ရပ်စောက်တွင် သားအရင်းမှ မိခင်ဖြစ်သူအား တုတ်ဖြင့်ရိုက်သတ် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Tuesday, October 15, 2019

ရပ်စောက်တွင် သားအရင်းမှ မိခင်ဖြစ်သူအား တုတ်ဖြင့်ရိုက်သတ်


ထမံသီ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စု၊ ဝါးပြား ကျေးရွာတွင် အောက်တိုဘာလ ၁၄ ရက်က သားအရင်းမှ မိခင်ဖြစ်သူအား တုတ်ဖြင့်ရိုက်သတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.
ဝါးပြားကျေးရွာနေ လောကနတ် ဆိုသူသည် အောက်တိုဘာလ ၁၄ ရက်၊ ညနေပိုင်းက နွားကျောင်းရာမှ နေအိမ်သို့ ပြန်လာစဉ် မိခင် ဒေါ်လချလ်မီး (ခ) ဒေါ်မာယာအား မတွေ့ရှိသဖြင့် လိုက်လံရှာဖွေရာ ယနေ့ အောက်တိုဘာလ ၁၅ ရက်၊ နံနက် ၆ နာရီခန့်တွင် တဲအနောက်ဘက် ပေ ၃၀ ခန့်အကွာရှိ ပြောင်းဖူးခင်းအတွင်း၌ ဒဏ်ရာများဖြင့် သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။
.
သတင်းအရ ရပ်စောက်မြို့မရဲစခန်းမှ နယ်ထိန်းအရာရှိ ဒုရဲအုပ် ငြိမ်းမင်းဟန်နှင့် ရဲတပ်ဖွဲ့ဝင်များမှ စုံစမ်း စစ်ဆေးခဲ့ရာ လူသတ်သူမှာ ဒေါ်မာယာ၏ သားအငယ် ဘိုက်တေး ဆိုသူဖြစ်ကြောင်း သိရှိရပြီး ထွက်ပြေး တိမ်းရှောင်နေသဖြင့် ဖော်ထုတ်ဖမ်းဆီးခဲ့ကြောင်း သိရသည်။
.
ဘိုက်တေး သည် အခင်းဖြစ်ချိန်တွင် မိခင်ဖြစ်သူနှင့် စကားများရန်ဖြစ်ရာမှ တဲပြတင်းပေါက်ထောက်သည့် တုတ်ဖြင့် ရိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
သို့ဖြစ်၍ မိခင်ဖြစ်သူအား တုတ်ဖြင့်ရိုက်သတ်ခဲ့သူ ဘိုက်တေးအား ရပ်စောက်မြို့မရဲစခန်းမှ (ပ) ၁၁၉/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats