ ဝင် မီးပုံးပျံများအား ခေါင်အချင်း ပေ ၂၀ မှ ၂၄ ပေအထိ သတ်မှတ်ထားကာ ယမ်းပိဿာအချိန် အများဆုံး ပိဿာ  ၂၀ ထည့်သွင်းခွင့် ပြုထားကြောင်း သိရသည်။
.
အောင်ပန်းမြို့ စုပေါင်းမဟာဘုံ ကထိန်ပွဲတော်ကို တန်ဆောင်မုန်း လဆန်းအဖိတ်ရက်၊ နိုဝင်ဘာလ ၁၀ ရက်တွင် လှည့်လည်ကာ လပြည့် နေ့ နိုဝင်ဘာလ ၁၁ ရက်တွင် က ထိန်တရား နာယူမည်ဖြစ်ပြီး မီးပုံးပျံ ပြိုင်ပွဲကို နိုဝင်ဘာလ ၁၂ ရက်မှ ၁၄ ရက်အထိ ၃ ရက်ကြာ ကျင်းပပြု လုပ်သွားမည် ဖြစ်ကြောင်း သိရ သည်။
.
အောင်ပန်း မဟာဘုံကထိန်ပွဲ တော်အတွက် အထွေထွေ လေလံ ရောင်းချရငွေ ကျပ်သိန်း ၂၄၀ ရရှိ ထားပြီး ပွဲတော်ကုန်ကျစရိတ်များကို ယင်းလေလံငွေများဖြင့် သုံးစွဲသွား မည်ဖြစ်ကာ သီးခြားမတည်ငွေ ရရှိ ထားခြင်း မရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats