တပ်မတော်၏ အပစ်ရပ် ၉ လတာ အတွင်း၌ တိုက်ပွဲပေါင်း ၂၈၂ ကြိမ် ဖြစ်ပွားခဲ့ - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

COVID-19

Photo of three cats

Sunday, October 27, 2019

တပ်မတော်၏ အပစ်ရပ် ၉ လတာ အတွင်း၌ တိုက်ပွဲပေါင်း ၂၈၂ ကြိမ် ဖြစ်ပွားခဲ့


ဇေယျာ
.
တပ်မတော် တိုင်းစစ်ဌာနချုပ် နယ်မြေ ၅ ခုအတွင်း၌ အပစ်အခတ် ရပ်စဲထားသည့် ၉ လတာကာလအတွင်း တိုက်ပွဲဖြစ်ပွားမှု အကြိမ်ပေါင်း ၂၈၂ ကြိမ် ဖြစ်ပွားခဲ့ကြောင်း တပ်မတော်သတင်း မှန်ပြန်ကြားရေးအဖွဲ့၏  တပ်မတော် စစ်သမိုင်းပြတိုက်၊ နေပြည်တော်၌ အောက်တိုဘာလ ၂၆ ရက်၊ နေ့လယ်ပိုင်းက ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဥက္ကဌ ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောဆိုခဲ့သည်။
.
တပ်မတော်၏ အပစ်အခတ် ရပ်စဲရေးကာလမှာ ပြီးခဲ့သော စက်တင်ဘာလ ၂၁ ရက်က ၉ လ ပြည့်ခဲ့ခြင်း ဖြစ်ပြီး ယင်းကာလ အတွင်း၌ တပ်မတော်နှင့် တိုင်းရင်းသားလက်နက် ကိုင်များအကြား တိုက်ပွဲဖြစ်ပွားမှု ၂၃၇ ကြိမ်၊ တိုင်းရင်းသား လက်နက်ကိုင်များ အချင်းချင်း တိုက်ပွဲ ဖြစ်ပွားမှု ၄၅ ကြိမ်၊ စုစုပေါင်းတိုက်ပွဲ ဖြစ်ပွားမှု ၂၈၂ ကြိမ် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။
.
တပ်မတော်အနေဖြင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် တြိဂံဒေသတိုင်း စစ်ဌာနချုပ်တို့တွင် အပစ်အခတ် ရပ်စဲကြောင်းအား ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်တွင် စတင်ကြေညာခဲ့ခြင်း ဖြစ်သည်။
.

ယင်း အပစ်အခတ် ရပ်စဲရေး ကာလအတွင်း၌ တိုက်ပွဲဖြစ်ပွားမှု ၂၈၂ ကြိမ် ဖြစ်ပွားခဲ့သည့် အပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များ အနေဖြင့် နယ်မြေ ကျော်လွန် လှုပ်ရှားမှု ၇၅၄ ကြိမ်၊ ဆက်ကြေး ကောက်ခံမှု ၇၈ ကြိမ်၊ လူသစ် စု ဆောင်းမှု ၁ဝ၅ ကြိမ် အသီးသီး ဖြစ်ပေါ်ခဲ့ပြီး တပ်မတော်နှင့် တိုက် ပွဲဖြစ်ပွားမှု အများဆုံးအဖွဲ့မှာ ၇၅ ကြိမ်ဖြင့် TNLA အဖွဲ့ဖြစ်ကာ၊ လက် နက်ကိုင် အဖွဲ့အချင်းချင်း တိုက်ပွဲ ဖြစ်ပွားမှု အများဆုံးအဖွဲ့များမှာ ၄၂ ကြိမ်ဖြင့် RCSS/SSA နှင့် SSPP/SSA အဖွဲ့ ဖြစ်ပြီး ၊ TNLA အဖွဲ့မှာ ၂၆၄ ကြိမ်ဖြင့် နယ်မြေကျော်လွန် လှုပ်ရှားမှု အများဆုံး လုပ်ဆောင်ခဲ့ ပြီး  ဆက်ကြေး ကောက်ခံမှု အများ ဆုံးအဖွဲ့မှာ RCSS/SSA အဖွဲ့ဖြစ်ပြီး ၃၂ ကြိမ် ဆောင်ရွက်ခဲ့ကြောင်း၊ လူ သစ်စုဆောင်းမှု အများဆုံးအဖွဲ့မှာ လည်း RCSS/ SSA အဖွဲ့ဖြစ်ပြီး ၃၅ ကြိမ် ဆောင်ရွက်ခဲ့ကြောင်း တပ်မ တော်သတင်းမှန်ပြန် ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် စိုးနိုင်ဦးက သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
.
ထို့အပြင် အပစ်ရပ်ကာလ ကျော်လွန်ပြီးနောက် စက်တင်ဘာလ ၂၂ ရက်မှ အောက်တိုဘာလ ၂၁ ရက် ထိ တစ်လတာ ကာလအတွင်း၌  တပ် မတော်နှင့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များအကြား တိုက်ပွဲဖြစ် ပွားမှု ၂၂ ကြိမ် ဖြစ်ပွားခဲ့ကာ တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့များ အ နေဖြင့် လူသစ်စုဆောင်းမှု ၁၅ ကြိမ်၊ ဆက်ကြေးကောက်ခံမှု ၂ ကြိမ် ပြု လုပ်ခဲ့ကြောင်းကိုလည်း ဗိုလ်ချုပ် စိုးနိုင်ဦးက ပြောဆိုခဲ့သည်။
.
သူတို့က တစ်ဖက်သတ် အပစ်အခတ် ရပ်စဲရေး ကြေညာပေမယ့်၊ နှစ်ဦးနှစ်ဖက် အပစ်ရပ်ဖို့ သဘောတူထားတာ မဟုတ်တဲ့ အချိန် ကာလမျိုးမှာ တိုက်ပွဲတွေကတော့ ရှိနေမှာပဲ။ ဘာနဲ့ သက်ဆိုင်တာလဲ ဆိုတော့၊ နယ်မြေ သတ်မှတ်ထားတာ မရှိတာပေါ့။ သူ့နယ်မြေ၊ ကိုယ့် နယ်မြေ ကိုယ်လှုပ်ရှားတဲ့ နယ်မြေ၊ သူလှုပ်ရှားတဲ့ နယ်မြေပေါ့၊ ကိုယ် နဲ့ သက်ဆိုင်တယ်၊ သူနဲ့သက်ဆိုင်တယ်ဆိုတဲ့ အငြင်းပွားနေတဲ့ အချိန်မျိုးမှာ တိုက်ပွဲတွေ ရှိနေတာ အံ့သြစရာ မဟုတ်ဘူးလို့ ထင်ပါတယ်။ဟု မြန်မာ့ငြိမ်းချမ်းရေး အခြေအနေအား လေ့လာသူ ဦးမောင်မောင်စိုးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ သတင်းစာ ရှင်းလင်းပွဲသို့ တပ်မတော်သတင်းမှန်ပြန်ကြားရေး ကော်မတီအဖွဲ့ဝင် ၁၅ ဦးနှင့် သတင်းမီဒီယာ ၂၁ ခုမှ သတင်းထောက် ၄၂ ဦး တက်ရောက်ခဲ့ကြသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats