အောင်ပန်းတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(ဗဟို)မှ ရွေးကောက်ပွဲဆိုင်ရာ လူထု သဘောထား ရယူ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Friday, November 8, 2019

အောင်ပန်းတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(ဗဟို)မှ ရွေးကောက်ပွဲဆိုင်ရာ လူထု သဘောထား ရယူ

မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုရုံးတွင် နိုဝင်ဘာလ ၂ ရက်၊ နံနက်ပိုင်းက ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဗဟိုဌာနချုပ်မှ ကလောမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၆ စုရှိ ဒေသခံများနှင့် တွေ့ဆုံ၍ ရွေးကောက်ပွဲ ဆိုင်ရာ လူထုသဘောထား ရယူမှု ပြုလုပ်ခဲ့ ကြောင်း သိရသည်။
.
,
ထိုသို့တွေ့ဆုံရာတွင် PNO ဗ ဟိုဌာနချုပ်မှ ဦးခွန်စံလွင် (ပအိုဝ်းဒေ သဦးစီးဥက္ကဋ္ဌ)၊ ဦးခွန်လှဖေ (အမျိုး သား လွှတ်တော်ကိုယ်စားလှယ်) တို့က ကလောမြို့နယ်၊ အောင်ပန်း မြို့၊ နန်းတိုင်းကျေးရွာအုပ်စု၊ ပင်မှီ ကျေးရွာအုပ်စု၊ ဥသကံကျေးရွာအုပ်စု၊ ကျောက်ဆောင် မြေခြားကျေး ရွာအုပ်စု၊ ငုံးသုံကျေးရွာအုပ်စု၊ ငုတ် ကျေးရွာအုပ်စုများမှ ဒေသခံများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
.
ပဏာမအနေနဲ့ လူထုကို ချပြ ဆွေးနွေးတာပါ။ ကလောမြို့နယ်ထဲ မှာ ပအိုဝ်းလူမျိုး လူဦးရေက တတိယ အများဆုံးဖြစ်ပါတယ်။ ရွာပေါင်း ၈၅ ရွာမှာ လူဦးရေ ၄ သောင်းနီးပါး ရှိပါတယ်။ တခြား တောင်ရိုး၊ ဓနု၊ ရှမ်း၊ ပလောင် လူမျိုးတွေကလည်း နိုင်ငံရေးပါတီတွေ ရွေးကောက်ပွဲ ဝင်ဖို့ ရှိလာမှာဖြစ်တဲ့အတွက် တိုင်း ရင်းသား စည်းလုံးညီညွတ်ရေးကို အခြေခံပြီး ရွေးကောက်ပွဲ ဝင်နိုင်ဖို့ လူထုကို တွေ့ဆုံပြီး အများဆန္ဒ ခံယူခြင်းဖြစ်ပါတယ်" ဟု PNO အောင်ပန်းရုံးမှ ရုံးအဖွဲ့မှူး ဦးခွန်ကျော်သူက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ၎င်းတို့ဒေသအလိုက် တိုင်းရင်းသား ခေါင်းဆောင်များမှ ချမှတ်ပေးသည့် လူထု ကိုယ်စားလှယ်များကိုသာ ၂၀၂၀ ခုနှစ်အတွက် ဆန္ဒပြုသွားမည် ဖြည်သည်ဟု အများသဘောတူ ဆန္ဒပြုခဲ့ကြကြောင်း သိရသည်။
.
အခမ်းအနားတွင် ကလောမြို့ နယ် PNO ဥက္ကဋ္ဌ ဦးခွန်ထွန်းတင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပအိုဝ်းလူငယ်ကွန်ရက် (PYN) ဥက္က ဌ ခွန်ထွိုက်ခမ်း၊ ဟိုပုံးမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးခွန် အောင်ကျော်တို့က လွှတ်တော်အ တွေ့အကြုံ ပြန်လည်ရှင်းလင်းတင် ပြခြင်း၊ ဥပဒေရေးရာ၊ နိုင်ငံသား အ ခွင့်အရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ပါတီဖွဲ့စည်းပုံနှင့် အခြေခံမူများ၊ အ ခွန်ဆိုင်ရာ ကိစ္စရပ်တို့ကို ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
,
ထို့အတူ ပအိုဝ်းအမျိုးသား အ ဖွဲ့ချုပ်၊ သုတေသနဌာနမှ တက် ရောက်လာသူများက ဒေသများတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး လိုအပ် ချက် အစစ်အမှန်များကိုစစ်တမ်း ကောက်ယူကာလာမည့် ၂၀၂၀ ရွေး ကောက်ပွဲတွင် အနိုင်ရ ကိုယ်စား လှယ်များအား ပေးပို့အထောက်အ ကူပြုသွားရန် လုပ်ဆောင်ခဲ့သည်ဟု ယင်းအဖွဲ့မှ ခွန်ဝင်းနိုင်ထံက သိရသည်။
.
"လူထုအသံ အစစ်အမှန်သိပြီး လိုအပ်တာတွေ ဖြည့်ဆည်းလုပ် ဆောင်ပေးနိုင်ဖို့ ကူညီတဲ့အနေနဲ့ ဒီလိုစစ်တမ်း ကောက်ယူတာ ဖြစ် ပါတယ်`ဟု ခွန်ဝင်းနိုင်က ပြော သည်။
.
ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် (PNO)သည် တောင်ကြီးမြို့၊ စျေး ပိုင်းရပ်ကွက်တွင် ဌာနချုပ်ရုံး ဖွင့် လှစ်ထားရှိပြီး ၂၀၁၀ ပြည့်နှစ်၊ မေ လ ၁၃ ရက်တွင် ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်၏  ပါတီမှတ် ပုံတင်အမှတ် (၅)ဖြင့် နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင် ခွင့်ပြုချက်ရရှိထား သော နိုင်ငံရေးပါတီဖြစ်သည်။ ပါတီ အနေဖြင့် ၂၀၁၅ ခုနှစ်၊ ပြည်လုံးကျွတ် အထွေထွေ ရွေးကောက်ပွဲ၌ အမျိုး သားလွှတ်တော် ကိုယ်စားလှယ် ၁ နေရာ၊ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ၃ နေရာနှင့် ရှမ်းပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ၆ နေရာ အ နိုင် ရရှိထားပြီး ပါတီဝင် အင်အား ၈၀၀၀၀ ခန့်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats