တောင်ကြီးတန်ဆောင်တိုင်တွင် မီးပုံးပျံအဖွဲ့အချို့ ဝင်မပြိုင်တော့သဖြင့် ပြိုင်ပွဲဝင် မီးပုံးပျံ အရေအတွက် နည်းပါးသွား - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Friday, November 1, 2019

တောင်ကြီးတန်ဆောင်တိုင်တွင် မီးပုံးပျံအဖွဲ့အချို့ ဝင်မပြိုင်တော့သဖြင့် ပြိုင်ပွဲဝင် မီးပုံးပျံ အရေအတွက် နည်းပါးသွား


ခွန်သက်ထူး
.
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တော် တန်ဆောင်တိုင်ပွဲတော်ကို လာမည့် နိုဝင်ဘာလ ၄ ရက်မှ ၁၂ ရက် အထိ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ပြီး ယခင် နှစ်စဉ် ယှဉ်ပြိုင်မြဲဖြစ်သည့် မီးပုံးပျံအဖွဲ့အချို့ ဝင်ရောက် ယှဉ်ပြိုင်ခြင်း မရှိတော့သဖြင့် ပြိုင်ပွဲ ဝင်မီးပုံးပျံ အရေအတွက် နည်းပါးခဲ့ကြောင်း သိရသည်။
.
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် တောင်ကြီးတန်ဆောင်တိုင်ပွဲတော် မီးပုံးပျံ ပြိုင်ပွဲတွင် မီးပုံးပျံအဖွဲ့ စုစုပေါင်း ၄၁၄ ဖွဲ့ ပါဝင် ယှဉ်ပြိုင်ခဲ့ပြီး ယခုနှစ်တွင် မီးပုံးပျံ စုစုပေါင်း ၃၉၄ ဖွဲ့သာ ပါဝင် ယှဉ်ပြိုင်သွားမည်ဖြစ်ကာ မီးပုံးပျံ အ လုံးရေ ၂၀ ထိ လျော့နည်းခဲ့ခြင်း ဖြစ် ပြီး ညမီးကြီး မီးပုံးပျံ ၂ လုံးနှင့် စိန်နား ပန်မီးပုံးပျံ ၈ လုံး၊ နေ့လွှတ်အရုပ် ၁၀ လုံး လျော့နည်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ယခုနှစ် မီးပုံးပျံပြိုင်ပွဲ၌ ညမီး ကြီးမီးပုံးပျံ ၇၉ လုံး၊ စိန်နားပန် ၃၆ လုံး၊ နေ့လွှတ် အရုပ် ခြေ ၂ ချောင်း ၁၅၀ လုံး၊ ခြေ ၄ ချောင်း ၉၄ လုံး၊  အုပ်စု ၃၅ အုပ်စု၊ စုစုပေါင်း ပြိုင်ပွဲ ဝင်မီးပုံးပျံအဖွဲ့ ၃၉၄ ဖွဲ့ ပါဝင် ယှဉ် ပြိုင်လွှတ်တင်သွားမည် ဖြစ်ကြောင်း သိရသည်။
.
" မီးပုံးပျံကတော့ နည်း သွားတယ်။ စီးပွားရေး အခြေအနေကြောင့် လည်း ဖြစ်နိုင်တယ်။ အရင် ပြိုင်နေ ကျ မီးပုံးပျံ အဖွဲ့တွေက မဝင်ပြိုင် တော့ဘဲ အသစ်တွေ ထပ်တိုးလာ တယ်။ မပြိုင်ဖြစ်တော့တာကလည်း စီးပွား ကြပ်တည်းလို့ ဖြစ်မှာပါ"ဟု ရှမ်းပြည်နယ်ရိုးရာ မီးပုံးပျံပညာရှင် များအသင်းဥက္ကဌ ဒေါက်တာသန်း ဝင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.

