WE ARE ONE CUP 2019 ဘောလုံးပြိုင်ပွဲတွင် ပေါင်းလောင်း FC အသင်း တစ်နိုင်ငံလုံး ချန်ပီယံအဖြစ် အနိုင်ရဗိုလ်စွဲ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Monday, October 7, 2019

WE ARE ONE CUP 2019 ဘောလုံးပြိုင်ပွဲတွင် ပေါင်းလောင်း FC အသင်း တစ်နိုင်ငံလုံး ချန်ပီယံအဖြစ် အနိုင်ရဗိုလ်စွဲ


စိုင်းအောင်မြတ် (တောင်ကြီး)
.
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် Myanmar ကုမ္ပဏီတို့ ပူးပေါင်းကျင်းပသည့် WE ARE ONE CUP 2019 ဘောလုံးပြိုင်ပွဲ၊ နောက်ဆုံးဗိုလ်လုပွဲကို အောက်တိုဘာလ ၅ ရက်၊ ညနေပိုင်းက တောင်ကြီးမြို့၊ ပြည်နယ် အားကစားကွင်းတွင် ကျင်းပရာ ပေါင်းလောင်း FC ဘောလုံးအသင်းက သုနန္ဒာခမ်းတန်ဘောလုံးအသင်းကို (၅-၄) ဂိုးဖြင့် အနိုင်ရပြီး တစ်နိုင်ငံလုံးချန်ပီယံဆုကို ရရှိခဲ့ကြောင်း သိရသည်။
.

.
ဗိုလ်လုပွဲအပြီးတွင် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေး ဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ ညီညီအောင်၊ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးခွန်အောင်ကျော်၊ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော် ကျော်သိန်း၊ Myanmar ကုမ္ပဏီလီမိတက်မှ ဈေးကွက်ဒါရိုက်တာ ဒေါ်မြစိမ်းရည်၊ အထွေထွေအရောင်းမန်နေ ဂျာ ဇင်ယုနှင့် တာဝန်ရှိသူများက တစ်ဦးးချင်းဆုတံဆိပ်၊ ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလားတို့ကို ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။
.
WE ARE ONE CUP 2019 ဘောလုံးပြိုင်ပွဲများကို ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ လားရှိုး၊ ပခုက္ကူ၊ တောင်ငူ၊ တောင်ကြီးမြို့များတွင် ကျင်းပခဲ့ရာ ဘောလုံးအသင်းစုစုပေါင်း ၂၈၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ယင်းမြို့ကြီး ၈ မြို့မှ အနိုင်ရအသင်း ၈ သင်းတို့က ရှုံးထွက် ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်၊ ဖိုင်နယ် စသည် ဖြင့် အဆင့်ဆင့် ယှဉ်ပြိုင်ခဲ့ပြီး ပေါင်းလောင်း FC အသင်းက တစ်နိုင်ငံလုံး ချန်ပီယံအဖြစ် အနိုင်ရဗိုလ်စွဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats