ဒီဇင်ဘာ အားကစားလနှင့် ကျန်းမာရေး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Saturday, November 30, 2019

ဒီဇင်ဘာ အားကစားလနှင့် ကျန်းမာရေး


ကျော်လင်းထွန်း (ချောင်းဦး)
.
Health can not be bought လို့ပဲဆိုဆို၊ အာရောဂျံပရမံ လာဘံ=ကျန်းမာခြင်းသည် လာဘ်တစ်ပါး လို့ပဲပြောပြော ကျန်း မာရေးဟာ အရေးကြီးလှပါတယ်။ စည်းစိမ်ဥစ္စာမည်မျှပင်ကြွယ် ဝချမ်းသာပါစေ၊ ကျန်းမာရေးချို့တဲ့နေလျှင် ဘဝဟာ မပြည့်စုံ တော့ပါဘူး။ လူအများစုဆိုတာဟာလည်း နေထိုင်ကောင်းနေသ ရွေ့ ကျန်းမာရေးကို အာရုံမစိုက်ကြပါဘူး။ အထူးသဖြင့် စာရေး သူတို့တို်င်းပြည်လို ဖွံ့ဖြိုးဆဲတိုင်းပြည်တွေအနေနဲ့ ကျန်းမာရေး နဲ့ ပတ်သက်တဲ့အသိပညာ ဗဟုသုတ လေ့လာလိုက်စားမှု၊ ကိုယ်လက်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အသိပညာ ဗဟုသုတ လေ့လာလိုက်စားမှု၊ ကိုယ်လက်ကျန်းမာကြံံ့ခို်င်ရေးအတွက် ဘ ဝနေနည်းနဲ့ အစားအသောက်မှန်ကန်မှုတွေ အလွန်အားနည်း နေပါတယ်။
.
ကျန်းမာရေးနဲ့ ပတ်သက်တဲ့ စာအုပ်တွေအများကြီးပါပဲ။ အရင်ထုတ်တဲ့ ကာယကြံ့ခိုင်ရေးကျမ်းစာအုပ်တွေ၊ တိုင်းရင်း ဆေးစာအုပ်တွေကို ပြန်ရိုက်ထုတ်ဝေ ဖြန့်ချိနေသလို၊ ခေတ်မီ ဆေးဝါးနှင့် ခေတ်နှင့်လျော်ညီသော ဘဝနေနည်း၊ ကျန်းမာရေး စောင့်ရှောက်မှု စာအုပ်အသစ်တွေလည်း အများအပြားကိုထွက် နေပါတယ်။ သို့သော် လူအများစုဟာ ကိုယ်ကျန်းမာနေသရွေ့ ကျန်းမာရေးကို မေ့နေကြပါတယ်။ ကွေးသောလက်မဆန့်မီ၊ ဆန့်သောလက်မကွေးမီ ဆိုတာကိုမေ့နေကြပြီး နေထိုင်မ ကောင်းကြတဲ့အခါမှသာ ကျန်းမာသောဘဝနေနည်းတွေကို သတိပြုမိကြပြီး အဖေကယ်ပါ၊ အမေကယ်ပါ ဖြစ်ကုန်ကြပါ တယ်။ ဒါဟာမှားနေပါတယ်။
.
Protection is better than curing ပါ။ ရောဂါဖြစ်မှ၊ နေမ ကောင်းမှ ကုသတာထက် ရောဂါမဖြစ်ခင်၊ နေထိုင်မကောင်းမ ဖြစ်အောင် ဂရုတစိုက်နေထိုင်ကာကွယ်ခြင်းက ပိုကောင်းပါ တယ်။ ခန္ဓာကိုယ်ရဲ့ ကျန်းမာကြ့ံခိုင်မှုလိုသလို ကာယကံရှင်ရဲ့ စိတ်ခံစားချက်နဲ့ ပတ်ဝန်းကျင်အပေါ်မူတည်နေပါတယ်။ ငယ် ရွယ်စဉ်က လှုပ်ရှားလှုပ်ရှား၊ ဖျတ်ဖျတ်လတ်လတ်နေဖို့လိုသ လို အသက်အရွယ်ကြီးရင့်လာလျှင်လည်း၊ လန်းဆန်းတက်ကြွ စွာ နေထိုင်တတ်ဖို့ လိုပါတယ်။ မဟုတ်ပါက ကိုယ့်ခန္ဓာကိုယ်က ချည့်နဲ့နေသလိုလို၊ ကျန်းမာရေးကပင် ဓာတ်ခံမကောင်းသလိုလို ထင်နေပါက စိတ်ကြောင့်ပင် ခန္ဓာကိုယ်မကျန်းမမာ ဖြစ်လာ တတ်ပါတယ်။
.
ဒီဇင်ဘာတစ်လတည်းကိုပဲ အားကစားလ မသတ်မှတ်စေ ချင်ပါဘူး၊ တစ်နှစ်တာ၏ တစ်ဆယ့် နှစ်လကိုပင် ကျန်းမာရေးလ၊ အားကစားလဟု သတ်မှတ်ပြီး ကိုယ်လက်ကြံ့ခိုင်ရေးလှုပ်ရှားမှု ပြုလုပ်ကြဖို့လိုပါတယ်။ ဧပြီလလို အလွန်ပူပြင်းတဲ့လတော့ အားကစားလမလုပ်ချင်နေပေါ့။ ကျန်းမာရေးလတော့ ကိုယ့်ခ န္ဓာကိုယ်အတွက် ကိုယ်တိုင်ကိုယ့်စိတ်နဲ့ သတ်မှတ်လို့ရပါတယ်။ ကိုယ်ထင်ကုတင်ရွှေနန်း လို့တောင်ဆိုရိုးရှိတယ် မဟုတ်ပါလား။ သို့သော်ဒီဇင်ဘာလက အင်မတန်အေးနေတော့ လူအများစုက အိပ်ရာထဲမှာပဲခွေ၊ အိပ်ရာထလျှင်ပျင်းတာကို ရှောင်ကြစေချင် လို့၊ သွေးလေလည်ပတ်မှု မှန်ကန်အောင် ကိုယ်လက်လှုပ်ရှား ကြဖို့ ရည်ရွယ်တာပါ။
.


.
တစ်နေ့က သူငယ်ချင်းဆရာမတစ်ယောက် အသက် ၃၀ နှစ်နဲ့ ဆုံးသွားပါတယ်။ အသည်းကင်ဆာလို့ပြောပါတယ်။ အဲ့ဒီ မှစကားကို ဆက်စပ်မိရင်း ကျွန်တော့်ငယ်ဆရာကြီးတစ်ဦး ဆုံး သွားတာကိုပါ တွေးနေမိပါတယ်။ အသည်းခြောက်တာ၊ အ သည်းမကောင်းတာဟာ (ငယ်စဉ်ကဗဟုသုတအရ) အရက် သောက်တာများတဲ့ အရက်သမားတွေမှာ အဖြစ်များတယ်လို့ပဲ သိခဲ့တာပါ။ အခုလက်တွေ့အရရော စာတွေ့အရရောကတော့ ကိုယ်လက်လှုပ်ရှားနည်းတဲ့လူတွေ၊ ဆီးသွားဖို့ထရမှာ အဆင်မ ပြေတဲ့အခါ အောင့်ထားတာများတဲ့လူတွေ၊ instant တွေနဲ့ che mical တွေအစားများတဲ့ မိန်းကလေးတွေတောင် အသည်းမ ကောင်းတာဖြစ်တတ်ပါတယ်တဲ့။ မွေးရာပါအသည်းအားနည်း တဲ့ သူကတော့အနည်းစုရှိတာက ထုံးစံပေါ့လေ။
.

နေ့ကိုလို ဝါဆို၊ ညကိုလိုပြာသိုဟုဆိုသော ဆိုရိုးနဲ့အညီပါ ပဲ ပြာသိုလနဲ့ ဒီဇင်ဘာလက အတူတူကျနေတာများတယ်ဆို တော့ ဒီဇင်ဘာလက ညတာရှည်ပါတယ်။ ညနေ ၅ နာရီကျော် ရင် နေဝင်ပြီး၊ မနက် ၆ နာရီကျော်မှ အရုဏ်ပျိုးဆိုတော့ ညတာ တော်တော်ရှည်တာပါ။ အေးကလည်း အေးသမှ။ ဒီလိုရာသီမျိုး မှာ သူသူကိုယ်ကိုယ်လူအများစုဆိုတာ အိမ်ထဲကနေ အိမ်ပြင် ထွက်ဖို့နေနေသာသာ စောင်ခြုံထဲကနေထွက်ဖို့တောင် အင်မ တန်အေးလွန်းလို့ အပေါ့အပါး( တပိုတပါး) သွားဖို့အောင့်ထား ကြပါတယ်။ ဆီးထဲမှာက ခန္ဓာကိုယ်အတွက် အထူးသဖြင့် ကျောက်ကပ်အတွက်၊ ပြီးတော့အသည်းအတွက် မလိုလားအပ် တဲ့ အနည်တွေဟာ ဆီးအိတ်ထဲမှာ လိုအပ်တဲ့အချိန်အပိုင်းအ ခြားထက် ပိုနေရင် ပြန့်ပွားများပြားလာတတ်ပါတယ်။ ထားပါ။ ဒီအနည်မရှိသေး၊ မစုသေးတောင်မှ ဝမ်းတွင်းအပူချိန် (ကိုယ် တွင်းအပူ) တွေများနေပြီး အပူကန်တာတွေဖြစ်တတ်ပါတယ်။ Strees ulcer ရဲ့ တစ်စိတ်တစ်ဒေသပေါ့။ ဒါ့ကြောင့်ဆောင်းရာ သီမှာ အပြင်ဘက်ကမည်မျှပင်အေးနေပါစေ။ ဆီးသွားချင်လာ ရင်တော့ ထပြီးသွားသင့်ပါတယ်။ ဒါ့ကြောင့် ကိုယ်လက်လှုပ်ရှား ဖို့၊ ဖျတ်လတ်တက်ကြွစွာနေဖို့ အထူးသဖြင့် ဒီဇင်ဘာလလို အေးတဲ့ရာသီမှာ ပိုလိုအပ်တာပါ။
.
လူ့ရဲ့ခန္ဓာကိုယ်အတွင်း သွေးလေလည်ပတ်မှု ကောင်းမွန် မှန်ကန်ဖို့ အလွန်အရေးပါဆုံးက ကိုယ်လက်လှုပ်ရှား အားက စားဖြစ်ပြီး၊ အစားအသောက်နဲ့ ပတ်ဝန်းကျင်လည်း အရေးပါ တာပေါ့။ စောစောအိပ်လို့၊ စောစောထလို့၊ စောစောလမ်း လျှောက်ကြပါစို့ ဆိုတဲ့ ကျန်းမာရေး နှိုးဆော်တဲ့ဆောင်ပုဒ်ဟာ ဒီဇင်ဘာလမှာတော့ဖြင့် မကြားရရင် မပြည့်မစုံဖြစ်ရပြီး တစ်ခုခု လိုနေသယောင် ထင်ရတဲ့ ဆောင်ပုဒ်ဖြစ်ပါတယ်။ ကိုယ်လက် လှုပ်ရှား အားကစားလုပ်ပြီးတာနဲ့ စွမ်းအင်ပြောင်းလဲခြင်းတွေ ဖြစ်ပေါ်လာပြီး ခန္ဓာကိုယ်က မလိုအပ်တာတွေ ပယ်ပါတယ်။ လိုအပ်တာကို ဖြည့်ဆည်းနိုင်သလောက် ဖြည့်ဆည်းပေးပါ တယ်။
.
ကျန်းမာအောင် တစ်နေ့ခြေလှမ်း ၈၀၀၀ လှမ်းပါတဲ့။ ဒါက တော့ဒီဇင်ဘာလရယ်မှ မဟုတ်ပါဘူး။ ဘယ်လဖြစ်ဖြစ်ပါ။ ဒါပေ မယ့်လူရဲ့သဘောက ပူနေတဲ့အချိန်နွေရာသီမှာကျတော့ ချွေး ထွက်မှာစိုးလို့ လမ်းမလျှောက်ချင်ကြဘူး။ မိုးရာသီကျပြန်တော့ စိုစိုစွတ်စွတ်ကြီး၊ ရွှံ့တွေဗွက်တွေနဲ့ဆိုပြီး မလျှောက်ချင်ကြပြန် ဘူး။ ဒါ့ကြောင့်ဆောင်းရာသီကဖြင့် မိုးလွတ်ရွှံ့လွတ်ဆိုပြီး ချွေး လွတ်ဆိုပြီး လမ်းလေးဘာလေးများလျှောက်ကြမလားဆိုပြီး ကိုယ်ခန္ဓာသန်စွမ်းစေဖို့၊ စိတ်နှလုံးရွှင်ပြုံးစေဖို့၊ သူငယ်ချင်းအ ပေါင်းသင်းများနဲ့ ပျော်ဖို့ရွှင်ဖို့၊ ကျန်းမာစေဖို့။ ဆိုပြီး နှိုဆော်သံ နဲ့ လမ်းလျှောက်ဖို့ တိုက်တွန်းနေကြရတာပါ။ ဒါနဲ့တောင်ချမ်း လို့၊ အေးလို့ဆိုပြီးစောင်ခြုံထဲက မထွက်ချင်သူက ရှိနေပါသေး တယ်။
.
တကယ်တော့ ကျန်းမာရေးကောင်းဖို့ဆိုတာ ဆောင်ရန်ရှိ သလို၊ ရှောင်ရန်လည်းရှိပါသေးတယ်။ ခေတ်ရေစီးကြောင်းအရ အရက်ဆိုတာ အင်မတန်ပေါလွန်းနေပါတယ်။ နိုင်ငံတော်ရဲ့ ပ ညာရေးနိမ့်ကျမှုနဲ့ လူအများစုရဲ့ စာအုပ်စာပေလေ့ဖတ်ရှုလေ့ လာခြင်း အားနည်းမှုကြောင့် စာအုပ်ဖိုးတော့ပိုက်ဆံမရှိကြဘဲ အရက်၊ ဘီယာ ဖိုးတော့ဖြင့် ပိုက်ဆံရှိနေကြပါတယ်။ စာအုပ်အ ငှားဆိုင်သာ မရှိသလောက်ရှားသွားပြီး အရက်၊ ဘီယာဆိုင်က တော့ လက်ညှိုးထိုးမလွဲ မှိုလိုပေါက်နေပါတော့တယ်။ သင်္ကြန် ကာလမှာ အချမ်းပြေစားသောက်တတ်တဲ့ သူတွေအတွက် ဆောင်းရာသီဆိုတာ သူတို့စကားနဲ့ဆို ရာသီဥတုကိုက သူတို့ ဘက်ပါနေတာပါ ပေါ့လေ။ အချမ်းလေးပျောက်အောင် လမ်းက လေးလျှောက်ပါလားလို့ အကြံပေးလည်း ကျန်းမာရေးမလိုက် စားသူတွေအတွက် အပိုဖြစ်နေတတ်ပါသည်။
.
ဒီဇင်ဘာလ အပါအဝင် ဆောင်းရာသီဆိုတာ သစ်သီးဝလံ အသီးအနှံ ပေါများလှတဲ့ ရာသီဖြစ်ပါတယ်။ လတ်လတ်ဆတ် ဆတ်လန်းလန်းဆန်းဆန်းနဲ့ ကြိုက်ရာရွှေးပါပဲ။ ဒါဟာ လူသား တွေအတွက်သဘာဝရဲ့ လက်ဆောင်မွန်ပါ။ ဒီအချိန်မှာ သဘာ ဝအစားအစာ စားတဲ့အကျင့်ကို တစ်ခါတည်းကျင့်ပြီး၊ ဆောင်း ကုန်နွေကူးလည်း အကျင့်မပျက်၊ မိုးတွင်းလည်း ထိန်းသိမ်းနိုင် မယ်ဆို ဘဝတစ်လျှောက် ကိုယ်ကျန်းမာနေမှာဖြစ်ပါတယ်။ စိတ်ချမ်းသာမှုဆိုတာ ကိုယ်ကျန်းမာမှုနဲ့ ပိုပြီးသက်ဆိုင်ပါတယ်။ တစ်စိတ်တစ်ဒေသကတော့ဖြင့် စိတ်ထောင်းလို့ကိုယ်ကျေ ဆို သလို စိတ်ခံစားချက်ကြောင့်ပေါ့လေ။
.
ကျန်းမာရေးဆိုတာ အတတ်ပညာ၊ အသိပညာလားလို့ တစ်ခါတစ်ခါ စဉ်းစားမိပါတယ်။ နေကောင်းကျန်းမာအောင် နေ ဖို့က အသိပညာဖြစ်ပြီး၊ နေမကောင်းမကျန်းမာရင် ကုသဖို့က အတတ်ပညာပါပဲ။ ကျန်းမာအောင်နေကြဖို့ ပျင်းရိမှုကို ဖျောက် ဒီဆောင်း၊ အခုဒီဇင်ဘာလကစလို့ ကိုယ်လက်လှုပ်ရှား အားက စားကို ရာသီမရွှေးပြုလုပ်ကြပြီး ဆောင်ရန်ရှောင်ရန်များ၊ ဗဟု သုတများအတွက် ကျန်းမာရေးစာပေဖတ်ရှုပြီး လိုက်နာစေချင် ကြောင်းပါဗျာ။

No comments:

Post a Comment

Journal Download

Photo of three cats