ညမီးကြီး မီးပုံးပျံများတွင် အဓိက အသုံးပြုရသည့် ပိုတက်ယမ်းဈေး အဆမတန် မြင့်တက်မှုကြောင့် ယင်းကဲ့သို့ ပြိုင်ပွဲဝင် မီးပုံးပျံအဖွဲ့ နည်းပါးသွားရခြင်း ဖြစ်သည်ဟု လည်း သိရသည်။
.
မီးပုံးပျံ စလုပ်တဲ့အချိန်က တ ရုတ်-မြန်မာ ကုန်သွယ်ရေးလမ်း ကြောင်းမှာ စစ်ဖြစ်နေတော့ ယမ်း ဈေးက တက်လာတယ်။ အခုတော့ အရင်နှစ်ဈေးအတိုင်း ပုံမှန်ပြန်ဖြစ် သွားပါပြီ။ ဈေးတက်တယ် ဆိုတာ ကလည်း ပိုတက် တစ်ခုပါပဲ။ ကျန်တဲ့ ဈေးတွေကတော့ ပုံမှန်ပါပဲဟု ရှမ်း ပြည်နယ် ရိုးရာမီးပုံးပျံပညာရှင်များ အသင်းမှ ဦးသန်းဇော်က ကမ္ဘောဇ တိုင်းသို့ ပြောသည်။
.
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ မီးပုံးပျံ များ စတင်ပြင်ဆင်ဆောင်ရွက်သည့် အချိန်က ပိုတက် ယမ်းတစ်အိတ် လျှင် ကျပ် ၂ သိန်းကျော်ခန့်သာရှိ ခဲ့သော်လည်း ယခုနှစ်တွင် တစ် အိတ်လျှင် ကျပ် ၅ သိန်းကျော် အ ထိ ဈေးမြင့်တက်ခဲ့ပြီး အခြားဘေ ရီယမ်၊ စထရွန်တီယမ်၊ ကန့်၊ ငွေမင် နှင့် ဒုတ္တာတို့မှာ ဈေးနှုန်းသိသိသာ သာမြင့်တက်ခြင်း မရှိကြောင်း သိရ သည်။
.
ထို့အပြင် စီးပွားရေး လုပ်ငန်း ကြော်ငြာများအတွက် ပြုလုပ်သော မီးပုံးပျံများကို ဆုပေးခြင်းနှင့် မီးပုံး ပျံအဖွဲ့များအပေါ် တာဝန်ရှိသူများ က ခွဲခြားဆက်ဆံမှု ရှိနေခြင်းများက လည်း မီးပုံးပျံ အရေအတွက် နည်း ပါးလာရခြင်းနှင့် သက်ဆိုင်ကြောင်း တောင်ကြီးမြို့မှ မီးပုံးပျံ အဖွဲ့ဝင် တစ်ဦးက ပြောသည်။
.
ယခင် ၂၀၁၈ ခုနှစ် တောင်ကြီး တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲ တွင် ညလွှတ်မီးပုံးပျံ စုစုပေါင်း ၁၂၃ လုံးနှင့် နေ့လွှတ်အရုပ် မီးပုံးပျံ စုစု ပေါင်း ၂၉၁ လုံး၊ စုစုပေါင်း ၄၁၄ လုံး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ယခုနှစ်တွင် ညလွှတ်မီးပုံးပျံ ၁၁၅ လုံးနှင့် နေ့ လွှတ် မီးပုံးပျံ ၂၇၉ လုံး၊ စုစုပေါင်း ၃၉၄ လုံးသာ ဝင်ရောက်ယှဉ် ပြိုင်ကြ သည့်အတွက် ညလွှတ် မီးပုံးပျံအ ရေအတွက် လျော့နည်းကျဆင်းခဲ့ ခြင်း ဖြစ်သည်။
.
ယခုနှစ် တောင်ကြီးတန်ဆောင် တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲတွင် တောင် ကြီးမြို့ခံ မီးပုံးပျံအဖွဲ့ အချို့ ယှဉ် ပြိုင် လွှတ်တင်ခြင်း မပြုတော့သော်လည်း ရွှေညောင်၊ ညောင်ရွှေ၊ ပင်း တယ၊ ရွာငံ၊ ဟိုပုံး၊ ဆီဆိုင်၊ နောင် တရားမြို့များမှ ပြိုင်ပွဲဝင် မီးပုံးပျံ အဖွဲ့များ လာရောက် လွှတ်တင် ယှဉ်ပြိုင်ကြသဖြင့် မီးပုံးပျံ အရေ အ တွက် အလုံး ၂၀ သာ လျော့နည်း  ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
တောင်ကြီးတန်ဆောင်တိုင် ပွဲတော်၌ မီးပုံးပျံပြိုင်ပွဲအပြင် မီး ပဒေသာ လှည့်လည်ပူဇော်ပွဲ၊ မသိုး သင်္ကန်း  ရက်လှူပူဇော်ပွဲ၊ မြို့လုံးကျွတ် ကထိန်လှည့်လည်ပွဲ၊ ဓါတ်ပုံ ပြိုင်ပွဲ အစရှိသည့် ပြိုင်ပွဲမျာကို နှစ်စဉ် အစဉ်အလာမပျက် ထည့်သွင်းကျင်း ပသွားမည်ဖြစ်ပြီး မီးပုံးပျံပြိုင်ပွဲ အ တွက် ဆုချီးမြှင့်ငွေများကိုလည်း ယ ခင်နှစ်ထက် တိုးမြှင့် ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats